ကြည်းတပ်၊ လေတပ် ပါဝင်တဲ့ စစ်ရေးလေ့ကျင့်မှု

Wednesday, February 26, 2014

~




 -
စစ်ပွဲတွေ ဖြစ်နေတဲ့ မြန်မာပြည်မှာ စစ်ရေးလေ့ကျင့်မှုကြီးတခု အင်္ဂါနေ့မနက်က ပြုလုပ်ခဲ့ပါတယ်။
စစ်ဖြစ်တာက အချင်းချင်းဖြစ်တာပါ။
အခု ကြည်းတပ်၊ လေတပ် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုကတော့ ပြည်ပက ကျူးကျော်လာတာကို တိုက်ထုတ်ဖို့ လေ့ကျင့်တာဖြစ်ဖွယ်ရှိပါတယ်။
လေ့ကျင့်မှုမှာ    "ရဟတ်ယာဉ်များ၊ တိုက်လေယာဉ် များဖြင့် ရန်သူ့ ပစ်မှတ်နေရာ အသီးသီးအား ကြိုတင် ချေမှုန်းခြင်း၊ အမြောက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊
အတွဲလိုက် ဒုံးများ ပစ်ခတ်ခြင်း၊ ခြေလျင်အကူ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများ" ပါဝင်တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။

ဘယ်နေရာမှာ လေ့ကျင့်တယ် ဆိုတာကို ထုတ်မရေးပေမယ့် မိတ္ထီလာတပ်နယ်က အရာရှိတွေလည်း တက်ရောက်ကြောင်း ဖော်ပြထားတဲ့အတွက်  မိတ္ထီလာမြို့မှာလုပ်ခဲ့တယ်လို့ စာဖတ်သူတို့က လွယ်လွယ်ကူကူ သဘောပေါက်ကြမယ် ထင်ပါတယ်။

ဒီဓာတ်ပုံတွေကို ကာချုပ်၊ သမ္မတပြောခွင့်ရအရာရှိတို့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာတွေကနေ ယူပါတယ်။

စာဖတ်သူတချို့ရဲ့ မှတ်ချက်တွေကိုလည်း ကူးယူ ဖော်ပြလိုက်ပါတယ်။


  • Theda Lu
အာရှမှာ မြန်မာစစ်သားဟာ ဒုက္ခ အခံနိုင်ဆုံးပါ ။ စစ်သားဘဝ အစစ်အမှန်ကို လေ့လာကြပါ ။ လူတစုမကောင်းတာနဲ့  သိမ်းကြုံးမပြောပါနဲ့ ။ အဲဒီလူတစုကလဲ သေကံမရောက်လို့ သက်မပျောက်ခဲ့တာပါ။ သာမန်အရပ်သားတွေကတော့ စစ်သားဘဝကို နားမလယ်နိုင်ပါဘူး။ ဘေးထိုင်ဘုပြောနေကြမှာဘဲ။ စစ်မြေပြင်ကိုလွတ်လိုက်ရင် သေးတောင်ထွက်ကျမဲ့လူတွေ

  • Boon Myo Myo
တပ်မတော်ကို နိုင်ငံတကာအဆင့်မှီအောင် လုပ်တာထက် တပ်မတော်သား အောက်ခြေအဆင့် ရဲဘော်ကအစ အခြေခံလစာကို နိုင်ငံတကာအဆင့်မှီအောင် အရင်လုပ်ပေးစေချင်ပါတယ်..ရုရှားလုပ် တရုတ်ထုတ်တွေနဲ့ ခေတ်မှီသလိုစစ်တပ်ကြီးလိုဖြစ်နေပေမယ့်....အောက်ခြေမှ အခြားဆင့်.စစ်သားတွေက ရှေ့တန်းမှာဖြစ်သလိုစားရ ငတ်ပြတ်နေ နောက်တန်းမှ မိသားစုကလည်း စားဝတ်နေရေးမလုံလောက် ဇနီးတွေ သမီးတွေ ဖာဖြစ်လိုဖြစ်နဲ့ အာပလာခေတ်မှီတပ်မတော်ကြီးပဲ့ဖြစ်နေမှာပါ

  •  Ko Ko Aung
Standard တခုထဲတင်မဟုတ်ပါ။ Professional Army ဖြစ်အောင်လဲလုပ်ဖို့လိုကြောင်းအကြံပေးပါရစေ။

  • Maku Ta
ကိုယ့် နိုင်ငံပြည်သူတွေနိုင်ငံတကာအဆင့် ထမင်းမငတ်အောင်အရင်လုပ်ပါအုံး

  • Ye Moe
ပြည်တွင်းမှာ လက်နက်ကိုင် အင်အား ပြည်သူ့ စစ်မပါ တစ်သိန်းကျော်ရှိတယ်...တပ်မတော် အင်အားမရှိပဲ ဒီအဖွဲ့ တွေ ဘယ်လို ထိန်းကွပ် မလဲ ...ဒါ ၃တန်းကလေးတောင် စဉ်းစားတတ်တယ်...ဒါတေါ မဖြေရှင်းသေးပဲ မဲ မျက်နှာကိုကြည့်ရတဲ့ နိုင်ငံရေးသမားတွေ လက်ထဲ တော့ ၀ကွက်မအပ်နိုင်သေးဘူး ...မကျေနပ်လည်း မတတ်နိုင်ဘူးကွယ်...
  • Thein Htay
 ကြည်း ရေ လေ လေ့ကျင့်ခန်းနှစ်ခုလုံးမှာပါဝင်ဆောင်ရွက်ခဲ့ပြီး၉၄..၉၅.. ပတ်ဝန်းကျင်မှာ..လေ...ကြည်း...လေ့ကျင့်ခန်းပထမဆုံးအကြီမ် လုပ်ခဲ့ပါတယ်..အခုလုပ်တဲ့...ကွင်းမှာပါပဲ...အဲဒီတုန်းကတော့ ...ရှူရပ်ကမြင်းမနက်သေတောင်ထိပ်ဖြစ်ပါတယ်...အဲဒီမှာ 105mm honour တပ်ခွဲမှူးအဖြစ်ပစ်ခဲ့ရပါတယ်...ကာချုပ်ကိုအလေးပြုတဲ့ဒါးမြေကြီးကိုအကျ...လေကွဲ...၈လုံးက..တဂျိမ်းဂျီမ်းနဲ့...ကွဲတာကို..ဖြစ်အောင်လုပ်ခဲ့ရတာပါ...ယာယီကာလဖြစ်လို့...မအောင်မြင်ရင်...အပြုတ်တဲ့...ပစ်တဲ့နေ့မှာ..ရသမျှဘုရားစာတွေကို...လျှာခလုတ်တိုက်အောင်ရွတ်...ဖင်ဘူးတောင်းထောင်...ရှစ်ခိုးပြီးဘုရား...အခါတရာ..တ,ပြီး...ပစ်ထဲ့လိုက်တာ......
စက်ထဲက...''အိမ်း...သိန်းဌေး...ကောင်းတယ်ကွ...''ဆိုတဲ့...ဆရာ.အသံကြားမှ...စိတ်ဒုံးဒုံး..ချပြီးအားလျော့လိုက်တာ...ဘယ်ကအလစ်ချောင်းနေမှန်းမသိတဲ့ငှက်ဖျားဒဏ်ကိုခံလိုက်ရတာ...၁၀၆..အထိ အဖျားတက်ပြီးပူလွန်းလို့..drip တွေဖြုတ်ပြီးရှောက်ပြေးတဲ့အထိဖြစ်ခဲ့ပါတယ်..ကျနော့်တပ်ခွဲကစစ်သည်တဦးကတော့.အဲဒီမှာတင်ပဲငှက်ဖျားနဲ့ကျဆုံးခဲ့ပါတယ်..စစခြင်း လုပ်တဲ့လေ့ကျင့်ခန်းဖြစ်တာရယ်..မုန်တိုင်းမိခဲ့တာတွေကြောင့်..စစ်သည်တွေ..အတော်ပင်ပမ်းခဲ့ကြတာပါ...
ဒါက..ကြိုတင်စီစဉ်သော...လေ..ကြည်း..ပါ..ခေတ်သစ်စစ်ပွဲအတွက်..တကယ်ကိုလိုအပ်ပါတယ်..စောစောကတင်ပြခဲ့သလိုပဲ..ဒီလိုလေ့ကျင့်ခန်းဖြစ်ဖို့...ဘယ်သူမှ..မနေရတဲ့အပြင်..ပင်ပမ်းခြင်း..ပစ္စည်း..လူ...ငွေ...ဆုံးရှူံးကုန်ကျခြင်းတွေဒုနဲ့..ဒေး..ပါ..ခင်ဗျာ...။
ဒါကြောင့်...ဆုံး..ရှူံး..ကုန်ကျတာခြင်းတူတူ...ကျနော်တို့ရှေ့တန်းစစ်မြေပြင်နဲ့...တကယ်အကိုက်ညီဆုံးဖြစ်မဲ့...ရုတ်ချည်းလေ...ကြည်း..လေ့ကျင့်ခန်း..တနည်းအားဖြင့်...ကြိုတင်စီစဉ်မထားသော..အမြန်..လေ..ကြည်း..တိုက်ပွဲကိုလုပ်တတ်အောင်..လေ့ကျင့်ပေးလျှင်ပိုမိုကောင်းမွန်ပြည့်စုံမယ်လို့,ထင်ပါတယ်ခင်ဗျာ...
















.

1 comments :

  1. minsoe said... :

    နိုင်ငံတိုင်းရဲ့တပ်မတော်တိုင်းဟာစစ်ရေးလေ့ကျင့်မူ့အခါအခွင့်သင့်သလိုလုပ်ပါတယ်..မြန်မာပြည်လိုဆင်းရဲတဲ့နိုင်ငံအဖို့ငွေကုန်ကြေးကျများတဲ့ဒီလိုစစ်ရေးလေ့ကျင့်မူ့ဟာအချိန်အတော်ကြာမှတစ်ခါလုပ်နိုင်ခြင်းပါ..မိမိငယ်စဉ်ကတပ်မတော်နှင့်သူပုန်များစစ်တိုက်သည်ဟုသာသိထားရာမှမိမိစဉ်းစားတတ်သည့်အရွယ်ရောက်သောအခါ..ဒီစစ်ပွဲများဟာတို့နိုင်သားအချင်းချင်းသတ်ဖြတ်တဲ့စစ်ပွဲဟုသိမြင်လာခဲ့သည်။မိမိအနေဖြင့်သူပုန်ဟူရ်ျလဲမမြင်တော့ပါ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဟူရ်ျတစ်ဆင့်တက်မြင်ပါသည်။ကျယ်ပြောသောနိုင်ငံတော်ကိုခေတ်မမှီသောလက်နက်များဖြင့်အချိန်အတော်ကြာစစ်စွမ်းရည်ပြည့်ဝစွာဖြင့်ကာကွယ်ခဲ့သောတပ်မတော်ကိုချီးမွန်းမိသလို။မိမိတို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မပြိုကွဲမပျက်စီးအောင်အချိန်အတော်ကြာကြံ့ကြံ့ခံခဲ့သောတိုင်းရင်းသာလက်နက်ကိုင်များကိုလဲလေးစားပါသည်။မိမိသည်ဘယ်သောအခါကမှလူမျိုးရေး၊ဘာသာရေးအစွန်းရောက်သူမဟုတ်ပါ၊မြန်မာနိုင်ငံအတွင်းရှိတိုင်းရင်းသားအားလုံးကိုချစ်ပါသည်။ကချင်များကိုလဲအထူးချစ်ခင်ပါသည်။ုkiaကိုလဲလေးစားခဲ့ဘူးပါသည်။သို့သော်လွန်ခဲ့သော၂နှစ်ကတပ်မတော်နှင့်ုkia တိုက်ပွဲတွင်မူတပ်မတော်ကKIA ကိုအပြုတ်တိုက်စေချင်သောလူများတွင်မိမိပါဝင်ပါသည်။လိုင်ဇာရောက်ခါနီးမှတပ်မတော်ကသူ့ဂတိအတိုင်းထိုးစစ်ရပ်လိုက်သည်ကိုအားမလို၊အားမရဖြစ်မိသည်။မိမိချစ်ရာမှမုန်းလာခဲ့ခြင်းမှာမြန်မာ့တပ်မတော်အားနှိမ့်ချသောအင်တာဗျူးများကိုပလူပျံအောင်ဗျူးခြင်း၊တိုက်ပွဲဖြစ်ရာတွင်အဓိပါယ်မရှိသောလူအသေအပျောက်စာရင်းများကိုအထိန်းအကွပ်မဲ့စွာပြောခြင်း၊
    ( လူ၃၀၀သာရှိသောတပ်ရင်းနှင့်တိုက်ပွဲဖြစ်ရာတွင်၇၀၀ကျသည်ဟုပြောခြင်း )၊ပြောရေးဆိုခွင့်ရှိသူဟုသတ်မှတ်ထားသော်လည်းအခြားတိုင်းရင်းသာလက်နက်ကိုင်တပ်ဖွဲ့များကဲ့ပြောခွင့်ရသူမှစည်းကမ်းတစ်ကျပြောခြင်းမဟုတ်ဘဲသို့မဟုတ်ဘဲတပ်သားမှအစစစ်ပေါလစီများကိုကြီးကြီးကျယ်ကျယ်ပြောခြင်းတို့ကြောင့်KIAကိုစစ်လိုလားသောအဖွဲ့အစည်းဟုသတ်မှတ်သောကြောင့်ဖြစ်သည်။စစ်ပွဲအစပိုင်းတွင်မြန်မာ့တပ်မတော်မှာငြိမ်းချမ်းရေးခေါင်းစည်းအောက်ကကန့်သတ်စစ်ပွဲကိုတိုက်နေရသောကြောင့်ထင်တိုင်းမပေါက်သော်လဲမြောက်ပိုင်းတိုင်းမူးရာဇသံပေးပြီးတိုက်သောOPENစစ်ပွဲတွင်၂ပတ်အတွင်းအမာခံစခန်းအကုန်ကျအောင်တိုက်နိုင်သောမြန်မာ့တပ်မတော်၏စစ်ရေးစွမ်းအင်ကိုအထင်ကြီးလေးစားမိပါသည်။ကာကွယ်ရေးဦးစီးချုပ်ပြောသောစစ်အနိုင်မတိုက်နိုင်ရ်ျငြိမ်းချမ်းရေးယူခြင်းမဟုတ်ဟူသည်ကိုလဲ
    မိမိအတည်ပြုပါသည်။ဒီမိုကရေစီစနစ်အောက်တွင်စစ်စွမ်းရည်ပြည့်ဝသောတပ်မတော်ဖြစ်လိုပါသည်။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved