မလေးရှားလေယာဉ် နဲ့ ဒိတ်လိုင်းဧရာဝတီ

Friday, March 28, 2014

~




 -
ဒီတပတ်မှာတော့ ကျနော်တို့ နိုင်ငံတကာမှာရော၊ မြန်မာနိုင်ငံမှာရော စိတ်ဝင်စားနေတဲ့ သတင်းတပုဒ်ကို ကျနော်တို့ တင်ပြဆွေးနွေးသွားမှာဖြစ်ပါတယ်။ အဲ့ဒါကတော့ မလေးရှားလေကြောင်းလိုင်းခရီးသည်တင် ဂျက်လေယာဉ်ကြီး ပျောက်ဆုံးသွားတဲ့ သတင်းပဲဖြစ်ပါတယ်ခင်ဗျာ။ ဒါနဲ့ပတ်သက်ပြီးကျနော်နဲ့အတူ ပါဝင်ဆွေးနွေးသွားမယ့်သူကတော့ ဧရာဝတီ သတင်းထောက် ကိုလင်းသန့်ဖြစ်ပါတယ်။

ကိုအောင်ဇော်။ ။ ကိုလင်းသန့် အခုဆိုရင်   7
77 MH  370 ဟာ ကွာလာလမ်ပူကနေပြီးတော့ ပေကျင်းကိုသွားတဲ့ ခရီးစဉ်ပေါ့။ မတ်လ ၈ ရက်နေ့ ညမှာသွားတယ်၊ ဒီခရီးစဉ်အတွင်းမှာ ပေကျင်းကို မနက်မှာ ဆိုက်ရောက်မှာဖြစ် တယ် ဆိုတော့ လေယာဉ်က လမ်းမှာတင် ပျောက်သွားတယ်။ ပျောက်သွားတဲ့အချိန်မှစ၍ အခုအချိန်ထိ နိုင်ငံပေါင်း ၂၇ နိုင်ငံက အမေရိကန်နိုင်ငံ အပါအ၀င်ပေါ့လေ Aircraft Carrier  ကိုပါ လွှတ်ပြီးတော့ ဒီလေယာဉ်နောက်ကို လိုက်ပြီးတော့ရှာတယ် အခုထက်ထိမတွေ့သေးဘူးပေါ့။
တကမ္ဘာလုံးက ဒီသတင်းကို အရမ်းကို စိတ်ဝင်စား နေတဲ့သတင်းဖြစ်တယ် ဆိုတော့ မြန်မာနိုင်ငံကလည်း မြန်မာအစိုးရကလည်း ဒီလေယာဉ်အတွက်ကို သူတို့ ပါဝင်ကူညီပေးဖို့ ရေတပ်အကူအညီနဲ့ပေါ့ မြန်မာ့ရေပိုင်နက်ကိုရှာဖို့ သူတို့ပါဝင်ဆောင်ရွက်တယ်ပေါ့။ ဘယ် ရောက်နေလဲ၊ ခရီးသည်တွေကလည်း ၂၀၀ ကျော်တယ်ဆိုတော့ ဘယ်သူကပဲ လေယာဉ်ကို မောင်ပိုင်စီးသွား တာလား၊ လေယာဉ်ကပဲ ပျက်ကျသွားတာလား အဲဒီအကြောင်းကိုဆွေးနွေးတဲ့အခါမှာ ကိုလင်းသန့် ဒီ   777 လေယာဉ်အကြောင်းလေး အရင်ဆုံးစရအောင်။

ကိုလင်းသန့်။ ။ ဒီ   777 လေယာဉ်ပျံက ပြောရမယ်ဆိုရင် လုံခြုံရေးစနစ်အရ အင်မတန်မှ အဆင့်မြင့်တဲ့ နည်းပညာတွေနဲ့ နောက်ဆုံးပေါ် လေယာဉ် အမျိုးအစားတခုပေါ့။ ဒီလေယာဉ်ဟာ လေကြောင်း ပြချက်ပြ စနစ်တွေ၊ ရေဒါစနစ်တွေ၊ အင်ဂျင်ကနေ အလိုအလျောက် ထုတ်လွှင့်တဲ့ စနစ်တွေနဲ့ မြေပြင်ကို အော်တိုမစ်တစ် ဆက်သွယ်တဲ့ စနစ်တွေပါတဲ့ လေယာဉ်အမျိုးပေါ့။ နောက် ဒီလေယာဉ်ရဲ့ လုံခြုံမှု အမျိုးအစား ကလည်း နိုင်ငံတကာမှာ လုံခြုံမှုအရှိဆုံး လေယာဉ်အမျိုးအစားထဲမှာ ပါတာပေါ့လေ။ ဒါပေမယ့် အခုလို လုံခြုံမှု အရှိဆုံး၊ နည်းပညာစနစ်တွေ အများကြီးပါတဲ့ လေယာဉ်ကြီး ထူးထူးဆန်းဆန်း ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီးတော့ တော်တော်လေးကို အံ့အားသင့်စရာပေါ့။ လေယာဉ်ကဖြစ်တာက ၇ ရက်နေ့ည သန်းခေါင်ကျော် ပေါ့  ၈ ရက်နေ့ကူးခါစ နာရီဝက်လောက်ပဲ ရှိသေးတယ် - လေယာဉ်က ကိုလန်ပီယံ ကနေတတ်တယ် ပေကျင်းကိုသွားမယ် ထိုင်းပင်လယ်ကွေ့နဲ့ ဗီယမ်နမ်လေပိုင်နက်ထဲ မရောက်ခင်မှာ လေယာဉ်က ရေဒါကနေ ပျောက်သွားတာ။ ပျောက်သွားပြီးတော့ လေယာဉ်က ဘယ်ဘက်ကိုကွေ့ပြီးတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို ပျံသွားတယ်ဆိုတဲ့။

ကိုအောင်ဇော်။ ။ ဒါပေမယ့် လေယာဉ်က ပျက်သွားတယ်ထင်ပြီးတော့ အရင်တုန်းက တောင်တရုတ်ပင်လယ် မှာသွားပြီးတော့ ရှာကြသေးတယ်။ မဟုတ်ဘူး။ နောက်ဆုံးပိတ် ပြန်တွေ့တာကတော့ ဒီလေယာဉ်ပျံ မလေးရှား ကနေ ဗီယက်နမ်အကူးမှာ တစုံတယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ transponder  လို့ခေါ်တဲ့ အချက်ပြတဲ့ဟာကို ပိတ် လိုက်ပြီးတော့ လေယာဉ်ပျံကို သူ ကွေ့လိုက်တယ်ပေါ့။ ကွေ့လိုက်ပြီးတော့ အိန္ဒိယ သမုဒ္ဒရာဘက်ကို မောင်း သွားတယ်ပေါ့။ အဲ့ဒီမှာလည်း မြန်မာတွေဘက်ကို ကျော်သွားလားဆိုပြီးတော့ မြန်မာတွေကလည်း ၀င်ပြီးတော့ ရှာဖွေရေးတွေ ကူညီရေးတွေ လုပ်ရတဲ့ကိစ္စဆိုတော့၊ အခုဆိုနောက်ဆုံးပိတ်သတင်းတွေအရဆိုရင် သူတို့ပြောတာက Southern Corridor နဲ့ Northern Corridor သတင်းတွေရှိတယ်။ အိန္ဒိယ သမုဒ္ဒရာဘက်ကိုသွားသလား၊ ဒါမှမဟုတ်ရင် မြောက်ပိုင်းဖြစ်တဲ့ ကာစစ္စတန်တို့ဘက်ကိုသွားသလား ၊ အာဖဂန်နစ္စတို့ဘက်ကို သွားသလားဆိုတော့တွက်ချက်တွေ မျိုးစုံရှိနေ တယ်ဆိုတော့ အမေရိကန်ဘက်ကပြောတာကတော့ လေယာဉ်ပျံက အဲ့ဘက်ကို သွားဖို့တော့မလွယ်ဘူး၊ မြောက်ပိုင်းပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ ပါကစ္စတန်တို့၊ အာကစ်နစ္စတန်တို့ ဘက်မှာဆိုရင် ဖြတ်မောင်းဖို့မလွယ် ဘူး၊ ရေဒါစစ်စတန်က အရမ်းကောင်းတယ် ။ သူတို့တွက်နေတာကတော့ အိန္ဒိယ အိုးရှမ်းဘက်ကို သွားသလား ပေါ့။ ကျနော်ထင်တာကတော့ နိုင်ငံပေါင်း ၂၇ နိုင်ငံကနေ ပါဝင်ပြီးတော့  စတင်ရှာဖွေကယ်ဆယ်ရေး လုပ်ရတယ်ဆိုတာ အကြီးဆုံးတခုပေါ့။ ဒါပေမယ့် အခုထက်ထိ လက်သည် တရားခံကိုလည်းမတွေ့ဘူး။ လေယာဉ်ပျက်ကျပြီဆိုရင်လည်း ပျက်ကျခဲ့တဲ့ လေယာဉ်အပိုင်းအစကို အခုထိလည်းမတွေ့ဘူး။ လေယာဉ် ကို မောင်ပိုင်းစီးသွားတာလားဆိုတော့လည်း အဲ့ဒါနဲ့ပတ်သက်ပြီးတော့ သတင်းအစအနလည်းမရဘူး။

ကိုလင်းသန့်။ ။ မတ်လ ၁၅ ရက်နေ့က မလေးရှား ၀န်ကြီးချုပ်ကနေပြီးတော့ သတင်းစာ ရှင်းလင်းပွဲလုပ်တယ်။ အဲဒီသတင်းစာရှင်းလင်းပွဲမှာတော့ မလေးရှားရေဒါစစ်တပ်က ရရှိထားတဲ့ သတင်းအချက်အလက်တွေ၊ ဂြိုဟ်တုကနေရရှိထားတဲ့ ရေဒါအချက်အလက်တွေအရ  ဒီလေယာဉ်ဟာ လေယာဉ်ပေါ်မှာပါလာတဲ့ တစုံတယောက်ကနေ စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ လမ်းကြောင်းပြောင်းပြီးတော့ ပျံသွားတယ်။ လေယာဉ်ပျံသန်းတဲ့အခါမှာ အင်မတန်မှမြင့်တဲ့ လောင်ဂျီတွဒ်တခုကို တက်ပျံသွားပြီးတော့မှ လမ်းကြောင်းကိုရွှေ့တယ်၊ တကြိမ်ထက်မက လမ်းကြောင်းကိုရွှေ့တာကို ကြည့်ခြင်းအားဖြင့် သူတို့မှာရရှိထား တဲ့အချက်အလက်တွေအရ လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာဘက်ကို ဦးတည်ပြီးပျံသွားတယ်လို့ သူတို့က ကောက်ချက်ချတယ်။ ဒါကြောင့်မို့လို့ မလေးရှားဝန်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲအရ ပြောရမယ်ဆိုလို့ရှိရင်
လေယာဉ်အကြောင်း ကောင်းကောင်းနားလည်တဲ့ လေကြောင်းပညာကို ကောင်းကောင်းနားလည်တဲ့  လူတယောက်က လေယာဉ်ကို ထိန်းချုပ်သွားတယ်လို့ ကောက်ချက်ချလို့ရတယ်။

ကိုအောင်ဇော်။ ။ အဲဒါကြောင့် ကျနော်ထင်တယ် အရင်တုန်းက Focus က အရင်တုန်းက Investigate လုပ်တဲ့သူတွေက hijack လုပ်သလားဆိုတဲ့ သီအိုရီတွေကို အမျိုးမျိုးဆွဲထုတ်နေတဲ့ကြားမှာ အခုအရင်တုန်းက
Focus မလုပ်ခဲ့တဲ့ ပိုင်းလော့စ်ကို ပြန်ပြီး Focus လုပ်တာတွေ့ရတယ်၊ အခုဆိုရင် ပိုင်းလော့ အိမ်ကို ရှာတယ်။ အခု သူရဲ့ flight stimulator ကိုပါ ဖမ်းဆီးတာတွေလုပ်တယ်။  စစ်ဆေးတာတွေ လုပ်တယ်ဆိုတော့ ပိုင်းလော့ နှစ်ယောက်ထဲက တယောက် ဘယ်သူများလုပ်သလဲဆိုတဲ့ သီအိုရီတခု အသစ်ထွက်နေတာကိုတွေ့ရတယ်။

ကိုလင်းသန့်။ ။ အဲ့ဒီမှာတော့ မလေးရှား ၀န်ကြီးချုပ်က ၁၅ ရက်နေ့က သတင်းစာရှင်းလင်းပွဲ လုပ်လည်း လုပ်ပြီးရော ပိုင်းလော့စ်နှစ်ယောက်လုံးရဲ့ အိမ်ကိုသွားပြီးတော့ မလေးရှားရဲတွေက ရှာတယ်၊ စစ်ဆေးတယ်။ လေယာဉ်မှူးကြီးရဲ့ ကွန်ပျူတာ လက်တော့စ်နှစ်လုံးကို သိမ်းလိုက်တယ်။ ထူးခြားတာက ဒီလေယာဉ်မှူးကြီးရဲ့ အိမ်မှာ လေယာဉ်မောင်းတဲ့ စခန်းပုံစံ
flight stimulator   ရှိနေတယ် အဲဒါတွေပါ သူတို့ သိမ်းလိုက်တယ်။ သူတို့က သံသယ ဖြစ်တယ်။ တဖက်ကလည်း လေယာဉ်မှူးကြီးကို နိုင်ငံရေးနဲ့ချိတ်ထားတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အတိုက်အခံခေါင်းဆောင်ဖြစ်တဲ့ အန်ဝါအီဘရာဟင်ကို ထောင်ချလိုက်တဲ့အခါကျတော့  သူက အီဘရာဟင်ကို ခိုင်ခိုင်မာမာ ထောက်ခံတဲ့ သူတယောက်ဖြစ်တယ်ဆိုပြီးတော့ ချိတ်ပြထားတယ်။ ဒါကတော့ ဒေသဆိုင်ရာ သတင်းဌာန တွေက ချိတ်ပြထားတာပေါ့။ လေယာဉ်မှူးကြီးနဲ့ တွဲဖက်လေယာဉ်မှူးအပေါ်မှာ သူတို့က သံသယ ပိုကြီး လာတယ်။ လေယာဉ်က အရမ်းကို အဆင့်မြင့်တယ်။ လေယာဉ်ပျံသန်းသွားလာပုံက ရေဒါတွေလွတ်အောင် ပျံသန်းသွားလာပုံတွေကအစ စက်ခလုတ်တွေကို စနစ်တကျပိတ်သွားတာတွေ သူတို့ရရှိထားတဲ့ အချက် အလက်တွေအရ ။

ကိုအောင်ဇော်။ ။ နောက်တခုက ကျနော်ဖြတ်ပြောချင်တာက အဲ့ဒီလေယာဉ်ပျံသန်းနေတဲ့အချိန်မှာ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာသန်းခေါင်ယံအချိန်မှာ ရာသီဥတုက တော်တော်ကောင်းတယ်။ လေယာဉ်ပျက်ကျဖို့ အခြေအနေလည်းမရှိဘူး။ ဟုတ်တယ်မလား။

ကိုလင်းသန့်။ ။ ဟုတ်တယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ လေယာဉ်မပျောက်ဆုံးမီ ၁၂ ရက်အလိုလောက် ကတည်းက လေယာဉ်နဲ့ပတ်သက်ပြီးတော့ ဒီပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့တယ်။ လုပ်ခဲ့ပြီးတော့ ဒီလေယာဉ်ဟာ အားလုံးကောင်းတယ်ဆိုတာကို အတည်ပြုခဲ့တယ်။ ဒီလေယာဉ်ဟာ သက်တမ်းအားဖြင့် ပြောရမယ်ဆိုရင် ၁၂ နှစ်ကြာပြီ။ ပျံသန်းချိန်ပေါင်းက ငါးသောင်းသုံးထောင်ငါးရာကျော် နာရီ ရှိသွားပြီ။ လေယာဉ်နဲ့ပတ် သက်တဲ့ အခြေအနေတွေက ကောင်းတယ်။ ပျက်စီးဆုံးရှုံး ပျက်ကျသလားဆိုတဲ့ အထောက်အထားနဲ့ ပတ်သက်လို့ကတော့ ဖြစ်စရာမရှိဘူးနည်းလာတယ်ပေါ့လေ သတင်းသုံးသပ်ချက်တွေအရတော့။  အများစု ယူဆတာကတော့ လေယာဉ်ပိုင်းလော့ နှစ်ယောက်ဖြစ်မလား၊ သို့မဟုတ် လေယာဉ်ပေါ်မှာပါလာတဲ့ တစုံတယောက်က ဆိုလိုတာက လေကြောင်းပညာနဲ့ ပတ်သက်လို့ ကျွမ်းကျင်တဲ့သူတယောက်ဖြစ်မလားပေါ့။ ဒါကြောင့်ပဲ မနေ့က ရိုက်တာ သတင်းတပုဒ်မှာ ပေါ်လာတာကတော့ အင်ဂျင်နီယာတယောက်ခရီးသည်တဦး အဖြစ် ပါသွားတယ်၊ သူ့အပေါ်လည်း သံသယတိုးလာတယ်။ အခုဆိုရင် သံသယအဓိကကတော့  လေယာဉ် ပိုင်းလော့စ် နှစ်ယောက်ရယ်၊ လေယာဉ်အမှု့ထမ်းတွေရယ်၊ အဲ့ဒီပုဂ္ဂိုလ်ရယ်ပေါ့လေ။ အခုနောက်ဆုံး သူတို့ရဲ့ စုံစမ်းစစ်ဆေးမှုနဲ့ ပထမတော့ ရှာဖွေရေးတွေပဲလုပ်နေ တာပေါ့လေ၊ အခုဆိုရင် စုံစမ်းမှုတွေက Criminal operation တွေပါဖြစ်လာတယ်ပေါ့လေ။  သူတို့ Focus ထားတာက လေယာဉ်မှူးနှစ်ယောက်ရယ်၊ လေယာဉ်ပေါ်မှာပါလာတဲ့  ခရီးသည်တွေကိုပါ သူတို့အဓိကထားလာတယ်။

ကိုအောင်ဇော်။ ။ ဒါပေမယ့် နိုင်ငံတကာက ဒီကိစ္စကို ၀င်ပြီးတော့ ကူညီနေတဲ့ သူတွေကအစပေါ့ FBI အပါအ၀င် US အစိုးရက အစ သူတို့ပြောနေတာကတော့ အခုထက်ထိဆိုရင် မလေးရှားအစိုးရကနေပြီးတော့ Investigation နဲ့ ပတ်သက်ပြီးတော့ ပူးပေါင်းပါဝင်ကူညီတာ အချက်အလက်တွေကို ပေးတဲ့နေရာမှာတော့  သူတို့ စိတ်ကျေနပ်မှု မရှိဘူးဆိုပြီးတော့ အသံတွေထွက်တယ်။ တခုခုများ သူတို့ ထိန်ချန်ထားသလားဆိုတဲ့ အတွေး တွေလည်း အရေးတွေလည်း ကျနော် သတင်းစာထဲမှာ တွေ့ရတယ်။

ကိုလင်းသန့်။ ။ စဉ်းစားစရာတခုရှိတာက ဒီလေယာဉ်နဲ့ပတ်သက်ပြီး နိုင်ငံတကာရဲတပ်ဖွဲ့ ပေါ့။ ဒီ
နိုင်ငံတကာရဲတပ်ဖွဲ့ကနေ ဖော်ထုတ်လိုက်တာက လေယာဉ်ပေါ်မှာ ခိုးယူသွားတဲ့ ပတ်စပို့ နှစ်ခုသုံးတဲ့ ခရီးသည်ပါ လာတယ်။ အဲဒီဟာလည်း စိတ်ဝင်စားဖို့ကောင်းတယ်။  အဲ့နှစ်ယောက်က အီတလီသားတွေ ဖြစ်တယ်၊  သူတို့က သတင်းတွေအဆိုအရတော့   ဥရောပမှာ သွားပြီးတော့  အခြေချ ပုံရတယ်၊ အကြမ်းဖက် အဖွဲ့ အစည်းတွေနဲ့ ဆက်စပ်နိုင်ဖွယ် မရှိဘူးလို့လည်း ဆိုကြပြန်တယ်။ တခါ  နိုင်ငံတကာရဲတပ်ဖွဲ့ ရဲ့ ပြောဆိုချက်အရ သတင်းတပုဒ်မှာ ဘယ်လောက်ပြောလဲဆိုရင် မလေးရှားအစိုးရကို သူတို့ အကြိမ်ကြိမ်ကမ်းလှမ်းပေမယ့် မလေးရှား အစိုးရက  နိုင်ငံတကာရဲတပ်ဖွဲ့ နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အင်အားသုံး ပယ်ချခဲ့တယ်ဆိုတာ သတင်းတပုဒ်မှာ ရေးထားတာလည်းတွေ့ရတယ်။

ကိုအောင်ဇော်။ ။ ပတ်စပို့စ်နဲ့ ပတ်သက်ပြီး Sideline Story ဖြစ်သွားတာကတော့ ပတ်စပို့စ်အတုကိစ္စကြောင့် ထိုင်းနိုင်ငံ ဆိုရင်  ပတ်စပို့စ်အတုနဲ့ ပတ်သက်ပြီး နာမည်ကြီးပေါ့လေ။ ပတ်စပို့စ်အတုတွေ ရောင်းဝယ်ဖောက်ကားနေတဲ့ ထိုင်းနိုင်ငံမှာ ဆိုရင်လည်း ကျနော်ထင်တယ် အဲ့ဒီအဖွဲ့တွေက တော်တော်တော့ ဒီကိစ္စကြောင့်  ထိုင်း လုံခြုံရေးအဖွဲ့ က သူတို့ လိုက်ဖမ်းဆီးရ တော်တော်ရှိတယ်လို့ကြားတယ်။

ကိုလင်းသန့်။ ။ အခု ဘန်ကောက်ကတော့
နိုင်ငံတကာရဲတပ်ဖွဲ့က ပြောထားတာလေ ..   တကမ္ဘာလုံးမှာ ပတ်စပို့စ်ပျောက်ဆုံးတာ သန်း ၄၀ လောက်ရှိတယ်။ အဲ့ဒီ သန်း ၄၀ မှာ အဆိုးရွားဆုံးကတော့ ထိုင်းနိုင်ငံ၊ ထိုင်းနိုင်ငံက နိုင်ငံခြားသား ပတ်စပို့စ်ပျောက်ဆုံးမှု၊ ခိုးယူခံရမှု အများဆုံးနိုင်ငံဖြစ်တယ်လို့ သူကဆိုထားတယ်။ အဲ့ဒီအတွက်ကြောင့်ပဲ လေယာဉ်ပေါ်မှာပါသွားတဲ့ ခိုးယူ ပတ်စပို့စ် သုံးသွားတဲ့ အီတလီ နှစ်ယောက်နဲ့ ပတ်သက်ပြီးတော့ သူတို့က ထိုင်းနိုင်ငံကိုလာတယ်၊ အီရန် နိုင်ငံကူးလက်မှတ်နဲ့လာတယ်။ ထိုင်းနိုင်ငံကနေ အဲ့ဒီ ပတ်စပို့စ်နှစ်ခုရသွားတယ်။ ရသွားပြီးတော့ အီရန် နိုင်ငံ ကူးလက်မှတ်နဲ့ပဲ မလေးရှားကိုသွားတယ်။ မလေးရှားရောက်ပြီးတဲ့အခါကျမှ ဥရောပ ပတ်စပို့စ်ကို သုံးပြီးတော့ ဒီလေယာဉ်ကို စီးသွားတာ။ ဒီအတွက်ကြောင့် ဂယက်က ဘာလာရိုက်လဲဆိုတော့  ဘန်ကောက်မှာရှိတဲ့ ပတ်စပို့စ်မှောင်ခိုဈေးကွက်ပေါ့  မှောင်ခိုင်ဈေးကွက်က တော်တော်လေးကို ဂယက်သွားပြီး ပြေးကြ လွှားကြတာတွေ ဖြစ်ကုန်ကြတယ်လို့ ကြားတယ်။

ကိုအောင်ဇော်။ ။ အခုထက်ထိ ဂယက်ရိုက်နေတဲ့၊ အခုထက်ထိ ရှာဖွေမရတဲ့ လေလယာဉ် အကြာင်းနဲ့ ပတ်သက်ပြီးတော့ ပထမ ဆုံး လူတွေ တွက်ကြတာတွေ၊ သီအိုရီတခုနဲ့ ထွက်လာတာမျိုးတွေရှိတယ်ပေါ့၊ ဘာကြောင့်လဲဆိုတော့ ပေကျင်းကိုပျံသွားတဲ့ မလေးရှား  လေယာဉ်ကြီးမှာ ခရီးသည်အများစုက တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ လွန်ခဲ့တဲ့ တပတ်၊နှစ်ပတ်အတွင်းမှာဆိုရင်လည်း တရုတ်နိုင်ငံမှာရှိတဲ့ ခွဲထွက်ရေး အုပ်စုတွေပေါ့၊ ၀ီကာ လူမျိုးတွေကနေပြီးတော့ ဓားနဲ့တိုက်ခိုက်တာ လူပေါင်း ၃၇ ယောက်လောက်သေဆုံးခဲ့တာတွေ အဲ့ဒါမျိုးတွေ ဆက်တိုက်ဖြစ်နေတာ ကျနော်တွေ့ရတယ်ပေါ့။  အဲ့ဒါနဲ့ ဆက်စပ်ပြီးတော့ အဲ့ဒီမှာရှိတဲ့ အကြမ်းဖက် အဖွဲ့တဖွဲ့ကများ ဒီလေယာဉ်ကို အပိုင်စီးလားဆိုတဲ့ သုံးသပ်ချက် မျိုး၊ သီအိုရီမျိုးလည်းကျနော်တို့ တွေ့ရတယ်။  ဒါကြောင့်လည်းတချို့က ဒီခွဲထွက်တဲ့အုပ်စုတွေ၊ ဒီလို တွေကြောင့် မြန်မာပြည်မှာလည်း ဒီလိုမျိုးတွေဖြစ် မလာနိုင်ဘူးလားဆိုတဲ့     အတွေးမျိုးလေးတွေ ကျနော်ထင်တယ် ဆိုရှယ်မီဒီယာတို့ ၊ ဖေ့ဘုတ်တို့မှာ အဲ့ဒါမျိုးလေးတွေ ရေးတာ ကျနော်တွေ့ရပါတယ်။

ကိုလင်းသန့်။ ။ ဒီလေယာဉ်ရဲ့ ထူးထူးဆန်းဆန်းပျောက်ဆုံးနေမှုပေါ့လေ၊ နိုင်ငံတကာ အကျိုးတခု ဘာရလိုက်လဲဆိုတော့  သာမန်လေကြောင်းပညာနဲ့ ပတ်သက်လို့ နီးစပ်မှုမရှိတဲ့ သူတွေတောင်မှပဲ ဒီလေယာဉ်က ဘယ်လိုမျိုးသဘာဝရှိလဲ။  ဒီ အင်ဂျင်ကနေ အလိုအလျောက် မြေပြင်နဲ့ ဆက်စပ်ပြီးတော့ ထုတ်နေတယ်၊ လေကြောင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတော်တော်များများတော့ စာဖတ်ပရိသတ်တွေ သိကြတယ်။

ကိုအောင်ဇော်။ ။ ကျနော်တို့တောင်မသိတာ ပိုင်းလော့တွေတောင် မသိတဲ့အချက်တခုရှိတယ် အဲ့ဒါဘာလဲဆိုတော့  Transponder ကို သူတို့ပိတ်ခဲ့သော်လည်းပဲ၊ ဒီလေယာဉ်ကိုမောင်းတဲ့ အင်ဂျင်နှစ်ခုရှိတယ် lowright အင်ဂျင်ပေါ့၊  အဲ့ဒီ lowright အင်ဂျင်ကနေပို့နေတဲ့ pin  ရှိတယ်၊ အဲ့ကနေပို့နေတာကြောင့် နောက်ဆုံးပိတ်ကျတော့  123း9 ကုမ္ပဏီမှာ ဒီလေယာဉ်က ဘယ်ရောက်နေလဲဆိုတာမသိပေမယ့် လေယာဉ်က ဆက်ပြီးသွားနေတယ်ဆိုတာကို လေထဲမှာ ဆက်ပြီး နောက်ထပ် ၄ နာရီ၊ ၅ နာရီ၊ ၆ နာရီ ဆက်ပြီးတော့ သွားနေတယ်ဆိုတာကို ရေဒါကနေပျောက်သွားသော်လည်း ဆက်သွားနေတယ်ဆိုတာ သူတို့သိတယ်ပေါ့။

ကိုလင်းသန့်။ ။ ဒါကြောင့်မို့လို့ အမေရိကန် စုံစမ်းထောက်လှမ်းရေး အချက်အလက်အပေါ် မူတည်ပြီးတော့ မလေးရှား ၀န်ကြီးချုပ်က ပြောတာပေါ့၊ လေယာဉ်က ရေဒါကနေ ပျောက်သွားပြီး ၇ နာရီကျော်ကြာ ဆက်သွား နေတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ မသိတဲ့နည်းပညာတွေ အများကြီး ရလိုက်တာပေါ့။ နောက်တခုက ဘာလဲ ဆိုတော့ ဒီလေယာဉ်ပျောက်ကို ရှာတဲ့နေရာမှာ နိုင်ငံတကာရဲ့စိတ်ဝင်စားမှု၊ နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အရမ်းကို ထူးထူးဆန်းဆန်း အံ့အားသင့်လောက်အောင် အားတိုက်သရော ရှိတယ်။ လေယာဉ်စီးခရီးသည်အများဆုံးပါတဲ့ တရုတ်နိုင်ငံပေါ့၊ သူတို့ဆိုရင်လည်း အခုချိန်ထိ ဘယ်တော့မှ အရှုံးပေးမှာမဟုတ်ဘူး၊ သူတို့ ရအောင်ရှာမယ်ဆိုတဲ့ နည်းလမ်းမျိုးစုံ ဂြိုလ်တုစနစ်တွေသုံးတယ်၊ နိုင်ငံတကာ နည်းပညာတွေ၊ တခါ အမေရိကန်ဘက်က ဆိုလို့ရှိရင်လည်း နာစာတို့အစရှိတဲ့ အဆင့်မြင့် နည်းပညာ တွေသုံးပြီးတော့  အခုထိရှာဖွေနေဆဲပဲပေါ့၊ ဒါပေမယ့် အခုထိတော့ထူးထူးဆန်းဆန်းပဲ။

ကိုအောင်ဇော်။ ။ ဒါ့အပြင် မြန်မာနိုင်ငံကလည်းပဲ   အာဆီယံရဲ့ ဥက္ကဋ္ဌလည်းဖြစ်နေတဲ့ ကာလမှာ သူတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ Professional လုပ်ပေးပါတယ်၊ ဘာကြောင့်လဲဆိုတော့တချို့ကလည်း ပြောကြတာပေါ့။ မြန်မာနိုင်ငံထဲမှာ ကက်ပလီကျွန်းဘက်မှာ ပျက်ကျသွားသလားဆိုတဲ့ ကောလဟာလ တွေ သုံးသပ်ချက်တွေလည်း ရှိတာပေါ့။ အရင်တုန်းကလည်း ကိုရီးယားလေကြောင်းလိုင်းတခု အဲဒီမှာ ပျက်ကျခဲ့ ဖူးတယ်လေ ဆိုတဲ့အခါကျတော့။ Sabotage လုပ်သလား၊ ဒါမှမဟုတ် ပျက်ကျသွားသလားဆိုတဲ့ အဲဒါကြောင့် ထင်တယ် မြန်မာအစိုးရဘက်က ဒီကိစ္စကို သူတို့ကူညီချင်ပါတယ်၊ ကူညီပါတယ်ဆိုပြီး ကျနော်ထင်တယ် အားတိုက်သရော ၀င်ပြီးကူညီတာတွေ ကျနော်တွေ့တယ်။ ဒီလေယာဉ်  ပျောက်တဲ့ ကိစ္စမှာ ကျနော်ထင်တယ် နိုင်ငံတကာရဲ့ အရှေ့တောင်အာရှမှာရှိတဲ့ အစိုးရတွေရဲ့ ပါဝင်ကူညီမှု ၊ အနောက်နိုင်ငံမှာ ရှိတဲ့ အစိုးရတွေ၊ အဖွဲ့အစည်းတွေရဲ့ ပါဝင်ကူညီမှု၊ နိုင်ငံတကာရဲ့ Attention အကြီးအကျယ်ရတာကို ကျနော်တွေ့ရတယ်။

ကိုလင်းသန့်။ ။ အခု မြန်မာဆိုလို့ရှိရင်လည်း တော်တော်လေးကို အားတိုက်သရော သူတို့တောင်မှ ပြန်ပြီး မျှော်လင့်နေတယ်ပေါ့၊ အကူအညီတောင်းဖို့အတွက်ကို၊ ဒါကြောင့်မို့လို့ တဖက်ကလည်း ဒီကယ်ဆယ်ရေး လုပ်ငန်းတွေ တောင်းဆိုလာမှုမရှိသေးဘူးပေါ့လေ။ ရေတပ်သင်္ဘောသုံးစီးကတော့ ပူးပေါင်းပါဝင်ပြီး ရှာဖွေခဲ့ တယ်ပေါ့။ ဒီ ကပ္ပလီ ပင်လယ်ပြင်နဲ့ မြန်မာ့ရေပိုင်နက်အတွင်းမှာပေါ့။

ကိုအောင်ဇော်။ ။ USA က Air Craft Carrier တွေ တကယ်လို့ ၀င်လာပြီဆိုရင်  ပထမဆုံးအကြိမ်နဲ့ မြန်မာက Carrier တွေကို ပထမဆုံးအကြိမ်  မြန်မာ့ရေပိုင်နက်ထဲဝင်လာပြီးတော့ ရှာဖွေခွင့် ပေးတာပေါ့။ အရင်တုန်းက မြန်မာ့ရေပိုင်နက်နားကို လာပြီး တည်ခဲ့ဖူးတယ်၊ ၀ဲခဲ့ဖူးတယ်ပေါ့။ အခြေအနေတုန်းကတော့ မတူဘူးပေါ့၊ ၁၉၈၈ တုန်းက ကာလတို့၊ နာဂစ်တုန်း ကကာလတို့၊ မြန်မာနိုင်ငံဘက်နေပြီးတော့ လေယာဉ်ပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အကူအညီတွေပေး တာတွေ တွေ့ရတယ်ပေါ့။ ကျနော်ဒီကနေ့ပဲ အခုထက်ထိ ရှာလို့မတွေ့သေးတဲ့ လေယာဉ်ကိစ္စနဲ့ပတ်သက်ပြီး  ဒီမှာပဲ ကျနော်တို့ အဆုံးသတ်မှာဖြစ်ပါတယ်။

ကျနော်တို့ ဒီကနေ့ ဆွေးနွေးခဲ့တာကတော့ မလေးရှားလေယာဉ်   ပျောက်ဆုံးသွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။ ကျနော်ကတော့ ဧရာဝတီမဂ္ဂဇင်းရဲ့ အယ်ဒီတာ ကိုအောင်ဇော်ဖြစ်ပါတယ်။ ကျနော်နဲ့ အတူပါဝင်ဆွေးနွေးခဲ့တဲ့သူကတော့ ဧရာဝတီ မဂ္ဂဇင်း သတင်းထောက် ကိုလင်းသန့်ဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Dateline Irrawaddy ဆွေးနွေးဝိုင်းတွင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားရေး စသည့် မြန်မာ့နိုင်ငံရေး ဖြစ်ပေါ်ပြောင်းလဲမှုများကို သုံးသပ် ဆွေးနွေးနေပြီး  ဒီမိုကရက်တစ် မြန်မာ့အသံ (DVB ရုပ်သံ)တွင် အပတ်စဉ် တင်ဆက် ထုတ်လွှင့်လျက်ရှိသည်။

ယခု အစီအစဉ်မှာ DVB ရုပ်သံ၏ မတ်လ ၁၉ ရက်နေ့ ထုတ်လွှင့်ချက်ကို ကူးယူ တင်ဆက်ခြင်း ဖြစ်သည်။ ယမန်နေ့က ဖြန့်ချိသော The Irrawaddy ဂျာနယ်တွင်လည်း ဖော်ပြခဲ့ပြီးဖြစ်သည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved