“SEX ကိစ္စ၊ ပွင့်ပွင့်လင်းလင်းက ကောင်းပါတယ်”

Sunday, February 9, 2014

~


  
ဝါသနာကတော့ ကဗျာရေးရတာ ဝါသနာပါတယ်။ “ဇက်ကကြိုး” ဆိုတဲ့ ကလောင်နာမည်နဲ့ ကဗျာတွေရေး တယ်။ ကဗျာရေးရတဲ့ ရည်ရွယ်ချက်တော့ ထွေထွေထူးထူး မရှိပါဘူး။
စိတ်ကို ထိထိခိုက်ခိုက်ဖြစ်ပြီးမှ အနာ နည်းနည်းသက်သာမှပဲ ရေးဖြစ်တယ်။
အရမ်းနာကျင်နေချိန်မှာတော့ ဘာမှမရေးဖြစ်၊ မတွေးဖြစ်ပါဘူး။ 
 



ဓာတ်ပုံများ - စိုင်းဇော် / ဧရာဝတီ
 -
ကဗျာကို ဘယ်ချိန်ကတည်းကစရေးလဲဆိုတော့ ဘယ်သူမဆို ငယ်ချိန်မှာတော့စာအုပ်တွေမှာ ကဗျာရေး ကြတာပါပဲ။ ကျနော်က အဲဒီအချိန်တည်းက ရေးခဲ့တာ၊ အခုထိ ဆက်တိုက်ရေးဖြစ်နေဆဲပါပဲ။ စာအုပ်ကျောဖုံး ကနေမှ မဂ္ဂဇင်းစာမျက်နှာတွေအထိ ရေးဖြစ်တယ်။

အားတဲ့အချိန် ဘာတွေလုပ်လဲဆိုတော့ စာတွေဖတ်ပါတယ်။ ဖတ်ဖြစ်တဲ့စာအုပ်တွေကတော့ ဆရာသစ္စာနီတို့၊ ဆရာဇော်ဇော်အောင်တို့၊ ဆရာမ ဂျူးတို့ရဲ့ စာအုပ်တွေဖတ်ဖြစ်တယ်။ ကဗျာတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထု တွေ ပေါ့။
ရသစာပေတွေလည်း ဖတ်ဖြစ်ပါတယ်။ အပျော်ဖတ်ကလွဲရင် ကျနော်အကုန်ဖတ်ပါတယ်။

 -
ညီမင်းဟန်
  • ၂၃ နှစ်
  • မြန်မာစာ အဝေးသင် ပထမနှစ်
  • ပြည်တက္ကသိုလ်၊ ပြည်မြို့

အနာဂတ် အိပ်မက်စိတ်ကူးကတော့ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်ပါတယ်။ ကျနော် က ငယ်ငယ်က ဆယ်တန်းအောင်စ အရွယ်လောက်ကဆိုရင် စာရေးဆရာဖေမြင့်ရဲ့ တက်ကျမ်းတို့၊ ချုံကြားက ဘုံဖျားတို့၊ တမိနစ်အတွင်း ချမ်းသာနည်းတို့ အဲဒီလိုစာအုပ်တွေဖတ်ဖြစ်တယ်။ ဒါတွေက တကယ့် လက်တွေ့နဲ့ တော့ တကယ်ကွာခြားပါတယ်။ လက်တွေ့မှာတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းရှင် တယောက် ဖြစ်ဖို့ ဆိုတာ အများကြီး ကြိုးစားရဦးမှာပါ။

ဂီတအမျိုးအစားကတော့ အကုန်လုံးနီးပါး ကြိုက်တယ်။ ရှေးခေတ်မြန်မာသံစဉ်သီချင်းတွေက အစပေါ့။ စန္ဒရား ချစ်ဆွေတို့လောက်အထိ ကြိုက်တယ်။

အခု အဓိကနားထောင်ဖြစ်တာတော့ Punk Rock ပေါ့။ လတ်တလော နားထောင်ဖြစ်တာတော့အင်တာနေရှင်နယ် သီချင်းတွေထဲက Green Days အဖွဲ့ဆိုထားတဲ့ 21 Guns ဆိုတဲ့ သီချင်းကို နားထောင်နေဖြစ်တယ်။ အဆိုတော်တွေထဲမှာတော့ ပြည်ပက မိုက်ကယ်ဂျက်ဆင်နဲ့ Green Days အဖွဲ့ကို ကြိုက်တယ်။ ပြည်တွင်းမှာတော့ ထူးအိမ်သင်ကို ကြိုက်တယ်။

ရုပ်ရှင်အမျိုးအစားကတော့ ဒရာမာဇာတ်ကား ကြည့်ရတာကြိုက်တယ်။
နောက်ဆုံးကြည့်ထားတဲ့ ဇာတ်ကား ကတော့ Sea of Monsters ကြည့်ထားတယ်။
သရုပ်ဆောင်ထဲမှာတော့ ဘယ်သူ့ကိုကြိုက်တယ်ဆိုပြီးတော့ အစွဲမရှိပါဘူး။

အင်တာနက်သုံးတဲ့အခါ Facebook သုံးတယ်။ ပြီးတော့ ဖုန်းနဲ့သက်ဆိုင်တဲ့ နည်းပညာဝဘ်ဆိုက်တွေ ကြည့်ဖြစ် တယ်။ Facebook  သုံးတဲ့အခါ ကျနော်ရေးထားတဲ့ ကဗျာတွေ Note  အနေနဲ့တင်တယ်။ သူများတွေ ရေးထား တဲ့ ကဗျာတွေလည်း ဖတ်ဖြစ်တယ်။

ဒီနှစ် Valentine’s Day  အစီအစဉ်တော့ ဘာမှမရှိပါဘူး။ တယောက်တည်းပဲ ဖြတ်သန်းမယ်။ ချစ်သူနဲ့က ပြတ်သွားပြီလေ။ နောက်တယောက်ထပ်ထားဖို့ လောလောဆယ်တော့ အစီအစဉ်မရှိသေးပါဘူး။ တယောက် တည်းပါပဲ။
အသည်းကွဲဗလင်တိုင်းတော့မဟုတ်ဘူး။ တကိုယ်တော် တယောက်တည်း ဗလင်တိုင်းပေါ့။
 -


-

လူငယ်ဘဝကို ပြောရမယ်ဆိုရင် လူငယ်မှ မဟုတ်ဘူး။ လူကြီးပဲဖြစ်ဖြစ်၊ လူငယ်ပဲဖြစ်ဖြစ် ဘယ်ကိစ္စမဆို လေးလေးနက်နက် လုပ်သင့်တယ်။
ပေါ့ပျက်ပျက်မလုပ်သင့်ဘူး။ ပေါ့ပျက်ပျက်ဖြစ်သွားရင် အဆင်မပြေဘူး။

အခုနောက်ပိုင်း လူငယ်တွေကြားမှာ Sex  ကိစ္စ အရင်က ထက်စာရင် ပိုပြီးပွင့်လင်းမြင်သာလာတာတဲ့ ပတ် သက်ပြီး ပြောရရင် ကျနော့်အမြင်ကတော့ ပွင့်ပွင့်လင်းလင်းကကောင်းပါတယ်။ ပုန်းလျှိုးကွယ်လျှိုးကျတော့ မကောင်းဘူးပေါ့။ Living together ကိုတယောက်နဲ့နေတယ်။ နောက်နှစ်ပတ် သုံးပတ်နေတော့ နောက် တယောက်နဲ့နေတယ်။ အဲဒါမျိုးကျတော့ မကောင်းဘူးပေါ့။
တယောက်တည်းနဲ့ အတူနေတာက ဘာမှမဖြစ်ဘူး။ ဆိုးတဲ့ဘက်က ပြောရရင် အဲဒီလိုမျိုးတယောက်ပြီး တယောက်နဲ့နေရင် အကုန်လုံး တန်ဖိုးမရှိတဲ့ဟာတွေ ဖြစ်သွားလိမ့်မယ်။ အဲဒါမျိုးကို ကျနော် လက်လည်းလက်မခံပါဘူး။
 -
သီဟတိုး
The Irrawaddy ဂျာနယ်  ဖေဖော်ဝါရီ ၂
 Lifestyle စာမျက်နှာ၊ လူငယ်နဲ့ခေတ်ရေစီးကဏ္ဍ



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved