၈၈ ခေါင်းဆောင် ဦးကိုကိုကြီးရဲ့ မင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားလွှာ

Wednesday, March 19, 2014

မကြာခင်က ရန်ကုန်တိုင်း တရားရုံးမှာ မင်္ဂလာ လက်ထပ် လက်မှတ်ထိုးခဲ့ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသား 
ခေါင်းဆောင် ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်း တို့က ကလေးမြို့မှာ ကျင်းပမယ့် မင်္ဂလာ ဧည့်ခံပွဲ အတွက် ဖိတ်စာ ထွက်လာပါပြီ။ 



မင်္ဂလာ ဧည့်ခံပွဲကို မတ်လ ၂၁ ရက် သောကြာနေ့မှာ ကလေးမြို့ နဂါးရွှေစင်ခန်းမမှာ မနက် ၇ နာရီက
နေ နေ့လယ် ၁၂ နာရီအထိ မင်္ဂလာ ဧည့်ခံပွဲ ကျင်းပမှာဖြစ်ပါတယ်။ 

မင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားစာမှာတော့ … 

ရန်ကုန်တိုင်း ဒေသကြီး တောင်ဥက္ကလာပမြို့နယ်နေ ( ဦးသောင်းထွန်း+ ဒေါ်ဝင်းကြည် ) တို့၏ သားကြီး၊ ကိုအောင်ထွန်း+ မထင်သျှားစံ ( အောင်ရတာ ရွှေဆိုင်) တို့၏ အကို 

ကိုကိုကြီး

 နှင့် 

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့နေ ( ဒေါက်တာသိန်းဝင်း) + ဒေါ်ကြည်ကြည်မြင့် ( ရတနာပုံ ထီဆိုင်) တို့၏ သမီးငယ် 

ခင်သူသူဝင်း 

တို့၏ မင်္ဂလာ ဧည့်ခံပွဲသို့ ကြွရောက်ချီးမြင့်ပေးပါရန် ခင်မင်ရင်းနှီးစွာ ဖိတ်ကြားအပ်ပါသည် 

လို့ ရေးထားပါတယ်။ 


 အိမ့်သံစဉ် ~


 







0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved