ဧရာဝတီ ၂၆ မြို့အတွက် မီးသတ်ကား ၂၅ စီး

Wednesday, March 12, 2014

~



ဧရာဝတီတိုင်း ၂၆ မြို့နယ်အတွက်   မီးသတ်ကားသစ် ၂၅ စီး ရောက်လာပါပြီ။
 -

 
မီးသတ်ကား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ပုသိမ်မြို့ မြို့တော်ခန်းမမှာ တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ပါတယ်။
တိုင်းမြို့တော် ပုသိမ်ကလွဲလို့ ကျန်တဲ့ ၂၅ မြို့နယ်ကို ကား ၁ စီးနှုန်း ပေးအပ်ခဲ့တာပါ။

အခမ်းအနားကို  ၂၆ မြို့နယ်က မီးသတ်တပ်ဖွဲ့မှူးတွေ တက်ရောက်ခဲ့ကြ၊  တိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်၊  မီးသတ်ဦးစီးဌာန ညွှန်ချုပ် ဦးတင်မိုးတို့ အမှာစကား ပြောကြားခဲ့ကြပါတယ်။

ဧရာဝတီတိုင်းမှာ မီးသတ်ကားတွေ အခုလို ထောက်ပံ့ပေးခဲ့တာဟာ
ဝမ်းသာစရာကောင်းတဲ့ သတင်းပါ။
ဘာလို့ဆိုတော့ မြို့နယ်တချို့က မီးသတ်ကားတွေဟာ အိုမင်းဟောင်းနွမ်းနေပြီး မီးငြှိမ်းသတ်ရာမှာ စွမ်းဆောင်ရည်အခက်အခဲတွေရှိနေကြလို့ပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့မှာမီးလောင်တော့ မီးသတ်ကား အသုံးပြုလို့ အဆင်မပြေခဲ့ပါဘူး။

အခုလို မီးသတ်ကား အသစ်စက်စက်တွေထောက်ပံ့ပေးတဲ့အတွက် မီးလောင်မှုဖြစ်ခဲ့ရင် အမြန်ဆုံးနဲ့ အကောင်းဆုံး ငြှိမ်းသတ်နိုင်တဲ့အခါ ပြည်သူတွေ မကုန်သင့်တာ မကုန်တော့ဘူးပေါ့။

ပြီးတော့...
“ကိုတာဇံ မီးသတ်သမား၊ မီးလောင်ပြီးမှ သူရောက်သွား” ဆိုတဲ့   ပြက်လုံးထုတ် လှောင်ပြောင်ခံရခြင်းကနေလည်း ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။


  • ဧရာဝတီတိုင်းရဲ့ ၂၀၁၃ ခုနှစ် မီးလောင်မှု
မီးလောင်မှုပေါင်း - ၁၂၁ ကြိမ်
သေဆုံး -  ၆ ဦး

လောင်ကျွမ်းအိမ် - ၃၁၈ လုံး
လောင်ကျွမ်းဂိုထောင် - ၇ လုံး
မီးဘေးဒုက္ခသည် -  ၁,၄၁၆ ဦး
မီးလောင်မှုအဖြစ်ပွားဆုံးဒေသ - ဖျာပုံခရိုင်၊ မအူပင်ခရိုင်

ဆုံးရှုံးမှု - ကျပ်သိန်းပေါင်း ၁,၁၃ဝ ကျော်

 ဆလိုင်းသန့်စင် 










.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved