မြန်မာ ရေကြောင်းလျှပ်စစ်အင်ဂျင်နီယာတွေ ကမ္ဘာကိုဝင်ဆံ့ဖို့

Saturday, March 1, 2014

~

ကျောင်းပြီးလို့
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာဘွဲ့ ရသွားပေမယ့်    နိုင်ငံခြားသင်္ဘော တက်လို့ မရသေးပါဘူး တဲ့။ ဒီအကြောင်း သတင်းထောက် မင်းဗညားက သတင်းပေးပို့ထားပါတယ်။

 


ပင်လယ်ကူးသင်္ဘောငယ်များ ဆိုက်ကပ်ရာ ရန်ကုန်ဆိပ်ကမ်း (ဓာတ်ပုံ - စည်သူလင်း / ဧရာဝတီ)
  -
ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသားများအနေဖြင့် ကျောင်းပြီးသွားသော်လည်း ပြည်တွင်း၌ Electrical Workshop Skill သင်တန်းများ ဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ကျောင်းသားအများစု အလုပ်လက်မဲ့နှင့် ရင်ဆိုင်နေရကြောင်း ယင်းဘာသာရပ်ကို တက်ရောက်နေသော ရေကြောင်းတက္ကသိုလ်မှ ကျောင်းသားများထံမှ သိရသည်။

ထိုသင်တန်းသည် နိုင်ငံတကာ ရေကြောင်းအဖွဲ့ချုပ် (IMO) က ၂၀၁၁ခုနှစ်အတွင်း ပြဌာန်းခဲ့သည့် နိုင်ငံတကာ သဘောင်္သားတိုင်း၏ အခြေခံ အရည်အချင်း လိုအပ်ချက်ကို ပြဌာန်းသော ဥပဒေတရပ်(STCW)  ဖြစ်ကြောင်း၊  သင်တန်း (၂၆)ပတ် တက်ရောက်ပြီးစီးကြောင်း လက်မှတ် ရရှိမှသာလျှင် နိုင်ငံခြား သင်္ဘောလိုင်းများ၌ ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ အရာရှိများအဖြစ် ဝင်ရောက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“mechanical ကျတော့ ဝပ်ရှော့စကေးကို ဖွင့်ထားတာရှိတယ်။ Electrical ကျတော့ ဝပ်ရှော့စကေး မဖွင့်ထားဘူး။ အလုပ်တွေ ကုမ္ပဏီတွေနဲ့ ချိတ်ဆက်မိပေမယ့်လည်း သင်တန်း မရှိတဲ့အတွက် အဆင်မပြေဘူး။ သင်တန်းရှိမှသာ အလုပ်ရမှာဖြစ်တဲ့အတွက် ဒီမေဂျာယူထားတဲ့ ကျောင်းသားတွေအတွက် အလုပ်အတွက် မျှော်လင့်ချက်နည်းနေတယ်” ဟု ၂၀၁၄ခုနှစ်အတွင်း အပတ်စဉ် ၈၌ ယင်းအထူးပြု ဘာသာရပ်ဖြင့် ကျောင်းပြီးခဲ့သည့် ကျောင်းသားဟောင်း ကိုဇေယျာထက်က ဧရာဝတီသို့ ပြောသည်။

ယင်းသင်တန်းအား အိမ်နီးချင်း အာဆီယံနိုင်ငံများ၌ ဖွင့်လှစ် သင်ကြားပေးမှုများ ရှိသော်လည်း ပြည်တွင်းရှိ ကျောင်းသားများ အနေဖြင့် သွားရောက် သင်ကြားမည်ဆိုပါက ကုန်ကျစရိတ်သည် များပြားသည့်အတွက် အခက်အခဲ ဖြစ်နေရသည်ဟု ဆိုသည်။ ယင်းဥပဒေ မပြဌာန်းစဉ်က အစိုးရမှ ETO ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးလျက်ရှိသော်လည်း IMO က ယင်းဥပဒေအား ပြဌာန်းခဲ့ပြီးနောက်ပိုင်း မူဝါဒပြောင်းလဲမှုများ ရှိခဲ့သည်ဟု ယင်းကျောင်းသားများက ပြောသည်။

“အရင်မူဝါဒဟောင်းနဲ့ လက်မှတ်ရခဲ့ပြီးသား လူတွေတောင် လက်မှတ်က သတ်တမ်းကုန်သွားတော့ ဘယ်လို ဆက်လုပ်ရမလဲတောင် မသိဘူးဖြစ်နေတယ်။ ဒီသင်တန်းရှိမှလို့ IMOက သက်မှတ်လိုက်တော့ သင်္ဘောလိုင်း ကုမ္ပဏီတွေက ဒီသင်တန်းလက်မှတ်ကို မေးလာကြပြီ။ လက်မှတ်မရှိလို့ အလုပ်က ဆင်မပြေကြဘူး” ဟု ကျောင်းသားဟောင်းတဦးဖြစ်သည့် ကိုဇေလင်းဖြိုးက ဆိုသည်။
ယခုအချိန်တွင် ယင်းဘာသာရပ် အထူးပြု ဘွဲ့ရရှိ ကျောင်းသားပေါင်း ၃၀၀ကျော်ခန့် ရှိပြီး ထိုအထဲမှ ၁၅ဦးခန့်သာ စနစ်ဟောင်းဖြင့် ကြုံတွေ့၍ လုပ်ငန်းခွင်၌ လုပ်ကိုင်နေရသည်ဟု သိရသည်။

ယင်းသင်တန်းအား အစိုးရ သို့မဟုတ် ပုဂ္ဂလိက များမှ ဖွင့်လှစ်နိုင်သည် ဆိုသော်လည်း ယင်းသင်တန်း ဖြစ်မြောက်ရန် ကုန်ကျစရိတ်သည် ကျပ်သိန်းလေးထောင်ဝန်းကျင်ခန့် ကုန်ကျနိုင်သည်ဟု ကျောင်းသားများက ဆိုသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ၄င်းတို့အနေဖြင့် လွှတ်တော်ကိုယ်စားတဦးဖြစ်သည့် ဒေါက်တာအေးမောင်နှင့် တိုင်ပင်ကာ လွှတ်တော်တွင်း တင်ပြ ဆွေးနွေးသွားရန် စီစဉ် ဆောင်ရွက်ထားသည်ဟု ဆိုသည်။

“အရင်က စနစ်ဟောင်းတုန်းက သဘောင်္ကျင်းမှာ လေးလဒေါက်ဆင်း အရာရှိစာမေးပွဲဖြေ လုပ်ရတယ်။ အခုက အဲ့ဒီလိုမဟုတ်ဘဲ MIO ရဲ့ ပြောင်းလိုက်တဲ့ မူဝါဒအရ ကျောင်းသားတွေအတွက် သင်တန်းက အခက်အခဲ ဖြစ်နေတယ်။ ဖြစ်နိုင်ရင် သင်တန်းကို အစိုးရကပဲ ဖွင့်စေချင်တယ်။ သင်တန်းဖြစ်မြောက်ဖို့ ကုန်ကျစရိတ်က များတဲ့အတွက် အစိုးရကဖွင့်ပေးမှပဲ ဈေးက သက်သာနိုင်မယ်ဟု ကိုဇေယျာထက်က ဆိုသည်။

ရေကြောင်း လျှပ်စစ် အင်ဂျင်နီယာ ဘာသာရပ်အား အထူးပြု ယူထားသော ကျောင်းသား
ဦးရေမှာ နှစ်စဉ် ၅၀ မှ ၇၀ ဝန်းကျင်ခန့်အထိ ရှိသည်ဟု သိရသည်။

 

မင်းဗညား
 



.

3 comments :

  1. minsoe said... :

    တစ်ကယ်တော့မြန်မာလျှပ်စစ်အင်ဂျင်နီယာတွေကကမွာ့ကုန်သွယ်ရေကြောင်းလောကမှာသိပ်နာမည်ကြီးတဲ့သူတွေပါ၊အရင်တုန်းကဆိုဘယ်သဘောင်္လိုင်းကြည့်ကြည့်တစ်ခြားသောရာထူးအဆင့်အတန်းအမျိုးမျိုးတစ်ခြားသောနိုင်ငံသားတွေကိုခန့်ထားပေမဲ့သင်္ဘောကလျှပ်စစ်အင်ဂျင်နီယာကတော့မြန်မာနိုင်ငံသားဆိုတာမြေကြီးလက်ခပ်မလွဲပါ၊တစ်ခါတစ်ရံတစ်စီးလုံးဥရောပသား သို့မဟုတ်ာအရှသားဖြစ်ခြင်ဖြစ်နိုင်ပေမဲ့တစ်ဦးထဲသောမြန်မာနိုင်ငံသားအဖြစ်ရှိနေသူကတော့လျှပ်စစ်အင်ဂျင်နီယာပါဘဲ၊မြန်မာလျှပ်စစ်အင်ဂျင်နီယာများမှာထိုးထွင်းဥာဏ်ကောင်းမူ့၊အရေးပေါ်လျှင်မြန်စွာဖြေရှင်းတတ်မူ့တို့ကြောင့်နာမည်ကြီးရခြင်းဖြစ်သည်။မြန်မာပြည်တွင်လျှပ်စစ်အင်ဂျင်နီယာမွေးထုတ်မူ့အားနဲသောကြောင့်မြန်မာပြည်မှခေါ်မရသောကြောင့်တစ်ခြားနိုင်ငံများမှပြောင်းခေါ်သောကြောင့်မြန်မာလျှပ်စစ်အင်ဂျင်နီယာများနှစ်ပေါင်းများစွာကြီးစိုးထားသောဈေးကွက်ဝေစုအချို့လွဲပြောင်းပေးခဲ့ရသည်။ယခုတိုင်ကမါာ့ထိပ်တန်းသင်္ဘောလိုင်းများတွင်မြန်မာလျှပ်စစ်အင်ဂျင်နီယာများရှိနေဆဲပါ။

  1. minsoe said... :

    တစ်ကယ်တော့ ETO ( သင်တန်းသာလျှပ်စစ်အရာရှိ ) လက်မှတ်ပေးပေမဲ့ပြောင်းလဲလာသောဥပဒေအရလျှပ်စစ်အလုပ်ရုံကျိမ်းကျင်မူ့လက်မှတ်ပေးမှသင်္ဘောလိုင်းများမှလက်ခံမည်ဆိုရင်လဲလိုအပ်သောသင်တန်းများကိုဖွင့်လစ်ပေးသင့်သည်။သင်္ဘောလိုက်ဖို့ကြိုးစားသူတိုင်းပိုက်ဆံချမ်းသာသောသူများဟုတရားသေသတ်မှတ်ရ်ျမရပါ။တစ်ချို့သောသူများမှာမိမိအိမ်ပေါင်နှံပြီးမှသင်္ဘောလိုက်ဖို့အစီစဉ်ဆွဲပြီးကြိုးစားရသောသူများဖြစ်သည်။ဘယ်သင်္ဘောလိုင်းမှအလကားပွဲခမရဘဲမတင်ပါ။လက်မှတ်ပြည့်စုံသည့်တိုင်အောင်ETO ဘ၀ကဖြောင့်ဖြူးသည်မဟုတ်ပါ၊လွယ်ကူစွာသင်္ဘောလိုက်လို့ရသည်မဟုတ်ပါ။ကမွာပေါ်ရှိသင်္ဘောလိုင်း၃၀၀ ကျော်တွင်များတွင်ETO ရာထူးဖြင့်ကိုတိုက်ရိုက်အလုပ်ခန့်သောသင်္ဘောလိုင်းက၁၀လိုင်းထက်မကျော်ပါမြန်မာပြည်ကကြယ်ငါးပွင့်ရှိသင်္ဘောများတွင်သာလျှပ်စစ်အင်ဂျင်နီယာခေါင်းစည်းအောက်တွင်လူ၃/၄ဦးထားသော်လဲနိုင်ငံခြားလိုင်းများတွင် EE ခေါ် လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးသာထားပါသည်။ ဆိုလိုသည်မှာမြန်မာပြည်ကကြယ်ငါးပွင့်ကလူ၎၊၅ ဦးလုပ်သောအလုပ်ကိုနိုင်ငံခြားသင်္ဘောလိုင်းတွင်တစ်ဦးသာလုပ်ခြင်းဖြစ်သည် ETO ထားသောသင်္ဘောလိုင်းများမှာလဲအင်မတန်ကြီးမားသောသင်္ဘောလိုင်းကြီးများသာဖြစ်သည်။ထိုလိုင်းအကုန်မှလဲမြန်မာETOကိုခေါ်သည်မဟုတ်ပါ။( တစ်ချို့မှာအင်ဒိယနှင့်ဖိလစ်ပိုင် များETO ကိုသာခေါ်ပါသည် )။တစ်ကယ်ဆိုရင်ETOဘ၀မှာလက်မှတ်ပြည့်စုံရင်တောင်သင်္ဘောလိုက်ဖို့ခက်ခဲသောရာထူးဖြစ်ပါသည်၊သင်္ဘောပေါ်တွင်တစ်ကယ်မရှိသောရာထူးဟူရ်ျတောင်အကြမ်းဖြင့်သတ်မှတ်နိုင်ပါသည်။ETOလက်မှတ်ဖြင့်အလွန့်အလွန်နဲပါးသောလူတစ်ချို့အလုပ်ရနိုင်သော်လဲအတော်များများကတော့၎၊၅နှစ်ရှာတောင်ရဖို့ခဲယဉ်းပါသည်၊ထို့ကြောင့်မြန်မာETOတော်တော်များများမှာEE လက်မှတ်အတုဝယ်၊သင်္ဘောသားစာအုပ်အတုဝယ်၊ထိုစာအုပ်ထဲတွင်သင်္ဘော၎၊၅စီးလိုက်ဖူးသလိုလို၎၊၅တုံးထုရ်ျလက်မှတ်များကိုသေသေခြာခြာဖိဖိစီးစီးမစစ်သောမလေးရှာ၊စင်္ကာပူ၊ယူအေအီးရှိသင်္ဘောလိုင်းသေးသေးများတွင်EEအတုဘ၀ဖြင့်သင်္ဘောသားဘ၀ကိုစတင်ရသည်၊ထိုသို့လုပ်ရခြင်းမှာမည်သည့်သင်္ဘောလိုင်းမှကြီးကြီးငယ်ငယ်လုပ်သက်မရှိသောသူကိုအလုပ်မခန့်ရ်ျထိုပေါ်လစီနှင့်ဘောင်ဝင်အောင်လုပ်ရခြင်းဖြစ်ပါသည်။ထိုနည်းဖြင့်သင်္ဘောပေါ်ရောက်သွားသော်လဲETO ဘ၀ကချောမွေ့စွာပြီးဆုံးသွားသည်ဟုပြောရ်ျမရပါ။သင်္ဘောကုမဏီမှမိမိအားETOဟူရ်ျသိထားသည်မဟုတ်ဘဲသင်္ဘောသားစာအုပ်ထဲကအတိုင်းEEဟူရ်ျသာသိထားသောကြောင့်သင်္ဘောပေါ်ကလျှပ်စစ်ပြသနာမှန်သမျှအောင်မြင်စွာဖြေရှင်းဖို့တာဝန်အရှိဆုံးလူဟူရ်ျသတ်မှတ်ထားသောကြောင့်မိမိမဖြေရှင်းနိုင်ရင်သင်္ဘောကုမဏီကမိမိအလုပ်ကိုဘာမှနားမလည်သောသူကိုလစာအလကားပေးမထားနိုင်သောကြောင့်အခြားကျွမ်းကျင်သောEEနှင့်လဲတော့မည်ဖြစ်ရ်ျတစ်နည်းအားဖြင့်အလုပ်ဖြုတ်ပြုတ်တာ့မည်ဖြစ်သည်။ETO တစ်ခါမှလက်တွေ့မမြင်ဘူးသောအလုပ်ခွင်ဖိအား၊ တစ်ခါမှမမြင်ဘူးသောစက်ကရိယာများနှင့်စတင်ထိတွေ့ရတော့သည်။သင်္ဘောတွင်မိမိသာလျှင်လျှပ်စစ်ဘုရင်ဖြစ်သည်။မိမိမသိတာကိုမေးစရာလူသင်္ဘောတွင်မရှိပါ။အင်ဂျင်နီယာများမှာအင်ဂျင်နီယာချုပ်၊ပ-ဒု-တ-စဟူရ်ျအဆင့်ဆင့်ရှိရာသူတို့မသိတာကိုအချင်းချင်းမေးနိုင်သည်။အချင်းချင်းအပြစ်အနာအဆာကိုဖုံးဖိနိုင်သည်။မိမိမှာလျှပ်စစ်ဌာနကိုမိမိတစ်ဦးထဲဖြင့်ဖွဲ့စည်းထားရ်ျမေးစရာလူမရှိပါ။မိမိမှာအသေအလဲမပျင်းမရိလေ့လာဘို့လိုသည်။ထိုအဆင့်သည်ETOများအတွက်အလွန်အရေးကြီးဆုံးအချိန်ဖြစ်သည်။မြန်မာETO အများစုမှာထိုအဆင့်ကိုအောင်မြင်စွာကျော်ဖြတ်သွားနိုင်သော်လဲအနဲစုမှာထိုအဆင့်မှာပင်ကျရှူံးသွားသည်ကိုတွေ့ရသည်။ဥပမာ...ELECTRIC HORN မမြည်တာမြည်အောင်မလုပ်နိုင်တာ၊ဘွိုင်လာမပြင်နိုင်တာ။မီးစက်မီးမထွက်ရ်ျစသည်ဖြင့်အလုပ်ပြုတ်သွားသောသူများလဲရှိသည်။ထိုအဆင့်ကျော်ရ်ျမြန်မာပြည်ပြန်ရောက်ရင်လဲသင်္ဘောသားစာအုပ်တွင်EEလုပ်ခဲ့ပါသည်ဟူရ်ျအစိုးရရေကြောင်းဌာနကိုပြရ်ျမရဘဲဆူးလေပတ်ဝန်းကျင်မှတံဆိပ်တုန်းရောင်းသောဆိုင်များတွင်မိမိလိုက်ခဲ့သောသင်္ဘောအချက်အလက်အတိုင်းတံဆိပ်တုန်းအတုမှာယူပြီးမိမိသင်္ဘောသားစာအုပ်အစစ်တွင်ETO ဖြင့်ထိုသင်္ဘောကိုလိုက်ခဲ့ပါသည်ဟုထုပြီးရေကြောင်းဌာနကိုတင်ပြရသည်။ထိုသို့၃၊၄ခေါက်လိုက်ပြီးမှမိမိလဲEEလက်မှတ်အစစ်ကလဲစာမေးပွဲဖြေပြီးရလာ၊လုပ်သက်ကရလာသောကြောင့်လုပ်ငန်းလဲကျွမ်းကျင်လာသောကြောင့်EEလက်မှတ်အတုဖြင့်လုပ်နေရသောဘ၀ကိုကျောခိုင်းနိုင်ပြီးလစာပိုကောင်း၊လိုင်းပိုကြီးသောသင်္ဘောလိုင်းများတွင်ဝင်ရောက်လျှောက်ထားကာတာဝန်ထမ်းဆောင်နိုင်တော့မည်ဖြစ်သည်။သင်္ဘောလိုင်းများမှာအလုပ်သင်လျှပ်စစ်အရာရှိကိုETOဟုခေါ်သော်လဲ။ထိုမှတစ်ဆင့်မြင့်ရာထူးကိုလျှပ်စစ်အရာရှိ(EO) ဟုမခေါ်ဘဲလျှပ်စစ်အင်ဂျင်နီယာEEဟုသာခေါ်ပါသည်။

  1. Anonymous said... :

    yellow

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved