အဆိုတော်ပေါက်စ လင်းသြဘာ

Thursday, March 27, 2014

~


  



အခုလတ်တလောမှာ ကျနော့်ရဲ့ တကိုယ်တော်စီးရီး လုပ်နေပါတယ်၊ သင်္ကြန်ပြီးရင် ထွက်မှာပါ။ ကျနော် ဆယ်တန်း ဖြေပြီးကတည်းက ရန်ကုန်ကိုရောက်ပြီး ဘဝကို ရပ်တည်နေတာပါ။

 လင်းသြဘာ၊
၂၃ နှစ်၊
ကွန်ပျူတာနည်းပညာဘွဲ့ရ

အခုအချိန်အထိ ဘဝကို ဒီအခြေအနေရောက်အောင် လျှောက်လှမ်းနိုင်တဲ့အတွက် ကျေနပ်ပါတယ်။ ကျနော် ငယ်ငယ်ကတော့ ဆရာဝန်ဖြစ်ချင်ခဲ့တာ၊ ဆယ်တန်းအထိ တော်တော်ကို ကြိုးစားခဲ့တာ စာမှစာပါပဲ၊ ကံ မပါ တော့ ဆရာဝန် မဖြစ်ခဲ့ပါဘူး၊ တော်တော်စိတ်ဓာတ်ကျခဲ့တယ်။ အဲဒါကြောင့် ကျနော်တက္ကသိုလ်မှာ စာကို သေချာ မလုပ်ခဲ့တော့ဘူး၊ နောက်ပြီး ငယ်ငယ်ကတည်းက အနုပညာကိုလည်း ဝါသနာပါတဲ့အတွက် အခုလည်း အနုပညာလမ်းကို ဆက်လျှောက်နေပါတယ်။

ကျနော့်ဘဝအတွက် အင်အားတွေဖြစ်စေဖို့ နိုင်းနိုင်းစနေရဲ့ စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။ ကျနော်က စိတ်ဓာတ် ကျလွယ်တယ်၊ သူ့စာတွေ ပြန်ဖတ်လိုက်ရင် ကျနော့်အတွက် စိတ်အားပြန်ဖြစ်စေလို့ ဖတ်ဖြစ်တာပါ။

ကျနော်က ဖက်ရှင်ကိုလည်း အရမ်းစိတ်ဝင်စားတယ်ခင်ဗျ။ ဖက်ရှင်တွေနဲ့ ပတ်သက်ရင် သေချာ လေ့လာပြီး ခေတ်နောက်မကျအောင် ကျနော်ဝတ်ပါတယ်။ ကျနော်က အီမိုဖက်ရှင်ကို ပိုကြိုက်ပါတယ်။ ကိုရီးယား ဖက်ရှင်တွေလည်း ကြိုက်ပါတယ်။ အရင်က ကျနော် မော်ဒယ်လုပ်တော့ ဖက်ရှင်ပိုင်းနဲ့ ပတ်သက်ပြီး အင်တာနက်ကနေ လေ့လာတယ်။

အခုတော့ ကျနော်အဆိုပိုင်းကို ပိုအားစိုက်ပြီး လုပ်ဖြစ်ပါတယ်။
အဆိုပိုင်း မလုပ်ခင်လည်း အဆိုသင်တန်း တနှစ်နီးပါး တက်ခဲ့ပါတယ်။ 

ကျနော်   Facebook သုံးတာက ကျနော့်ရဲ့အနုပညာအလုပ်တွေကို အများသိစေတဲ့အတွက် သုံးဖြစ်ပါတယ်။ Facebook သုံးတာ အကျိုး ဖြစ်စေတာ ရှိသလို၊ အကျိုးမဖြစ်စေတာလည်း ရှိပါတယ်။
 
-
 

 -
အဆိုတော်ပေါက်စ လင်းသြဘာ (ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ)

 - ကျနော်အခု လက်ရှိရောက် နေတဲ့ အခြေအနေကို စိတ်တိုင်းကျ ကျေနပ်နေတယ်လို့တော့ မဟုတ်သေးပါဘူး။ အရင်ကထက် စာရင်တော့ အခုအခြေအနေကို ကျေနပ်ပါတယ်။ ကျနော်ထပ်ပြီး ကြိုးစားမှာပါ။

အခုက လူငယ်ခေတ်ရောက် လာတော့ ကျနော်တို့ကြိုးစားသမျှ အရာတွေ အားလုံးက အရာထင်ပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာတယ်၊ ဂုဏ်ယူမိပါတယ်။ ကြိုးစားမှုဆိုတာက လူတယောက်ချင်းစီနဲ့ပဲ ဆိုင်ပါတယ်၊ ဒီနေ့ခေတ် လူငယ်တွေက ကြိုးစားချင်တဲ့စိတ်ရှိတဲ့သူများပါတယ်၊ ကြိုးစားချင်စိတ် မရှိတဲ့သူကတော့ ဘဝမှာ နောက်ကျကျန်ခဲ့မှာပါပဲ။

အဓိကကတော့ လူတယောက် ဖြစ်လာပြီဆိုရင် ဘဝမှာ အမြဲတမ်းကြိုးစားနေမှ အောင်မြင်မှုဆိုတာကို တကယ်ရရှိမှာပါ။ ကျနော်လည်း ကျနော့်ဘဝအတွက် အမြဲကြိုးစားနေပါတယ်။

 

မြတ်သူအောင်



.

1 comments :

  1. Anonymous said... :

    ရွှေဆွဲကြိုးက အစစ်လား ?
    rapper တော်တော်များများက ရွှေရောင်ဆွဲကြိုး အကြီးကြီးတွေ ဆွဲကြတယ်
    ဒီရုပ် ဒီရည်နဲ့တော့ ဘယ်လိုမှ အစစ်မဖြစ်နိုငါ်

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved