~
မြန်မာနိုင်ငံရဲ့ ကားတင်သွင်းခွင့်မူဝါဒကို အစိုးရက အများကြီးဖြေလျှော့ပေးပြီးတဲ့နောက်မှာတော့ နိုင်ငံအတွင်းကို ပြည်ပနိုင်ငံအသီးသီး ကနေ မော်ဒယ်မြင့်ကားအမျိုးမျိုး အများအပြားတင်သွင်းလာခဲ့ပါတယ်။
-
ဓာတ်ပုံများ - ဂျေပိုင် / ဧရာဝတီ
ကားဈေးနှုန်းတွေလည်း မယုံနိုင်လောက်အောင် တရှိန်ထိုးကျခဲ့တာမို့ အတန်အသင့် ပိုက်ဆံသုံးနိုင်တဲ့ လူတန်းစားတချို့က ကိုယ်တတ်နိုင်တဲ့ ငွေပမာဏအပေါ်မူတည်ပြီး ကားကောင်းကောင်းတစီး ဝယ်စီးနိုင်တဲ့အနေအထား ရောက်ရှိလို့လာခဲ့ပါပြီ။
ဖွံ့ဖြိုးပြီး ပြည်ပနိုင်ငံတွေလို လူတန်းစေ့စီးနိုင်တဲ့ အနေအထားမျိုးတော့ မဟုတ်သေးပေမယ့် ၂၀၁၁ အရှေ့ပိုင်း ကာလတွေမှာ ကားစီးနိုင်တဲ့ လူဦးရေ ပမာဏက အခုထက်စာရင် အရမ်းကို နည်းပါးခဲ့တာ အားလုံးအသိပါပဲ။
ကားဈေးနှုန်းတွေ မယုံနိုင်လောက်အောင် လျော့နည်းသွားပြီး ငွေကျပ် သိန်း ၅၀ ဝန်းကျင်ကစလို့ ကားပိုင်ဆိုင်နိုင်ပြီ ဖြစ်သလို Car Showroom တွေလည်း အပြိုင်အဆိုင် Discount၊ Deposit အစရှိတဲ့ Service အမျိုးမျိုးနဲ့ ဈေးကွက်ချဲ့ထွင်လာတာ တွေ့ရတယ်။
မော်ဒယ်မြင့် ဇိမ်ခံကားတွေကတော့ ဈေးနှုန်းငွေကျပ် သိန်းရာဂဏန်း များများ၊ ထောင်ကျော် စသည်ဖြင့် ရှိနေဆဲပါပဲ။
အခုဆိုရင် မြန်မာနိုင်ငံကို ၁၉၆၀-၇၀ ခုနှစ် ဝန်းကျင်လောက်ကတည်းက စတင်ဝင်ရောက်တင်သွင်းခဲ့တဲ့ Chevrolet (ချက်ပလက်) အမျိုးအစားကားတွေဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ် ထပ်ပြီးတင်သွင်း ဝင်ရောက်လာတာ တွေ့နေရပါပြီ။
ချက်ပလက် ကားကုမ္ပဏီဟာ ၁၉၁၁ ခုနှစ်က Detroit၊ USA မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ကားကုမ္ပဏီတခုလည်း ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၄၀ ကျော်ကို နေ့စဉ်ကားစီးရေ ပေါင်း ၄ ဒသမ ၅ သန်း ထုတ်လုပ်တင်ပို့ ရောင်းချနေတဲ့ ကားကုမ္ပဏီ ဖြစ်ပါတယ်။
ချက်ပလက် ကားတွေဟာ Safety System ကို ဦးစားပေး တီထွင်ထုတ်လုပ်ထားတဲ့ ကားတွေအဖြစ် နိုင်ငံတကာမှာ နာမည်ကြီးပါတယ်။
ဒီတပတ်မှာတော့ မော်ဒယ်မြင့် ကားချစ်သူတွေအတွက် ချက်ပလက်က သွင်းလာတဲ့ အဆင့်မြင့်ဇိမ်ခံ ကား ၃ စီး အကြောင်းကို ဧရာဝတီ ခေတ်ရေစီး စာဖတ်ပရိသတ်အတွက် ရေးသားတင်ဆက်ထားပါတယ်။
----------------------------------------------------------------- - Trailblazer (အနက်ရောင်)
ဈေးနှုန်း - ကျပ် သိန်း ၇၂၀
- ဒီကားကတော့ မိသားစုသုံး SUV ကားအမျိုး အစားဖြစ်ပြီး အရောင်ကတော့ အနက်ရောင် ဖြစ်ပါတယ်။ ဒီဇယ်အင်ဂျင်ကို 2.9 Liter နဲ့လာတဲ့ ကားအမျိုးအစားဖြစ်ပြီး 2 Wheel Drive နဲ့ 4 Wheel Drive ဆိုပြီးရှိပါတယ်။ လေအိတ်က ၂ လုံး ပါပါတယ်။ ဘရိတ်စနစ်အကုန်လုံးကတော့
ABS လိုမျိုး အဆင့်မြင့်တဲ့ ဘရိတ်စနစ်ကို အသုံးပြုထားတာကို တွေ့ရပါတယ်။ အညိုရင့်၊ မီးခိုးအရင့်၊ အနု၊ အဖြူ၊ အပြာ၊ အနီ အစရှိတဲ့ အရောင် ၇ မျိုးနဲ့ ထုတ်လုပ် ထားတာဖြစ်ပြီး အခုပြထားတာတော့ Black Sapphire လို့ခေါ်တဲ့ အနက်ရောင်ပဲ ဖြစ်ပါတယ်။
အခုပြထားတဲ့ ဒီအမိုက်စား ဒီဇိုင်းအလန်း ချက်ပလက်ဇိမ်ခံကား ၃ စီးကို အမှတ်(၈၁)၊ အင်းစိန်လမ်းနဲ့ တက္ကသိုလ်ရိပ်သာလမ်းထောင့်၊ ကမာရွတ်မြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Chevrolet Showroom မှာ သွားရောက်ဝယ်ယူနိုင်ပြီ ဖြစ်ပါကြောင်း သတင်းပါးလိုက်ပါတယ်။
-----------------------------------------------------------------
- -
-
Corvette Stingray Coupe (အနီရောင်)ဈေးနှုန်း - ကျပ် သိန်း ၃၅၀ဝ
ဒီကားကတော့ ချက်ပလက်ကထုတ်တဲ့ Sport ကား အမျိုးအစား ဖြစ်ပါတယ်။ ချက်ပလက်ရဲ့ Limited addition ကားဖြစ်ပြီး တနှစ်ကို အစီးရေ ၂၀ဝ ကနေ ၃၀ဝ ကြားပဲ ထုတ်လုပ်တဲ့ကားလို့ သိရပါတယ်။
အာရှမှာ တစီးပဲရှိတာဖြစ်ပြီး အာရှမှာဆိုရင် မြန်မာနိုင်ငံ တနိုင်ငံတည်း မှာပဲရှိတဲ့ တစီးတည်းသော အနီရောင် Sport ကားပါ။
Limited addition ဖြစ်တာကြောင့် တော်ရုံတန်ရုံလူတွေ ဝယ်မစီးနိုင်တဲ့ ကားအမျိုးအစား ဖြစ်ပြီး နိုင်ငံတကာမှာလည်း အရမ်းနာမည်ကြီး လူကြိုက်များတဲ့ ကားဖြစ်ပါတယ်။
ထူးခြားချက်ကတော့ တခြား အီတလီထုတ် Sport ကားတွေလို အင်ဂျင်ကို နောက်မှာ ထိုင်ထားတာမျိုး မဟုတ်ဘဲ ရှေ့မှာ ထိုင်ထားတာ ဖြစ်ပါတယ်။
မြင်းကောင်ရေအား ထူးခြားချက်ကလည်း ၄၆၀ လောက်အထိ ထွက်တယ်လို့ သိရပါတယ်။

- Camaro (အဝါရောင်)ဈေးနှုန်း - ကျပ် သိန်း ၁၅၀ဝ
ဒီကားကတော့ အမေရိကားမှာလည်း နာမည်ကြီးသလို ကမ္ဘာမှာလည်း နာမည်ကြီးတဲ့ ကားပဲဖြစ်ပါတယ်။
လက်ရှိ သွင်းထားတာတော့ ၂၀၁၃ မော်ဒယ်လ်ဖြစ်ပြီး သူရဲ့ Grade က 2LT ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၃ ဒသမ ၆ Liter နဲ့ လာတာဖြစ်ပြီး V6 အင်ဂျင်ဖြစ်ပါတယ်။
Transformer ဟောလိဝုဒ်ရုပ်ရှင် ဇာတ်ကားထဲမှာ ပိုပြီး လူသိများ နာမည်ကြီးသွားတဲ့ ကားပဲဖြစ်ပါတယ်။
၁၉၆၇ - ၆၉ ခုနှစ်လောက်ကတည်းက ဒီမော်ဒယ်ကို စတင်ထုတ်ခဲ့တာ ဖြစ်ပြီး Generation အမျိုးမျိုး ပြောင်းသွားတဲ့နောက် Grade 6 မျိုး ထုတ်လုပ်ထားတဲ့ ကားပဲဖြစ်ပါတယ်။
ပြိုင်ကားလို့လည်း ဆိုလို့ရသလို ပြိုင်ကားချည်း သီးသန့်မဟုတ်ဘဲ မိသားစုလည်း စီးလို့ရပါတယ်။
ပြိုင်ကားယဉ်ကျေးမှုနဲ့ ယဉ်ပါးနေပြီဖြစ်တဲ့ ရန်ကုန် မြို့က ပြိုင်ကားချစ်သူ လူငယ်တွေအတွက် အမှန်အကန် ဒီဇိုင်းအလန်းပဲမို့ လုံးဝကြိုက်မှာ အသေအချာပါပဲ။
----------------------------------------------------------------
သီဟတိုး ရေးသားသည်
.

0 comments :
Post a Comment