မြန်မာနိုင်ငံမှာ မီဒီယာလွတ်လပ်ခွင့် ဘယ်လို စိန်ခေါ်ခံနေရလဲ

Saturday, March 15, 2014

မြန်မာနိုင်ငံမှာ ဒီမိုကရေစီကို ဖော်ဆောင်နေပြီလို့ ပြောနေပေမယ့် ဘယ်လို စိန်ခေါ်မှုတွေ ရှိနေသလဲ ဆိုတာ အပါအဝင် မီဒီယာတွေအပေါ် ကန့်သတ်နေတာတွေ၊ အငြင်းပွားဖွယ်ရာ ကာလတွေအတွင်း သတင်းပို့တာတွေမှာ တွေ့ရတဲ့ အတွေ့ အကြုံတွေ၊ ဆိုရှယ် မီဒီယာတွေကနေ အမုန်းပွားစကားတွေ ဖြန့်နေ တာတွေနဲ့ပတ်သက်ပြီး ဧရာဝတီ အယ်ဒီတာချုပ် ကိုအောင်ဇော် က ဗွီအိုအေနဲ့ အင်္ဂလိပ်လို အင်တာဗျူး တခုမှာ ပြောထားပါတယ်။ 



ဧရာဝတီ သတင်းကို တည်ထောင်သူ အယ်ဒီတာချုပ် ကိုအောင်ဇော်ကို အမေရိကန်ပြည်ထောင်စု Stanford တက္ကသိုလ်ရဲ့ Walter H. Shorenstein အာရှပစိဖိတ် သုတေသနဌာန APARC က ၂၀၁၃ ခုနှစ်အတွက် Shorenstein သတင်းသမား ဆု ချီးမြှင့်လို့ ဆုလက်ခံသွားယူစဉ်မှာ ဗွီအိုအေ က စကိုက်နဲ့ အင်တာဗျူးလုပ်ခဲ့တာပါ။ 

အခုလို မြန်မာနိုင်ငံသားတဦး ပထမဆုံးအကြိမ် ဆုရရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က Stanford မှာ ဆုလက်ခံ ယူတဲ့ ကိုအောင်ဇော်ဟာ ၁၉၈၈ ခု ကျောင်းသားတွေ ဦးဆောင်တဲ့ တနိုင်ငံလုံး လူထုအုံကြွမှု မှာ ပါဝင်တဲ့အတွက် ဖမ်းဆီး မေးမြန်းစစ်ဆေးတာကို ခံခဲ့ရတဲ့ နောက်ပိုင်း ထိုင်းနိုင်ငံ ဘက်ကို ထွက်ပြေးခို လှုံခဲ့ပါတယ်။ 

အဲဒီနောက် ထိုင်းနိုင်ငံမှာ အခြေ စိုက် တဲ့ ဧရာဝတီမဂ္ဂဇင်းကို တည်ထောင်ကာ သတင်းသမား ဖြစ်လာ သူပါ။ 

New York Times နဲ့ The Guardian အပါအဝင် သတင်းစာကြီး အတော်များများမှာ မြန်မာနိုင်ငံနဲ့ပတ် သက်တဲ့ သတင်း ဆောင်းပါးတွေ၊ ဝေဖန်ချက်တွေ အခုထိ ရေးသားနေတဲ့ ကိုအောင်ဇော်နဲ့ ဗွီအိုအေ က ကေလင်းတို့ရဲ့ အင်တာဗျူးကို ဧရာဝတီက ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

  


အိမ့်သံစဉ် ~ 



 









 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved