မျက်နှာဖုံးစွပ် လူငယ်များ လက်ပံတောင်းစီမံကိန်း ကန့်ကွက်

Monday, March 31, 2014

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန်အတွက် မျက်နှာဖုံးစွပ်လူငယ်များက ရန်ကုန်မြို့တွင် မတ်လ ၃၀ ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။


ဓာတ်ပုံ-စိုင်းဇော်/ဧရာဝတီ

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဖျက်သိမ်းပေးရန် ပြည်သူများ၏ တောင်းဆိုမှု (၁၆) လပြည့် အဖြစ်ပြု လုပ်ရာတွင် လူငယ်များက ကြေးရောင်မျက်နှာဖုံးများကို တပ်ဆင်ပြီး ဆူးလေဘုရားလမ်းနှင့် အနော်ရထာ လမ်းဆုံ မီးပွိုင့်ကို ဗွီနိုင်းများကိုင်ဆွဲကာခေတ္တပိတ်ဆို့ဆန္ဒပြခဲ့ကြသည်။ 

လူငယ်များမှလက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းပေးရန် တောင်းဆိုမှုများ၊ ဟစ်ကြွေးမှုများ 
ပြုလုပ်ခဲ့ပြီး ၄င်းတို့၏ လုပ်ဆောင်မှုအပေါ် လမ်းသွား လမ်းလာပြည်သူများမှ ထောက်ခံအားပေးခဲ့ကြသည်။

အဆိုပါ ဆန္ဒပြသမှုမှာ မိနစ်ပိုင်းသာ ကြာမြင့်ခဲပြီး ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိ မလာမီ လူငယ်များ တိမ်းရှောင် သွားနိုင်ခဲ့သည်။ 
















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved