ABSDF ရဲ့ (၁၀)ကြိမ်မြောက် ညီလာခံ

Sunday, March 16, 2014

~





မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ (၁၀)ကြိမ်မြောက် ညီလာခံပိတ်ပွဲကို စနေနေ့မနက်ပိုင်းက  ကရင်ပြည်နယ်လှိုင်းဘွဲမြို့နယ်မှာရှိတဲ့ ဒေါင်းတမန်စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။

 


 -
သတင်းနှင့်ဓာတ်ပုံ-မန်းမျိုးမြင့်(မီဒီယာ)
(၁၀)ကြိမ်မြောက်ညီလာခံမှာ ဥက္ကဌ-ဒုဥက္ကဌ-အတွင်းရေးမှူး နေရာတွေကိုတော့ ယခင်လူတွေဘဲ ပြန်လည်ရရှိခဲ့ကြပါတယ်။

ဒီမိုကရေစီနည်းကျကျရွှေးချယ်ခဲ့ကြတာဖြစ်ပြီး ကချင်-ကရင်-အန္ဒိယနယ်စပ်က ညီလာခံကိုယ်စားလှယ်တွေ စုံညီစွာ တက်ရောက်ခဲ့ကြပါတယ်။

လက်ရှိဥက္ကဌကတော့ ရဲဘော်သံခဲဖြစ်ပြီး-အတွင်းရေးမှူးကတော့ ရဲဘော်ဆန်နီဖြစ်ပါတယ်။

ABSDF အနေနဲ့ ပြည်သူတွေအတွက်လိုအပ်ရင် လက်နက်စွဲကိုင် တိုက်ပွဲဝင်ဘို့ အရံသင့်ရှိတယ်လို့ ဒီနေ့ အခမ်းအနားမှာ ပြောကြားခဲ့သလို-လက်ရှိနိုင်ငံရေး အခင်း
အကျင်းကို စိတ်ချယုံကြည်မှုမရှိဘူးလို့လည်းဆိုပါတယ်။

ဒီပွဲကို နော်အုံးလှအပါအ၀င်မြန်မာအရေးကိုဆောင်ရွက်နေကြတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြား အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

အခုတင်ထားတဲ့ပုံတွေကတော့ စနေနေ့က ဒေါင်းတမန်စခန်းမှာတွေ့ရတဲ့ ABSDF တပ်ဖွဲ့ဝင်တွေနဲ့ အခမ်းအနား တက်ရောက်လာကြတဲ့ မဟာမိတ်တွေဖြစ်ပါတယ်။

ညီလာခံပိတ်ပွဲ ABSDF က ရဲ့ နိုင်ငံရေး မွမ်းမံသင်တန်းဆင်းပွဲကိုလည်း ပူးတွဲပြုလုပ်ခဲ့ပါတယ်။



  







 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved