လက်ပံတောင်းဒေသ ဘာသာရေးအဆောက်အအုံတွေ ရွှေ့ရမယ်

Thursday, February 27, 2014

~


 ဘာသာရေးဆိုင်ရာ အဆောက်အအုံတချို့ လက်ပံတောင်းဒေသ ကြေးနီစီမံကိန်းနယ်မြေထဲရောက်နေတဲ့အတွက် နေရာရွှေ့ဖို့ အစိုးရက ပြင်ဆင်နေတဲ့အတွက်
 ဒေသခံတွေရဲ့ မကျေနပ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။

 


လက်ပံတောင်းဒေသ သိမ်အနီးမှ ကြေးနီစီမံကိန်း ဝန်ထမ်းများ၊ ယန္တယားကြီးများ (ဓာတ်ပုံ – ညိမ်းပြည့်စုံ / ဧရာဝတီ)
 -
ဒီအကြောင်း Govt Plan to Move Pagoda in Letpadaung Area Angers Villagers ဆိုတဲ့ ခေါင်းစဉ်နဲ့ ဧရာဝတီဝက်ဆိုက်မှာ ရေးထားပါတယ်။ ဆက်သွယ်မေးမြန်းချက်အပြည့်အစုံ ပါဝင်တဲ့ သတင်းကို
http://www.irrawaddy.org/burma/govt-plan-move-pagoda-letpadaung-area-angers-villagers.html မှာ ဖတ်ရှုနိုင်ပါတယ်။

ရွှေ့ရမယ့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများ
- စေတီတဆူ
- သိမ်
- ၇၂ ပေပတ်လည် မဟာရံအုတ်တံတိုင်းနှင့်
- အ၀င်မုခ်ဦး

ဆားလင်းကြီးမြို့၊ ကျော်ရွာရဲ့ တောင်ဘက် ပေ ၃၀၀ ခန့်အကွာ ညောင်ပင်ကြီး - ယင်းမာပင်ကားလမ်းအနီးကို ပြောင်းမယ်။
အဲဒီနေရာက အလျား ပေ ၄၀၀ အနံ ပေ ၂၀၀ ရှိတဲ့ မြေနေရာ ဖြစ်တယ်၊ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ခွင့်ပြုပြီးပါပြီ တဲ့။

နေရာရွှေ့ရေးအစီအစဉ်ကို အာဏာပိုင်တို့က သံဃာတချို့နဲ့ ဆွေးနွေး ညှိနှိုင်းခဲ့တာပါ။
သံဃာတော်တွေထဲမှ နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌလည်း ပါဝင်ပါတယ် တဲ့။
သို့သော်လည်း အဲဒီဒေသမှာသီတင်းသုံးတဲ့ သံဃာတွေ မပါဘူးလို့ ဆိုပါတယ်။

  • ဆက်စပ်

လက်ပံတောင်း ဖြစ်စဉ် အကျဉ်း
 http://burma.irrawaddy.org/%E1%81%80_natural-resources/2012/11/30/26970.html

မိုင်းခွဲစဉ် လယ်တီ သိမ်တော်ကို ပျက်စီးမှုရှိ မရှိ ကြည့်ခွင့်မရသဖြင့် လက်ပံတောင်း သပိတ်စခန်း ပြန်ဖွင့်
http://burma.irrawaddy.org/news/2013/11/05/50534.html

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်

http://burma.irrawaddy.org/%E1%81%80_buddhist/2013/09/30/48800.html

Govt Plan to Move Pagoda in Letpadaung Area Angers Villagers

http://www.irrawaddy.org/burma/govt-plan-move-pagoda-letpadaung-area-angers-villagers.html



.

1 comments :

  1. Anonymous said... :

    အမျိုး ဘာသာ သာသနာစောင့်ရှောက်ရေး အသင်းကြီးကို အားကိုးပါတယ်။
    တကယ်စောင့်လိုတာလား လေသံဟစ်နေတာလား ၊ မိမိနောက်မှာ သံဃာ ၅ သိန်း ရှိပါ
    တယ်ဆိုတဲ့ ဆရာတော်ကော ခုချိန်ထိ ဘာလေသံမှ ထွက်မလာသေးတာ တခုခုတော့ တခုခုပဲ။ အောင်သောင်းတို့နဲ့ အပေးအယူများ ရှိနေလေမလား၊ လယ်တီဆရာတော်ကြီး ရဲ့ သမိုင်းဝင် သိမ်တော်ကြီးဖျက်ဆီးခံရတော့မှာ ဘယ်သွားအိပ်ပျော်နေလဲ မဘသ တို့။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved