~
ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာရှိ မြေတူးတဲ့ လုပ်ငန်းခွင်မှာ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက ရုတ်တရက် မြေပြိုကျမှုကြောင့် အလုပ်သမား (၂)ဦး သေဆုံးသွားပါတယ်။
-

- ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ
-
ရမနောက်ကျေးရွာမှ ကိုထွေး(၃၄)နှစ်၊ သာယာကုန်းကျေးရွာမှ ကိုဇော်မျိုးထွန်း (၂၄)နှစ် တို့ဖြစ်ကြောင်း သိရပါတယ်။
ဒေသအာဏာပိုင်များနဲ့ အနီးအနား ပြည်မြို့က မီးသတ်ဝန်ထမ်း အယောက် ၃၀ ဝန်းကျင် အရေးပေါ်ရောက်လာပြီး ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်ခဲ့ပါသေးတယ်။
မတော်တဆမှုဖြစ်ပွားပြီး တနာရီအကြာမှာ သူတို့ရဲ့ ရုပ်အလောင်းကို တူးဖော် တွေ့ရတာပါ။
အသက်ဘေးက လွတ်မြောက်သွားတဲ့ သုံးဦးထဲမှာ တဦး ဒဏ်ရာရရှိပါတယ်။
အဲဒီနေရာဟာ မြေပိုင်ရှင်၊ ကားသမားနဲ့ မြေတူးလုပ်သားများမှာ အချင်းချင်း နားလည်မှုနဲ့ မြေစာ အရောင်းအဝယ်ပြုလုပ်နေတဲ့နေရာလို့ ဒေသခံတဦးက ပြောပါတယ်။
“တူးတဲ့လူတွေက မြေနီတူးခယူပြီး တူးစားတဲ့လူတွေ ၊ မြေနီကားတစီးကို တူးပြီး ကားပေါ် အရောက် တင်ပေးရင် ငါးထောင် (ကျပ် ၅,ဝဝဝ) ရတယ်။ မြေပိုင်ရှင်က ဘယ်သူဝယ်ဝယ် ဝယ်တဲ့လူကို ရောင်းတယ်။
ကားသမားကလည်း သူဈေးနဲ့သူယူပြီး မောင်းပို့ပေးတာ”
-
မြေပုံ - google map
-
ဒီဒေသ မြေနီတူးဖေါ်ရေးလုပ်ငန်းမှာ လူအသေအပျောက်ရှိတဲ့ မတော်တဆမှု ယခင်က မဖြစ်ဖူးဘူးလို့ နတ်မောက်ကျေးရွာ အုပ်ချုပ်ရေးမှူးဦးခင်မောင်ဝင်းက ပြောပါတယ်။
“ အခုမြေနီရောင်းတဲ့လူရော တူးတဲ့လူရော တရားဝင်တားမြစ်တော့မယ်၊ ဒီနေရာကိုပိတ်ပြီး ခြံစည်းရိုးခတ်တော့မယ်။
အခုဖြစ်တာ မြေတူးတဲ့လူရော ကားသမားရော အတွေ့အကြုံမရှိလို့ဖြစ်တာ၊ ကားသမားကလည်း ရုတ်တရက်မြေပြိုကျရင် ပြေးလမ်းမရှိအောင် ပိတ်ရပ်ထားတယ်။
မြေတူးတဲ့လူတွေကလည်း ပြိုကျနိုင်တဲ့အနေအထားကို ကြိုမမြင်ကြဘူး”
ဒီအမှုကို လူသေမှုအဖြစ် ပန်းတောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွှင့်ထားကြောင်း သိရပါတယ်။
ကောင်းမြတ်မင်း
.

0 comments :
Post a Comment