ဝက်မှေးရွာမှာ အကြမ်းဖက်မှုများ မဖြစ်ရေး ဦးဝီရသူ သတိပေး

Wednesday, February 5, 2014


မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်က ဆရာတော် ဦးဝီရသူက စစ်ကိုင်းတိုင်း  ဝမ်ပေါင်ကြေးနီစီမံကိန်း ဒေသ ဝက်မှေး ကျေးရွာ မှာ အစိုးရက အကြမ်းဖက်ဖို့ ပြင်ဆင်နေမှုတွေကို ရပ်တန့်ဖို့ သတိပေးလိုက်ပါတယ်။ 


ဦးဝီရသူရဲ့ သတိပေး တိုက်တွန်းစာကို သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြထားတာ ကို ပြန်လည် ကူးယူဖော်ပြပေးလိုက်ပါတယ်။ 

“၀က်မှေးရွာ အကြမ်းဖက်ဖို့ ပြင်ဆင်နေမှုများ ရပ်တန်းမှ ရပ်လိုက်ပါ” 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း၊ ၀က်မှေး ရွာပိုင် လယ်/ယာများသို့ အလုံးအရင်းဖြင့် ကျူးကျော်ဝင်ရောက် သံဆူးကြိုးခတ်မှုများ ရပ်တန်းမှ ရပ်ကြရန် တိုက်တွန်းလိုက်သည်။ 

ဝက်မှေးကျေးရွာနှင့် အခြားရွာအချို့သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကော်မရှင် အစီအရင်ခံ စာ ကို သဘောတူညီကြသော ရွာများဖြစ်သည်။ အစီအရင်ခံစာပါအတိုင်း တန်ရာတန်ကြေး မပေး ဘဲ 
ဈေးနှိမ် ထား၍သာ ငွေများမထုတ်ယူကြသေးခြင်း ဖြစ်သည်။

ဖော်ဆောင်ရေး ကော်မတီအနေဖြင့် အစီရင်ခံစာပါအတိုင်း ပြည်သူ့လိုအပ်ချက်၊ ပြည်သူ့ ဆုံးရှုံးမှု၊ ပြည်သူ့ နစ်နာ မှုများကို အပြည့်အ၀ လိုက်လျောဖြည့်ဆည်းပြီးမှ ဆက်လက်အကောင်အထည်ဖော်ရမည် ဖြစ် သည်။ 

4.2.2014 မှစ၍ လုံခြုံရေးများ၊ နိုင်ငံခြားသား တရုတ်များ အပါအ၀င် တပ်နှင့် စက်ယန္တရားကြီးများ အလုံးအရင်းဖြင့် အင်အားသုံး အနိုင်ကျင့်မည့်ပုံစံမျိုး ချိုးလာသည်ကို တွေ့ရှိရသောကြောင့် ဌာနေပြည်သူ များ အထိတ်တလန့် ဖြစ်နေကြရပြီ ဖြစ်သည်။ ၎င်းကိစ္စအတွက် ဆန္ဒဖော်ထုတ်ပွဲများ ဆက်တိုက်ပြုလုပ်လာ သည့်အခါ အမှောင့်ပယောဂများ ပူးတွဲကပ်ပါလာပါက ဦးလှထွန်းကော်မတီမှာ တာဝန်ရှိကြောင်း ထပ်လောင်း သတိပေးလိုက်သည်။ 

ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်) 

5.2.2014 



ဆက်စပ်သတင်း

ဝမ်ပေါင် ကုမ္ပဏီ ဆန္ဒပြမှုဖြင့် လက်ပံတောင်း ဒေသခံ ၉ ဦး ထပ်မံ ဖမ်းဆီးခံရ

.



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved