ပိုင်ရှင်မဲ့ မောင်းပြန်သေနတ်တွေ သိမ်းမိတာ စိတ်ဝင်စားစရာ

Saturday, March 1, 2014

ပိုင်ရှင်မဲ့ မောင်းပြန် သေနတ်တွေ တွေ့ရှိတဲ့အကြောင်း ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ရဲဇာနည် က ဖော်ပြလာပါတယ်။ အခုတလော လက်နက်တိုက် အဖောက်ခံရတာ၊ လက်နက်တွေ ပိုင်ရှင်မဲ့ တွေ့နေ တာတွေ ကတော့ အတော်စိတ်ဝင်စားစရာ ကောင်းပါတယ်။ 

 ဓာတ်ပုံ- ရဲဇာနည်

ရဲတပ်ဖွဲ့က ဖော်ပြတဲ့ သတင်းကတော့ .... 

လက်နက်/ခဲယမ်းများ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ 
နေပြည်တော်၊ မတ် ၁ ၂၀၁၄ ခုနှစ်၊ 

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့သစ်မြို့နယ်ခွဲ၊ ဗန္ဓုလကျေးရွာနေ ဦးမြင့်ဦး(၃၂)နှစ်မှ တမူး-စေတီသွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၃/၀-၁)ကြား၊ တံတား အမှတ် (၁၄/၀)နှင့်(၁၅)ပေခန့်အကွာရှိ အင်းတောအတွင်း သေနတ် ၂ လက်နှင့် ကျောပိုးအိတ် အသေး (၁)လုံးတွေ့ရှိခဲ့ကြောင်း မင်းသာရဲကင်းရဲစခန်းသို့ လာရောက် အကြောင်းကြားချက်အရ မင်းသာ ရဲကင်း ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်မှတပ်မတော်သားများပါဝင်သော ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူသွားရောက်စစ်ဆေးခဲ့သည်။ 

ထိုသို့စစ်ဆေးရာ အိန္ဒိယ စာတန်းများပါရှိပြီး ဒင်နံပါတ်မပါ/နံပါတ်များဖျက်ဆီးထားကာ ကျည် (၁၆) 
တောင့်စီပါ ကျည်အိမ်များ တပ်ထားသည့် HK-33 သေနတ် ၂ လက်၊ NR တံဆိပ်ပါ နက်ပြာရောင် မိုးကာကျောပိုးအိတ်အတွင်းမှ HK-33 ကျည်အိမ် ၄ ခုနှင့် (၅.၅၆) ကျည် ၂၀၀ တောင့်တို့ အား တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် အဆိုပါ လက်နက်ခဲယမ်းများအား နယ်မြေခံတပ်သို့လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သတင်းရရှိသည်။





.




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved