ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးစာပေသမားတို့ တွေ့ကြမယ်

Thursday, March 20, 2014

~


 

 -
ဒေါ်အောင်ဆန်းစုကြည်က မန္တလေးဒေသ စာပေအသိုင်းအဝန်းနဲ့ လာမယ့်တနင်္ဂနွေနေ့ တွေ့ဆုံဖို့ အစီအစဉ်ရှိပါတယ်။

မကြာသေးခင်က မန္တလေးမှာပြုလုပ်တဲ့ စာပေပွဲတော်ကြီးတခုကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပါသေးတယ်။

အဲဒီအကြောင်း ... အပြေးအလွှား နေရာပြောင်းရတဲ့ မန္တလေး ဧရာဝတီစာပေပွဲတော်  ဆိုပြီး ဒီဘလော့မှာ ရေးခဲ့ပါတယ်။
 http://blog.irrawaddy.org/2014/02/blog-post_4501.html မှာ ပြန်ဖတ်နိုင်ပါတယ်။

အဲဒီတုန်းက ဒီစာပေပွဲတော်ကို မန္တလေးက စာရေးဆရာ ကာတွန်းဆရာ အများအပြား တက်ရောက်ခြင်း မပြုဘဲ သပိတ်မှောက်ခဲ့တာပါ။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်က မန္တလေးဒေသ စာပေလောကသားတွေနဲ့ တွေ့ဆုံခွင့် မရလိုက်ပါဘူး။

အခုတော့ တွေ့ဖို့ စီစဉ်နေပါပြီ။

အချိန်က လာမယ့် တနင်္ဂနွေနေ့။
နေရာက ပြင်ဦးလွင်မြို့ တော်ဝင်နှင်းဆီခြံ ဆိုတဲ့ နေရာမှာ တွေ့မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မိုးကုတ်က အပြန်  ပြင်ဦးလွင်မြို့ (မေမြို့)မှာ ခဏရပ်ပြီး အဲသလို တွေ့မှာပါ။

အညာဒေသ စာပေလောကသား ၅၀ နဲ့ ၁၀၀ ကြား တက်ရောက်ဖွယ် ရှိတယ်လို့ Festival Patron Suu Kyi to Meet Mandalay Writers Who Boycotted ဆိုတဲ့ သတင်းမှာ သတင်းထောက်ကျော်ဖြိုးသာက ရေးထားပါတယ်။
အဲဒီမူရင်းသတင်းကို http://www.irrawaddy.org/burma/festival-patron-suu-kyi-meet-mandalay-writers-boycotted.html မှာ ဖတ်နိုင်ပါတယ်။

ပြင်ဦးလွင်မြို့မှာ တွေ့ကြတဲ့အခါ စာပေအကြောင်းအရာအပြင် နိုင်ငံရေး၊ အခြေခံဥပဒေ အစရှိသော အကြောင်းအရာတွေ ပြောဆိုနိုင်အောင် လမ်းဖွင့်ပေးပါလိမ့်မယ်။

တွေ့ဖြစ်မယ် ဆိုရင်တော့ ဒါဟာ  ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မန္တလေးဒေသ စာပေလောကသားတွေအကြား ပထမဆုံးအကြိမ် သီးသန့် တွေ့ဆုံကြခြင်း ဖြစ်လာမယ်လို့ သိရပါတယ်။

Festival Patron Suu Kyi to Meet Mandalay Writers Who Boycotted 
 http://www.irrawaddy.org/burma/festival-patron-suu-kyi-meet-mandalay-writers-boycotted.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved