ဥရောပရဲ့ခရီးသွားဆု မြန်မာပြည်ရမယ်

Tuesday, March 18, 2014

~

ဥရောပ ခရီးသွားလုပ်ငန်းနဲ့ကုန်သွယ်ရေးကောင်စီ (ECTT) က မြန်မာပြည်ကို ဒီနှစ်အတွက်  ကမ္ဘာ့အကောင်းဆုံးခရီးစဉ်ဒေသဆု ပေးအပ်မယ်လို့ သိရပါတယ်။  - 
 


 -
အောက်တိုဘာလက ရွှေတိဂုံမှာ တွေ့ရတဲ့ နန်းခင်ဇေယျာ နဲ့ Miss International ပြိုင်ပွဲဝင်တချို့ (ဓာတ်ပုံ - နန်းခင်ဇေယျာ facebook)

ဒီအကြောင်း ဧရာဝတီသတင်းထောက် စမ်းယမင်းအောင်က  www.irrawaddy.org/burma/burma-designated-2014-world-best-tourist-destination-eu-body.html မှာ သတင်းတပုဒ် ရေးထားပါတယ်။
Burma Designated 2014 ‘World Best Tourist Destination’ by EU Body  ခေါင်းစဉ်နဲ့ပါ။

ECTT က ပေးမယ့် ဒီဆုကြောင့်   မြန်မာပြည်ကို ခရီးသွားတွေ ပိုပြီး ၀င်လာမယ် လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ချုပ် ဦးအောင်ဇော်ဝင်းက ဧရာဝတီသတင်းဌာနကို ပြောပြပါတယ်။

World Best Tourist Destination Award
The European Council on Tourism and Trade


ဒီဆုကို ၂၀၀၇ ခုနှစ်က အစပြုပြီး ဂုဏ်ပြုပေးအပ်နေတာပါ။
ဆုပေးတဲ့ကောင်စီရဲ့ အွန်လိုင်းမှာ ဖော်ပြထားချက်အရ ဆိုရင် အရင်နှစ်တွေတုန်းကတော့ ဆီးရီးယား၊ တူရကီ၊ ယူအေအီး၊ တောင်ကိုရီးယား၊ Trinidad and Tobago ဆိုတဲ့ ကျွန်းနိုင်ငံရယ်၊ လောနိုင်ငံရယ် စသဖြင့် ရခဲ့ကြပါတယ်။
ယူအေအီးက ၂ ကြိမ် ဆုပေးခံရပါတယ် တဲ့။

အခုတော့ မြန်မာပြည် အလှည့်ပါ။

မြန်မာပြည်မှာ အဏ္ဏ၀ါပိုင်းဆိုင်ရာ၊ တောတွင်းခရီးကြမ်း၊ ယဉ်ကျေးမှုဆိုင်ရာ ခရီးသွားလုပ်ငန်းတွေအပြင် သဘာဝအခြေခံခရီးသွားလုပ်ငန်း၊   ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း စသဖြင့် စုံစုံလင်လင် ၀န်ဆောင်မှု ပေးနိုင်တဲ့အကြောင်း ညွှန်ချုပ် ဦးအောင်ဇော်ဝင်းက ရှင်းပြပါတယ်။   ဒ့ါအပြင် ရေခဲတောင်လိုမျိုး ဒေသတွေလည်း ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် မြန်မာပြည်ကို ခရီးသည် နှစ်သန်းခွဲနီးပါး ရောက်လာတယ်၊ ဒီနှစ်ထဲမှာတော့ သုံးသန်း ရောက်ဖို့ မျှော်လင့်ရကြောင်းလည်း ညွှန်ချုပ်က ပြောပါတယ်။

ဒီဆုပေးမယ့် ECTT ကောင်စီရဲ့ အင်တာနက်စာမျက်နှာမှာတော့ ... ဆုရတဲ့ နိုင်ငံ သို့မဟုတ် မြို့ဟာ ခရီးသွားလုပ်ငန်းဆိုင်ရာမှာ ယဉ်ကျေးမှု၊ သမိုင်း၊ သဘာ၀၀န်းကျင်ကဏ္ဍတွေနဲ့ ပတ်သက်ပြီး တာဝန်ခံမှုတွေ ရှိရမယ်လို့ ဖော်ပြထားပါတယ်။

  • မူရင်း

Burma Designated 2014 ‘World Best Tourist Destination’ by EU Body
www.irrawaddy.org/burma/burma-designated-2014-world-best-tourist-destination-eu-body.html 
 

  •  - ဆက်စပ် -

ချောင်းသာကမ်းခြေမှ ဈေးချိုချို တည်းခိုခန်းများ 
http://blog.irrawaddy.org/2014/02/blog-post_1435.html

လူမြင်ကွင်းမှာ နှာခေါင်းမနှိုက်ဖို့ တရုတ်အစိုးရ သတိပေး 
http://blog.irrawaddy.org/2013/10/blog-post_3984.html

ဇွဲကပင်တောင်ပေါ် ကေဘယ်လ်ကားနဲ့တက်ရေး စီမံကိန်း 
http://blog.irrawaddy.org/2013/08/blog-post_30.html

တိုးရစ်တွေ များလာပေမယ့် Homestay မပေးသေး
http://burma.irrawaddy.org/news/2014/03/01/55656.html

ဝင်လာမစဲ တသဲသဲ အမြဲ ဖြစ်နေဖို့ 
http://blog.irrawaddy.org/2013/01/blog-post_5045.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved