မြန်မာအရာရှိများ အမေရိကန်မှာ သင်တန်းတက်

Friday, March 28, 2014

~

လျှပ်စစ်၊
ကျန်းမာရေး၊ စွမ်းအင်၊  ပို့ဆောင်ရေး အစရှိတဲ့ ဌာနတွေက အရာရှိကြီး အများအပြား ဖေဖော်ဝါရီ လကုန်ပိုင်းက အမေရိကန်မှာ သင်တန်း တက်ခဲ့ကြပါတယ်။
 
-
 

 -
အစိုးရကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍ အကြီးတန်းခေါင်းဆောင် ၂၀ ပါဝင်တဲ့ ဒီသတင်းကို စီစဉ်တာကတော့   General Electric (GE)  ဖြစ်ပါတယ်။ ဒုဝန်ကြီး၊ ညွှန်မှူးအဆင့်တွေ ပါဝင်ပါတယ်။

သင်တန်းကာလအတွင်း သွားရောက်လေ့လာတဲ့နေရာတချို့
- West Point စစ်တက္ကသိုလ်၊ 
-   GE ရဲ့ ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာ၊
- ရေနွေးငွေ့တာဘိုင်ထုတ်လုပ်ရေးစက်ရုံ
-  နယူးယောက်စတော့အိပ်ချိန်း

"ပြောင်းလဲတိုးတက်နေသည့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရမူဝါဒရေးရာ၊ ဥပဒေလေးစား လိုက်နာမှုနှင့် စည်းမျဉ်း စည်းကမ်းနှင့်ထိန်းကွပ်သည့် လုပ်ထုံးလုပ်နည်း များအတွက် မရှိမဖြစ်လိုအပ်သော ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားသင်ကြားပေးသည့် သင်တန်းဖြစ်ပါသည်" လို့

GE ရဲ့ ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
လေ့လာဖတ်ရှုလိုသူများအတွက် ထုတ်ပြန်ချက်နဲ့ ဓာတ်ပုံကို ကူးယူ ဖော်ပြလိုက်ပါတယ်။
 -

သတင်းထုတ်ပြန်ချက်
 
-
GE က Crotonville တွင် ပထမဆုံးအကြိမ် မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင်သင်တန်းကျင်းပပြုလုပ် ရန်ကုန်၊ မြန်မာ၊ ၂၀၁၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ - မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်ပို့ဆောင်ရေးဝန်ကြီးဌာန(မြန်မာ့လေကြောင်း) တို့မှ ကိုယ်စားလှယ်အရာရှိများအပါအဝင် အစိုးရကဏ္ဍနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ အကြီးတန်းခေါင်းဆောင် ၂၀ ဦး အတွက် ပထမဆုံးအကြိမ် မြန်မာလုပ်ငန်းအမှုဆောင်သင်တန်းအား General Electric (GE) က Crotonville ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

GE ၏ ကမ္ဘာလုံးဆိုင်ရာခေါင်းဆောင်မှုတက္ကသိုလ်နှင့် ကမ္ဘာ့ပထမဆုံး ကော်ပိုရိတ်တက္ကသိုလ်ကြီးဖြစ်သည့် GE Crotonville ၌ကျင်းပသည့် အဆိုပါ ရက်တိုသင်တန်းသည် ပြောင်းလဲတိုးတက်နေသည့် စီးပွားရေးလုပ်ငန်းများ၊ အစိုးရမူဝါဒရေးရာ၊ ဥပဒေလေးစားလိုက်နာမှုနှင့် စည်းမျဉ်းစည်းကမ်းနှင့်ထိန်းကွပ်သည့်လုပ်ထုံးလုပ်နည်း များအတွက် မရှိမဖြစ်လိုအပ်သော ခေါင်းဆောင်မှုဆိုင်ရာစွမ်းရည်များဖွံ့ဖြိုးတိုးတက်မှုအတွက် အလေးထားသင်ကြားပေးသည့် သင်တန်းဖြစ်ပါသည်။

အဆိုပါသင်တန်းသည် GE ၏ Corporate Citizenship လှုပ်ရှားဆောင်ရွက်မှုများ၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံတွင် စွမ်းရည်နှင့် စွမ်းဆောင်နိုင်မှုဆိုင်ရာ ပိုမိုကျယ်ပြန့်သော သင်ကြားလေ့ကျင့်ပေးမှုအစီအစဉ်ကို ပံ့ပိုးပေးသည့် သင်တန်းဖြစ်ပါသည်။ ဖေဖော်ဝါရီလကုန်ပိုင်းတွင်ပြုလုပ်သည့် အဆိုပါသင်တန်းတွင် သင်တန်းချိန်အများစုကို New York ရှိ GE Crontonville ပင်မကျောင်းပရဝုဏ်အတွင်း၌ ပြုလုပ်ခဲ့ပြီး West Point ရှိ အမေရိကန်ပြည်ထောင်စုစစ်တက္ကသိုလ်၊ Niskayuna ရှိ GE ၏ ကမ္ဘာလုံးဆိုင်ရာ သုတေသနစင်တာ၊ Schenectady ရှိ ရေနွေးငွေ့တာဘိုင်ထုတ်လုပ်ရေးစက်ရုံ နှင့် နယူယောက်စတော့အိပ်ချိန်း(NYSE) တွင် GE ၏ စတော့ရှယ်ရာအရောင်းအဝယ်အခြေအနေတို့ကို သွားရောက်လည်ပတ်လေ့လာသည့် အစီအစဉ်များလည်းပါဝင် ခဲ့ပါသည်။

GE ၏လုပ်ငန်းစုတစ်ခုလုံးမှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ သင်တန်းသားများသည် လေကြောင်းနယ်ပယ်၊ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းနယ်ပယ်၊ GE ၏ ခေါင်းဆောင်မှုဆိုင်ရာအယူအဆဒဿန၊ စွမ်းရည်စီမံခန့်ခွဲမှုနည်းဗျူဟာများနှင့် ဥပဒေစည်းမျဉ်းစောင့်ထိန်းလိုက်နာမှုဆိုင်ရာ အကောင်းဆုံးလုပ်ထုံးလုပ်နည်းများ စသည့် အကြောင်းအရာများအပေါ်တွင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ လေ့လာသုံးသပ်မှုများအပါအ၀င် ကျယ်ပြန့်သည့်အကြောင်းအရာများစွာကို လေ့လာသင်ယူခဲ့ကြပါသည်။
ထို့အပြင် အဆိုပါသင်တန်း၏ စိတ်ဝင်စားဖွယ် အကောင်းဆုံးအစီအစဉ်များတွင် တစ်ခုအပါအဝင်အဖြစ် သင်တန်းသားများသည် GE ၏ Chairman နှင့် CEOJeff Immelt နှင့်လွတ်လပ်သည့် တွေ့ဆုံဆွေးနွေးပွဲအစီအစဉ်တစ်ရပ်ကို ပြုလုပ်ခဲ့ပါသည်။

“GE ရဲ့ ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ခေါင်းဆောင်မှုနဲ့ တီထွင်ဆန်းသစ်မှုဆိုင်ရာ အကောင်းဆုံး လုပ်ထုံးလုပ်နည်းတွေကို နက်နက်နဲနဲလေ့လာသိရှိခွင့်ရစေခဲ့တဲ့ ပထမဆုံးအကြိမ် မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင် သင်တန်းကို ပါဝင်တက်ရောက်ခွင့်ရတဲ့အတွက် ဝမ်းသာမိပါတယ်။
သင်တန်းချိန်အတွင်းမှာ သွားရောက်ခဲ့ရတဲ့လုပ်ငန်းခွင်လည်ပတ်လေ့လာမှုတွေကနေ အသိအမြင်ပွင့်စေတဲ့ အတွေ့အကြုံတွေနဲ့ ခွန်အားတက်စရာများစွာကိုလည်း ရရှိခဲ့ပါတယ်” ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားပါသည်။

စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်ဇော်ကလည်း “စွမ်းအင်ဝန်ကြီးဌာနမှာရှိတဲ့ ကျွန်တော့်ရဲ့အဖွဲ့တွေကို ပြန်လည်ဝေမျှချင်တဲ့ အကြောင်းအရာများစွာကို Crotonville မှာပြုလုပ်တဲ့ မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင်သင်တန်းမှာ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ ခေါင်းဆောင်မှုနဲ့ပတ်သက်ပြီး အကြောင်းအရာများစွာကို GE က ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆွေးနွေးလေ့လာခွင့် ရခဲ့တာကလည်း တကယ့်ကိုအကျိုးရှိခဲ့ပါတယ”် ဟု ဖြည့်စွက်ပြောကြားပါသည်။

“မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင်သင်တန်းဟာ မြန်မာနိုင်ငံမှ အစိုးရကဏ္ဍရော ပုဂ္ဂလိကကဏ္ဍက စီးပွားရေးလုပ်ငန်းတွေပါ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို ဖြေရှင်းရာမှာကူညီပေးနိုင်ဖို့အတွက် ကျွမ်းကျင်မှု၊ နည်းပညာနဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးဖို့ GE ရဲ့ စဉ်ဆက်မပြတ်သံဓိဋ္ဌာန်ချထားမှုကို ကိုယ်စားပြုပါတယ်။
မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုအစီအစဉ်တိုးတက်စေဖို့နဲ့ နိုင်ငံတကာမှာယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ကူညီပံ့ပိုးပေးမယ့် ရည်မှန်းချက်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် လက်ရှိနဲ့ အနာဂတ်မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တွေကို လှုံ့ဆော်၊ ထိတွေ့ဆက်သွယ၊် ခွန်အားပေးပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်မှန်းထားပါတယ်” ဟု GE ၏ အာဆီယံဆိုင်ရာ CEO Stuart Dean က ပြောကြားပါသည်။

GE အနေဖြင့် ဖောက်သည်များ၏ ခေါင်းဆောင်မှုဆိုင်ရာပညာရေးအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းရှိဖောက်သည်များအား Crotonville အတွေ့အကြံများကို ပိုမိုပံ့ပိုးပေးလျက်ရှိကာ အတူတကွပူးပေါင်းဖန်တီးမှုဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များကို တန်ဖိုးထား လုပ်ဆောင်လျက်ရှိပါသည်။ ၂၀၁၃ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖောက်သည်များထိပ်သီးအစည်းအဝေးနှစ်ခုကို GE က စီစဉ်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှ စီးပွားရေးခေါင်းဆောင်နှစ်ဦးအပါအ၀င် နိုင်ငံပေါင်း ၆၀ မှ အကြီးတန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပါသည်။ အနာဂတ်တွင်ပြုလုပ်မည့် ကမ္ဘာလုံးဆိုင်ရာဖောက်သည်များထိပ်သီးအစည်းအဝေးများတွင် မြန်မာခေါင်းဆောင် စုစုပေါင်း ၅၀ ဦးကို ပါဝင်တက်ရောက်စေနိုင်ရန် စီစဉ်ထားပါသည်။

ယခုနှစ်၊ ဇန်န၀ါရီလတွင် GE Foundation မှ Lee Kuan Yewပြည်သူ့ရေးရာမူဝါဒကျောင်းက စီစဉ်ကျင်းပသည့် မြန်မာအစိုးရအရာရှိ များအတွက် “လေ့ကျင်သင်ကြားပေးသူများကို လေ့ကျင့်သင်ကြားပေးပါ” ဟူသည့် သဘောတရားကို အခြေခံသည့် အကြီးတန်းစီမံခန့်ခွဲမှုသင်တန်းအစီအစဉ်တစ်ရပ်ကိုပံ့ပိုးကူညီပေးခဲ့ပါသည်။ “မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်း” ဟူသည့်ခေါင်းစဉ်ကို အခြေခံပြီး နေပြည်တော်၌ စီစဉ်ကျင်းပသည့် အဆိုပါသင်တန်းသို့ အကြီးတန်းအစိုးရအရာရှိ ၄၄ ဦးကျော်တက်ရောက်ခဲ့ပါသည်။ အဆိုပါသင်တန်း၏ ရည်ရွယ်ချက်မှာ အာဆီယံနှင့် အရှေ့တောင်အာရှနိုင်ငံများထံမှ သင်ခန်းစာကို လေ့လာသင်ယူနေစဉ်အတွင်း အကြီးတန်းအစိုးရအရာရှိများအား လက်တွေ့ကျသည့် အဓိကသော့ချက်ရှုထောင့်များအကြောင်း လေ့ကျင့်သင်ကြားပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် အခြေအခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအရှိန်အဟုန်ကို ကူညီမြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပါသည်။

GE အကြောင်း

GE (NYSE:GE) သည် အကောင်းဆုံးသော လူ့စွမ်းအားနှင့် အကောင်းဆုံးနည်းပညာများဖြင့် အခက်ခဲဆုံးသောစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ GE ကုမ္ပဏီသည် စွမ်းအင်ကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ အိမ်သုံးပစ္စည်းကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ဘဏ္ဍာရေးကဏ္ဍတို့တွင် လိုအပ်ချက်များကို Building, Powering, Moving, နှင့် Curing ဟူသည့် ကဏ္ဍလေးရပ်ဖြင့် လက်တွေ့ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည့် ကုမ္ပဏီကြီးဖြစ်ပါသည်။ သတင်းအချက်အလက်များကို ပိုမိုသိရှိလိုပါက GE ကုမ္ပဏီ၏ Website ဖြစ်သည့် www.ge.com တွင် ၀င်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။

မီဒီယာဆက်သွယ်ရန် TODAY Ogilvy Public Relations Joshua Labya Shane Neubronner 95-09-421012974 95-09-421151418 joshua.doiaung@todayogilvy.com shane.neubronner@ogilvy.com ဓာတ်ပုံနှင့် ပုံစာ - ကျေးဇူးပြု၍ ဓာတ်ပုံအတွက် General Electric (GE) ကို credit ပေးပါ။

New York ပြည်နယ်၊ Ossining မြို့ရှိ Crotonville ခေါင်းဆောင်မှုဆိုင်ရာလေ့ကျင့်သင်ကြားရေးစင်တာ၌ ကျင်းပပြုလုပ်သည့် ပထမဆုံးအကြိမ် မြန်မာလုပ်ငန်းအမှုဆောင်ခေါင်းဆောင်သင်တန်း(MELP)သို့ မြန်မာနိုင်ငံ၏ အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍမှ ခေါင်းဆောင်များတက်ရောက်ခဲ့ပါသည်။

ပထမအတန်း(၀ဲမှယာ) – Andrew Lee, Chief Country Representative, GE Myanmar ၊ ဦးထိန်လွင်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Captain ဦးသန်းထွန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာ့လေကြောင်း၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန၊ H.E.ဦးအောင်သန်းဦး၊ ဒုတိယ၀န်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ Jeffrey R. Immelt, Chairman and CEO(GE), H.E. ဦးမြင့်ဇော်၊ ဒုတိယ၀န်ကြီး၊ စွမ်းအင်ဝန်ကြီးဌာန၊ ဦးမျိုးမြင့်ဦး၊ ဦးဆောင်ညွန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာန၊ ဒေါက်တာမြင့်ဟန်၊ ညွှန်ကြားရေးမှူးချုပ်၊ အစားအသောက်နှင့် ဆေးဝါးစီမံကွပ်ကဲရေးဌာန(FDA)၊ ကျန်းမာရေးဝန်ကြီးဌာန

ဒုတိယအတန်း (၀ဲမှယာ) - ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူး၊ ရောဂါထိန်းချုပ်ရေး၊ ကျန်းမာရေးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဒေါက်တာဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဦးကျော်ဖြိုးထွန်း၊ ညွှန်ကြားရေးမှူး၊ Myanmar Lighting IPP, ဒေါက်တာစန်းထင်အောင်၊ အမှူဆောင်ညွန်ကြားရေးမှူး၊ ဗဟိုစည်ဆေးရုံ၊ ဒေါက်တာ ၀င်းဇော်အောင်၊ မန်းနေးဂျင်းဒါရိုက်တာ၊ Sea Lion Co., Ltd., ဒေါ်သွယ်သွယ်၊ ဒုတိယညွှန်ကြားရေးမှူး၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဦးတင်မောင်ရည်၊ ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ စွမ်းအင်ဝန်ကြီးဌာန၊ Stephane leyo ၊ ဈေးကွက်ဒါရိုက်တာ၊ Asia Pacific GE O&G, Eva Hampl, R. Michael Gadbaw, International Law & Policy Fellowship, GE Corporate Legal

တတိယအတန်း(၀ဲမှယာ) – Krishpathy Parampathy, အကြီးတန်းဒု-ဥက္ကဋ္ဌ၊ GECAS (GE Capital Aviation Services), ဦးစိုင်းခမ်းပါ့ဖ၊ Chief Commercial Officer, Myanmar Airways International(MAI), ဦးဇေယျသူရမွန်၊ မန်နေးဂျင်းဒါရိုက်တာ၊ Zeya Associates Co., Ltd., Captain သန်းထွဋ်၊ အထွေထွေမန်နေဂျာ၊ မြန်မာ့လေကြောင်း၊ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒေါက်တာကျော်ဇင်သန့်၊ အမှုဆောင်ဒါရိုက်တာ၊ အာရှတော်ဝင်ဆေးရုံ၊ Thang Do, အကြီးတန်းအရောင်းမန်နေဂျာ၊ GE Power & Water, ဒေါ်ရတနာစုလှိုင်၊ မန်းနေးဂျင်းဒါရိုက်တာ၊ SMART Technical Services, Brian Fedigan, Crontonville Customer Program Manager, GE Corporate



.

1 comments :

  1. Ye Win said... :

    I hope these officer will take with them with clear message of customer care, corporate ethic, transparency, and non-discriminatory rules. The basic is how to respect your customer. The government respect the public, the boss respect the employees are comparable to good manners and you all should take home the goodies and serve the public.

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved