မြန်မာလူငယ်တွေထွင်နေတဲ့ ရွှေတိဂုံဆိုင်ရာ အပလီကေးရှင်း

Saturday, March 1, 2014

~



ခေတ်စားလာသော စမတ်ဖုန်းများအတွက် ထပ်မံပေါ်ပေါက်လာမည့် ပြည်တွင်းဖြစ် အပလီကေးရှင်းများအနက် တခုမှာ ရွှေတိဂုံဘုရားနှင့် တိုက်ရိုက် သက်ဆိုင်နေကြောင်း
သတင်းထောက် သီဟတိုးက ရေးသား ပေးပို့ထားသည်။
  -


ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ
 
ရွှေတိဂုံသမိုင်းနှင့် ရွှေတိဂုံရှိ အထင်ကရနေရာများအကြောင်း ဖော်ပြမည့် Mobile  Application ကို ရန်ကုန် ကွန်ပျူတာတက္ကသိုလ် (ရွှေပြည်သာ)
မဟာသိပ္ပံ ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးတို့ စုပေါင်း ရေးဆွဲနေကြသည်။

၎င်းတို့ကို  သင်တန်းပို့ချပေးနေသူမှာ ထိုင်းနိုင်ငံမှ တက္ကသိုလ်ဆရာတဦးဖြစ်သူ  Dr. Pilastpong Subsermsri က
“ရွှေတိဂုံဘုရားကြီးမှာရှိတဲ့ ရှေးဟောင်းအနုပညာလက်ရာ အမွေအနှစ်အဆောက်အဦတွေအကြောင်း၊ အထင်ကရနေရာတွေဖြစ်တဲ့ အံ့ဖွယ်ကိုးဆူအကြောင်းကိုလည်း screen တချက် ပွတ်ပြီး application အသုံးပြုခြင်းအားဖြင့် သိရှိနိုင်မှာဖြစ်ပါတယ်” ဟု သောကြာနေ့တွင် ပြောပြသည်။

၎င်းတို့ တီထွင်သည့်  Application တွင် အသံနှင့်စာများပါဝင်ပြီး Shwedagon Audion Guide ဟု အမည်ပေးမည်ဖြစ်သည်။

သင်တန်းသားများသည် မတ် ၂၁ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ကျင်းပမည့် Mobile App Academy ပြိုင်ပွဲ အတွက် သုံးလကြာသင်တန်း တက်ရောက်နေသူများဖြစ်သည်။

ပြိုင်ပွဲရက်တွင် တဖွဲ့လျှင် နှစ်ဦးနှုန်း အဖွဲ့ခွဲ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

ပထမဆု -  ဒေါ်လာ ၈၀၀ နှင့် ဆမ်ဆောင်းပစ္စည်း နှစ်မျိုး၊ ထိုင်းနိုင်ငံ ဆမ်ဆောင်းရုံးခွဲသို့ ၅ ရက်တာ ဆွေးနွေးပွဲခရီးစဉ်
ဒုတိယဆု - ဒေါ်လာ ၅၀၀
တတိယဆု - ဒေါ်လာ ၃၀၀

ပြီးခဲ့သည့် လေးပတ်တာ ကာလအတွင်း android operating system ပေါ်တွင် mobile application ရေးဆွဲခြင်းကို စာတွေ့လက်တွေ့ သင်ယူကြသည်။
လက်တွေ့အစီအစဉ်တွင် သင်တန်းသားများ အုပ်စုခွဲကာ  ရွှေတိဂုံသို့ သွားရောက်လေ့လာခြင်းလည်း ပါဝင်သည်။
 -
 


 -
သင်တန်းကာလ ဆော့ဖ်ဝဲရေးသားရာတွင် အသုံးပြုထားသော ဓာတ်ပုံတချို့ကို အင်တာနက်မှယူထားသည်ဟု  ဆမ်ဆောင်းကုမ္ပဏီ မြန်မာရုံးခွဲမှ Head of HHP Channel ကိုဇော်ဝင်းထက်က ဧရာဝတီကိုပြောသည်။

“တရားဝင် Launch လုပ်တဲ့အခါမှာတော့ သက်ဆိုင်ရာ ဓာတ်ပုံပိုင်ရှင်၊ ဌာန၊ အဖွဲ့အစည်းတွေကို သေချာအကြောင်းကြားပြီး Copy right law နဲ့အညီ သေချာဆောင်ရွက်ပြီးမှ Application ကို အခမဲ့ ဖြန့်ချိသွားမှာပါ” ဟု သူက ဆက်ပြောသည်။

သီဟတိုး

 















.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved