အနာဂတ်မှာ ခေတ်စားလာမယ့် လေယာဉ်

Saturday, March 29, 2014

ကမ္ဘာတလွှား စိတ်ဝင်စားစရာ အကောင်းဆုံး နဲ့ ပဟေဠိများစွာ ရှိနေတဲ့ မလေးရှား လေယာဉ်ဟာ အိန္ဒိယ သမုဒ္ဒရာထဲ ပျက်ကျခဲ့တယ်လို့ အတည်ပြုချက်တွေ ထုတ်ပြန်ပြောဆိုခဲ့တာ အားလုံး အသိပါဘဲ။ 


ပင်လယ်ထဲ လေယာဉ်ပျက်ကျသွားခဲ့တဲ့ ကိစ္စကိုတော့ အခုထိ ဘာမှ အသေးစိပ် မသိရသေးသလို ရှာဖွေရေးတွေလည်း လုပ်နေဆဲပါ။ လေယာဉ်စီးခရီးသည်တွေအနေနဲ့ ကုန်း၊ လေ၊ ရေ သွားနိုင်တဲ့ 
လေယာဉ်မျိုးဆိုရင် ပင်လယ်ထဲ ပျက်ကျဖို့အတွက် အကြောင်းအားနည်းသွားမှာပါ။ 

ရေထဲမှာလည်း မောင်းလို့ရပြီး ဝေဟင်လည်း ပျံသန်းလို့ရတဲ့ ဒီလို လေယာဉ်မျိုးတွေက အနာဂတ်မှာ လုံခြုံမှု ပိုရှိတယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ ခေတ်စားလာမယ်ဆိုတဲ့ပြောဆိုမှုတွေ အခုဆို အတော် များများ ပေါ်ထွက်လာပါတယ်။ 

ဒါကတော့ ကုန်း၊ ရေ၊ လေ တွေမှာ မောင်းနှင်လို့ရတဲ့ လေယာဉ်ပါ။ ရေမှာလည်း ဘဲ တကောင်လို ကူးခတ်သွားလာနိုင်သလို ဝေဟင်မှာလည်း ငှက်တကောင်လို ပျံသန်းနိုင်တဲ့ လေယာဉ်မျိုးပါ။

  




အိမ့်သံစဉ် ~ 


 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved