Unity သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ဖမ်း

Sunday, February 2, 2014


ပေါက်မြို့နယ်ရှိ လက်နက်စက်ရုံသတင်းကို ရေးသားခဲ့သော Unity အပတ်စဉ် ဂျာနယ်၏ နယ်ခံ သတင်းထောက်ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း 
ပေါက်မြို့နယ် ရဲစခန်းမှူး ဦးငွေထွန်းက ဧရာဝတီကို အတည်ပြုကြားသည်။ 


“ဟုတ်ပါတယ်။ သူ့ကို နိုင်ငံတော်လျှို့ဝှက်ချက်ပေါက်ကြားမှု ပုဒ်မ ၃/ ၁ ( က ) ၉ နဲ့ အမှုဖွင့်လိုက်ပါပြီ။ အခု သူ့ကို ကျနော်တို့ စခန်းကနေ ပခုက္ကူမြို့က သတင်းတပ်ဖွဲ့ကို လွှဲလိုက်ပါပြီ။ ကျနော်တို့ စခန်းမှာ မရှိတော့ ဘူး။ သူ့ကို ပခုက္ကူမှာ စစ်ဆေးဦးမှာပါ။ ထောင်ကို တန်းပို့မယ်တော့ မထင်ပါဘူး” ဟု ၎င်းက ပြောသည်။ 

ထို့အပြင် Unity ဂျာနယ်၏ CEO ဖြစ်သူ ဦးတင့်ဆန်းကိုလည်း ဖေဖော်ဝါရီ ၁ ရက်နေ့ နေ့လည်ပိုင်းတွင် ဂျာနယ်တိုက်မှ ရဲ သတင်းတပ်ဖွဲ့မှ စစ်ဆေးရန် လာရောက်ခေါ်သွားကြောင်း၊ အဆိုပါသတင်းတွင် ပူးပေါင်း ပါဝင်ရေးသားခဲ့သော Unity ဂျာနယ်မှ အကြီးတန်း သတင်းထောက်များဖြစ်သူ ကိုရာဇာဦးနှင့် ကိုပိုင်သက်ကျော်တို့မှာလည်း ဂျာနယ်မှ ဆက်သွယ်၍ မရ သေးကြောင်း Unity ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးမင်းထက်မြတ်က ပြောသည်။ 

ဇန်နဝါရီလ ၂၅ ရက် နေ့စွဲဖြင့်ထုတ်ဝေသော Unity ဂျာနယ် အတွဲ ၃ အမှတ် ၄ ပါ မျက်နှာဖုံးသတင်းမှာ အဆိုပါစက်ရုံအတွင်း ၀င်ရောက်လုပ်ကိုင်နေကြသော ဒေသခံများ၏ ပြောဆိုမှုကို အဓိကထား အခြေခံရေး သားထားခြင်းဖြစ်ပြီး နယ်ခံများက ဓါတု လက်နက်စက်ရုံ ဖြစ်နိုင်သည်ဟု ယူဆပြောဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ 

ဤသတင်းအပြည့်အစုံကို ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ သတင်းထောက် စနေလင်း
ရေးသားတဲ့ Unity ဂျာနယ်သတင်းထောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုဖြင့် အမှုဖွင့် ဖမ်းဆီး ဆိုတဲ့သတင်းမှာ ဖတ်နိုင်ပါတယ်။

ဇာနည်မာန် ရေးသားတဲ့ Journalists Detained for Reporting Alleged Burmese Chemical Weapons Factory  ဆိုတဲ့ သတင်းမှာလည်း ဖတ်နိုင်ပါတယ်။

လင့်က http://www.irrawaddy.org/burma/journalists-detained-reporting-alleged-burmese-chemical-weapons-factory.html ဖြစ်ပါတယ်။




 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved