မလေးရှားလေယာဉ်ပျောက် ပြန်တွေ့မယ့် နောက်ထပ် သဲလွန်စ

Thursday, March 13, 2014


ပျောက်ဆုံး မလေးရှားလေယာဉ် ထိုးဆင်းသွားတာကို မြင်လိုက်ရတယ်လို့ ကမ်းလွန်ရေနံရှာစင် လုပ်သား တဦးက ပြောပါတယ်။ 

 ပျောက်ဆုံးနေသည့် MH 370 ဘိုးအင်းလေယာဉ်ကို ၂၀၁၁ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ချားဒီဂေါလ်လေဆိပ်တွင် 
တွေ့ရစဉ် (ဓာတ်ပုံ – Wikipedia)

အခုသူပြောတဲ့ လေယာဉ်ထိုးဆင်းသွားတာ တွေ့ရတယ်ဆိုတဲ့ နေရာဟာ လေယာဉ်အပိုင်းအစတွေလို့ ယူ ဆရတဲ့ ပစ္စည်း တချို့နဲ့ပတ်သက်တဲ့ ဂြိုလ်တု ဓာတ်ပုံတွေ တရုတ်အစိုးရက ထုတ်ပြန်တဲ့နေရာ အနီးဝန်း ကျင်ဖြစ်တယ်လို့ သူက အခုလို ထပ်မံ အတည်ပြုပြောလာတာပါ။ 

ပျောက်ဆုံး မလေးရှား လေယာဉ်ပထမဆုံး ရေဒါကနေ ပျောက်ကွယ်သွားတဲ့ နေရာကနေ ၁၄၁ မိုင် အကွာမှာ လေယာဉ် အပျက်အစီး အပိုင်းအစလို့ ယူဆရတဲ့ ပစ္စည်းတချို့ ပင်လယ်ထဲ မျောနေတာ ကို လေယာဉ်ပျောက်ပြီး နောက်တနေ့မှာ ဂြိုလ်တုက ဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်တယ်လို့ တရုတ်အစိုးရ မနေ့က ထုတ်ပြန်ထားခဲ့တာပါ။ 

ဗီယက်နမ် နိုင်ငံ ပင်လယ်ပြင် ဆိပ်ကမ်းမြို့တခုရဲ့ အရှေ့တောင်ဘက် Songa Mercur က ကမ်းလွန် 
ရေနံစင် တခုမှာ အလုပ်လုပ်နေတဲ့ လုပ်သား Michael McKay ဆိုသူက အီးမေးလ် ပို့ပြီး သူမြင်တွေ့ခဲ့တာ ကို ပြောဆိုခဲ့ပေမယ့် ပယ် ချ ခံခဲ့ရတာဖြစ်တယ်လို့ andrew-drummond.com အွန်လိုင်း သတင်းတပုဒ် မှာ ဖော်ပြ ထားပါတယ်။ 

“သူမြင်ခံရတဲ့ မီးလောင်နေတဲ့ အရာတခု တွေ့တယ်ဆိုတဲ့နေရာဟာ Vung Tau ရဲ့အရှေ့တောင်ဘက် မိုင် ၂ဝဝ လောက်မှာ ပါ” လို့ ဗီယက်နာမ်အာဏာပိုင်တွေက ပြောပါတယ်။ 

ဗီယက်နမ် လေကြောင်းလမ်းထိန်းချုပ်ရေး ဋ္ဌာန ဒု ညွှန်ချုပ် Doan Huu Gia က ထိုင်းပင်လယ်ကွေ့မှာ Italian Oil Company ENI ကုမ္ပဏီ ကမ်းလွန်ရေနံစင်တခုမှာ လုပ်နေတဲ့ မက်ကေးဆီက အီးမေးလ်ကို သူရခဲ့တယ်လို့ အတည်ပြု ပြောပါတယ်။ 

အဲဒီတုန်းကတော့ ဗီယက်နမ်အာဏာပိုင်တွေက သူ့ရဲ့ အီးမေးလ်ပါ သတင်းပို့ချက်ဟာ သိပ်မယုံရဘူးထင်ခဲ့ လို့ ပယ်ချ ခဲ့တာ ဖြစ်ပါတယ်တဲ့။ 

နောက်တော့ မက်ကေးက သူတွေ့ခဲ့လိုက်တာဟာ ပျောက်ဆုံးလေယာဉ်နဲ့ ပတ်သက်တဲ့ အချိန်နာရီ၊ 
လေယာဉ် လမ်းကြောင်းတွေ အရ တိုက်ဆိုင်နေလို့ မလေးရှား လေယာဉ်ဖြစ်မယ်လို့ ယုံကြည်တာကြောင့်၊ သူတွေ့ခဲ့တဲ့ နေရာကို စနစ် တကျ ပြောဆိုထားတဲ့ နောက်ထပ် အီးမေးလ်တစောင်ကို ထပ်ပို့လိုက်တာလို့ သတင်းမှာ ဆိုပါတယ်။ 

သူ့ရဲ့ အီးမေးလ် အပြည့်အစုံကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။ 



‘Gentlemen. I believe I saw the Malaysian Airlines flight come down. The timing is right.
“I tried to contact Malaysian and Vietnamese officials days ago. But I do not know if the message has been received.
 
“I am on the oil ring Songa-Mercur off the coast of Vung Tau.
‘The surface location of the observation is Lat 08* 22’ 30.20” N
Lat 108* 42.22.26” E
 
“I observed (the plane?) burning at high altitude at a compass bearing of 265* to 275*
‘It is very difficult to judge the distance but I would say 50 to 70 kms along the compass bearing 260-277.
 
While I observed (the plane) it appeared to be in one piece. 
“The sea surface current at our location is 2-2.3 knots in the direction of 225-230.
“The wind direction has been E-ENE averaging 15-20 knots.
 
“From when I first saw the burning (plane?) until the flames went out (at high altitude) was 10-15 seconds. 
“There was no lateral movement so it was either coming toward our position stationary (falling) or going away. 
“The general position of the observation was perpendicular/ south west of the normal flight paths. (We see the con trails every day) and at a lower altitude than the normal flight paths or on the compass bearing 265 to 275 intersecting the normal flight paths at normal altitude but further away. 
“Good Luck” 
Michael Jerome McKay"




ဆက်စပ်သတင်း

မလေးရှား လေယာဉ်ပျောက် ရှာတွေ့တော့မလား










1 comments :

  1. Unknown said... :

    အဆိုးထဲကအကောင်းပေါ့။ သေသေချာချာသိရတော့လဲကျန်တဲ့လူတွေအဖို့ လုပ်သင့်တာတွေဆက်လုပ်နိုင်တာပေါ့။ မြန်မြန်ရှာတွေ့ပါစေဗျာ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved