ဂူဂဲလ်မျက်မှန် မြန်မာပြည်အလည်လာခြင်း

Thursday, March 13, 2014

~



ထန်းတက်သမား၊ ကြံရည်ရောင်းသူတို့
ဂူဂဲလ်မျက်မှန်တပ်ထားကြတဲ့အကြောင်း  The Wall Street Journal ဘလော့စာမျက်နှာ ဆောင်းပါးတပုဒ်မှာ ဖတ်ရပါလိမ့်မယ်။ 
 

 -

အမေရိကန် ရုပ်ရှင်သမား   Josh Kim ဆိုတဲ့သူက တမိနစ် သို့မဟုတ် တမိနစ်အောက် ဗီဒီယိုရိုက်ချက် ၁ဝဝ ကို စုစည်းမယ့် စီမံချက်မှာ မြန်မာပြည်က
ထန်းတက်သမား၊ ကြံရည်ရောင်းသူတို့ ပါဝင်လာကြတာပါ။

ရုပ်သံထဲမှာ သူတို့က အသက်မွေးဝမ်းကြောင်းလုပ်ငန်းနဲ့ ပတ်သက်ပြီး ရှင်းပြကြတာပါ။
သူတို့ကို သူ့ရဲ့ ဂူဂဲလ်မျက်မှန် ခဏ ပေးတပ်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကင်မရာသမားက ပြောပြသူတွေကိုယ်တိုင် ဖြစ်နေကြတာကတော့ ဒီစီမံကိန်းရဲ့ ထူးခြားချက်လို့ ဆိုရပါမယ်။
  အသက် ၃၅ နှစ်အရွယ် ကွမ်းယာသည် မစိုးစိုးလှိုင်
၊  လမ်းဘေး အခပေးတယ်လီဖုန်းဆိုင်ရှင် အသက် ၂၉ နှစ်အရွယ် မရွှေတင့်ရီတို့ရဲ့ ပြောဆိုချက်တွေက မြန်မာလိုပါပဲ။ ကမ္ဘာက နားလည်နိုင်မယ့် အင်္ဂလိပ်စာတန်း ထိုးပါတယ်။

မရွှေတင့်ရီက လမ်းဘေးဖုန်းနဲ့ ငွေရှာသူက တမိနစ် ဘယ်လောက်ယူတယ်၊ ကျော်ရင် ဘယ်လောက်ယူတယ်၊ ဟိုတုန်းက တလ ဘယ်လောက် ကျန်တယ်၊ အခုနောက်ပိုင်း ဆဲလ်ဖုန်းအရေအတွက်တိုးပွားလာ(လို့ အဲဒီလောက် မကျန်ဘူး) စသဖြင့် ပြောဆိုထားပါတယ်။

ကြံရည်သည် ဦးထွန်းသောင်းရဲ့ ပြောဆိုချက်လည်း ပါဝင်ပါတယ်။

ကမ္ဘာအရပ်ရပ်မှာ နည်းမျိုးစုံ အသက်မွေးဝမ်းကျောင်းနေသူတွေအကြောင်း မှတ်တမ်းရုပ်ရှင်တိုတွေ ဖန်တီးတဲ့ Josh Kim က ဘန်ကောက်မှာနေတယ်လို့ ဆိုပါတယ်။

ဂူဂဲလ်မျက်မှန်ဒိုင်ယာရီ လို့ အမည်တပ်ထားတဲ့ဒီစီမံကိန်းထဲက အပိုင်းအစတချို့ကို http://ggdiaries.com မှာ ကြည့်နိုင်ပါပြီ။

ဂူဂဲလ်မျက်မှန်ဒိုင်ယာရီထဲ မြန်မာတွေ ပါဝင်တဲ့အတွက် ဧရာဝတီဘလော့  http://blog.irrawaddy.org ပရိသတ် သိနိုင်ဖို့ လက်တို့လိုက်ပါတယ်။ ခေါင်းစဉ်ကို ဂူဂဲလ်မျက်မှန် မြန်မာပြည်အလည်လာခြင်း လို့ ပေးထားပေမယ့် မြန်မာပြည်မှာ ဒီမျက်မှန်သုံးသူတွေလည်း ရှိလိမ့်မယ်လို့ ယူဆရပါတယ်။

ဆက်စပ် -

http://blog.irrawaddy.org/2014/03/blog-post_7763.html


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved