မျိုးစောင့်ဥပဒေအပေါ် နယ်ပယ်အသီးသီးရဲ့ အမြင်များ (၂)

Sunday, March 23, 2014

~

 



  -
ဒေါ်စန္ဒာမင်း၊
ဇမ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။


မျိုးစောင့် ဥပဒေ ပြဋ္ဌာန်းရလောက်အောင် ကျမတို့ အမျိုးသမီးတွေက ကိုယ်ကျင့်တရား ပျက်နေလို့လား။ ကိုယ့် အမျိုးကိုယ် စောင့်ထိန်းရမယ်ဆိုတာမွေးရာပါစိတ်ထဲက သိပြီးသား။
လောကနီတိ ၊ အရွယ်ရောက်လာတဲ့ အသိစိတ်အရရော ကျမတို့က ဒါကို ဥပဒေတခုအနေနဲ့ ကျမတို့ ငယ်ငယ်လေးကတည်းက သိခဲ့တာ မဟုတ်ဘူး။
ကိုယ့်အမျိုးကိုယ် စောင့်ထိန်းခြင်းဆိုတာ လောကနီတိအရ တတ်မြောက်လာတာပါ။ ဥပဒေပြဋ္ဌာန်း ရလောက်အောင် ကျမတို့ အမျိုးသမီးတွေက ဖြစ်နေလို့လားလို့ မေးချင်တယ်။

ကျမပြောချင်တာက ကျမလို အမျိုးသမီးလိုအတွက်ဆိုရင်တော့ ဒီမျိုးစောင့် ဥပဒေက မလိုအပ် ပါဘူး။ ကျမတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဘာသာရေးကို အသုံးချပြီးတော့ နိုင်ငံရေး မလုပ်ရဆိုတာ ပါတယ်။
ကျမတို့က ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်တဲ့အတွက် အခုအချိန်ကျမှ ကိုမျိုးချစ်တို့ ၊ မျိုးချစ်လူငယ်တို့ အမျိုးသားရေးတို့ ဗန်းပြပြီးတော့ ၁ ဒသမ ၃ သန်းသော ပြည်သူတွေရဲ့ မဲကို ယူတာလို့ ကျမထင်ပါတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 
ဦးရဲထွန်း
သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ

သမိုင်းကြောင်း အနေအထားအရကြည့်ရင် ကျနော်တို့နိုင်ငံက အစ္စလမ်ဘာသာရဲ့လွှမ်းမိုးမှုကို ခံနေရတဲ့ ရှေ့တန်းနိုင်ငံလို့ ပြောလို့ရတယ်။ မူလကအာဖဂန်နစ္စတန်မှာ ဗုဒ္ဓဘာသာ ထွန်းကားခဲ့တယ်။
နောက်မွတ်စလင်တွေ ရောက်လာပြီး လွှမ်းမိုးသွားတယ်။ နောက်ပိုင်း အိန္ဒိယကိုပါ ရောက်လာပြီး လွှမ်းမိုးလာတာမှာနောက်ပိုင်း သီဟိုဠ် ကျွန်းပါ ပါသွားတယ်။
အိန္ဒိယမှာ ဗုဒ္ဓဘာသာ မရှိသလောက်ဖြစ်သွားပြီ။

နောက်တချက်က မွတ်စလင်ရှိတဲ့ နေရာတိုင်းမှာ ပြဿနာလေးတွေရှိတယ်။ထိုင်းတောင်ပိုင်းမှာလည်း ဒီပြဿနာပဲ။ ဒီလိုကိစ္စလေးတွေကိုလည်းနားလည်ဖို့လိုတယ်။
 လူ့အခွင့်အရေးအရ ကြည့်ရင်လည်း လူ့အခွင့်အရေးကြေညာစာတမ်းကို ရေးခဲ့တဲ့သူတွေက နယ်မြေသစ်ရှာပြီးအခြေချနေထိုင်ခဲ့တဲ့သူတွေ။
သူတို့က လွတ်လပ်စွာနယ်မြေရွှေ့ပြောင်းနိုင်ပြီး အခြေချနေထိုင်ခွင့် ဆိုတာမျိုးတွေပြောခဲ့တယ်။

လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့် ရှိတယ်ဆိုတာမျိုးတွေကို ထည့်ခဲ့တယ်။လွတ်လပ်စွာ ပြောဆိုခွင့်တို့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် ၊ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ၊ လွတ်လပ်စွာ စည်းရုံးခွင့်တွေကျတော့တို့နိုင်ငံရဲ့ လိုလားတောင့်တချက်တွေနဲ့ကိုက်ပေမယ့် လွတ်လာစွာရွှေ့ပြောင်းနေထိုင်ခွင့်နဲ့ လွတ်လပ်စွာ နိုင်ငံသား ခံယူခွင့်တွေကတော့ကျနော်တို့ရဲ့ အကျိုးစီးပွားနဲ့ မကိုက်ဘူး။

လူ့အခွင့်အရေး ကြေညာစာတမ်းဆိုတာချည်းကို ကျနော်တို့ အကျိုးစီးပွားနဲ့ချိန်ပြီးတော့ပဲ လက်ခံသင့်တယ်။
လူ့အခွင့်အရေး ကြေညာစာတမ်းကြီး ထွက်လာတော့လက်မှတ်မထိုးတဲ့ နိုင်ငံတွေထဲမှာ အဲဒီမွတ်စလင် နိုင်ငံတွေ ထိပ်ဆုံးကပါတယ်။
ဘာကြောင့် မထိုးသလဲဆိုတော့ သူတို့ရဲ့ ဘာသာရေးမှာကိုကလူ့အခွင့်အရေးနဲ့ ဆန့်ကျင်တဲ့အချက်တွေနဲ့ ပြဋ္ဌာန်းထားလို့ပဲ။

သူတို့ဆီမှာ သူခိုးဆိုရင် ခိုးတဲ့လက်ကို ဖြတ်ရမယ်တို့၊ မျက်လုံးတလုံးဆိုရင် မျက်လုံးတလုံး အလျော်ပေးရမယ်တို့၊ သူများယောကျာင်္းနဲ့ ဖောက်ပြန်တဲ့ အမျိုးသမီးကို ခဲနဲ့ ပေါက်သတ်ရမယ် ဆိုတာတွေ ပြဋ္ဌာန်း ထားတဲ့နိုင်ငံမျိုးတွေက လူ့အခွင့်အရေး ကြေညာစာတမ်းကို လက်မှတ်မထိုးခဲ့ဘူး။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ဦးသန်းလွင်
ဒုတိယဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ်


ဒီကိစ္စတွေက ပြောရမှာတော့ သိပ်မကောင်းဘူး။ ဥပမာသန်းခေါင်စာရင်းကောက်တယ်ဆိုရင် အနောက်နိုင်ငံတွေမှာ ဘာသာတို့လူမျိုးတို့ မမေးဘူး။ ဘာသာဆိုတာက လွတ်လွတ်လပ်လပ်ပေါ့။
လွတ်လပ်စွာကိုးကွယ်ခွင့် ရှိတယ်။ တချို့ဆိုလည်း ဘာသာရှိကနေ ဘာသာမဲ့ဖြစ်သွားတဲ့သူတွေ ရှိတယ်။ အခုကိစ္စတွေက ဒီမိုကရေစီကျင့်စဉ်နဲ့ သဟဇာတ သိပ်မဖြစ်ဘူးလားလို့။

ဒီမှာကလည်း အနေအထားက အမျိုးမျိုး ဖြစ်နေတယ်။ဘေးနားမှာကလည်း အင်အားကြီး နိုင်ငံတွေရှိနေတော့ ဒါကလည်း စဉ်းစားသင့်တဲ့အချက်ပေါ့လေ။ အန်ကယ်ကတော့ သိပ်မဝေဖန်ချင်ဘူး။
တဘာသာနဲ့ တဘာသာ ပုတ်ခတ်သလိုဖြစ်မှာစိုးလို့။
ဟိုးအရင်ခေတ်က ဦးသန့်တို့ဆိုရင် မင်္ဂလာဒုံလေဆိပ်မှာ တခါပြန်လာတုန်း ကသူ့အမေကြီးကိုယ်တိုင် လာကြိုတော့ လေဆိပ် ကြမ်းပြင်မှာတင် သူ့မိခင်ကိုထိုင်ရှစ်ခိုးတာ။
 အဲဒီအကြောင်းက တကမ္ဘာလုံးပြန့်သွားတယ်လေ။ ဒါကဗုဒ္ဓဘာသာရဲ့ အစဉ်အလာပေါ့။ လူကြီးမိဘတွေကို အရိုအသေ ပေးတယ်။ မိဘကိုရိုသေတယ်ဆိုတာ ကမ္ဘာသိတယ်။
ဗုဒ္ဓဘာသာဆို အထင်ကြီးကြတယ်။ လေးစားကြတယ်။ အဲလိုရှိခဲ့တယ်။

အဲလိုအစဉ်အလာရှိထားရင် အခုလို မျိုးစောင့်ဥပဒေ၊ ဘာသာကာကွယ်ရေးဆိုတာလိုမလားပေါ့။ ဦးနုလို ၊ ဦးသန့်လို ပုဂ္ဂိုလ်မျိုးတွေ အများကြီးထွက်ခဲ့တာပဲ။
အဲဒီတုန်းကလည်း ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ဟာ ညှိးမသွားခဲ့ဘူး။ဗုဒ္ဓဘာသာတွေဟာ သဘောထားကြီးတယ်ဆိုတာ ပြခဲ့တယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 

ဒေါ်ခင်လေး
Triangle Women Group တည်ထောင်သူ


မျိုးစောင့် ဥပဒေပဲ ပြောပြော သမ္မတ လွှတ်တော်ကို ပို့လိုက်တဲ့ ဥပဒေကြမ်း ၄ ခုက ကျမတို့ အမျိုးသမီးတွေနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။
သမ္မတအနေနဲ့က တိုင်းပြည်အတွက် တကယ်စေတနာပါပါနဲ့ လုပ်ချင်တာလည်း ဟုတ်ချင်ဟုတ်မှာပေါ့လေ။
ကျမတို့ အမျိုးသမီးတွေ ၊ အမျိုးသမီး အဖွဲ့အစည်းအနေနဲ့ကတော့ ဥပဒေ ပြဌာန်းပြီး ခွဲခြားဆက်ဆံလိုက်တာပဲလို့ အဲဒီလို ခံစားရတယ်။
ဒီအချိန်မှာ ဥပဒေတွေက သိပ်အရေးမကြီးသေးဘူးလို့ ထင်တယ်။ ဒီဥပဒေတွေ လုပ်မယ့်အစား ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး ကိစ္စတွေ လုပ်သင့်တယ်။
တခြား ငြိမ်းချမ်းရေးနဲ့ ဆိုင်တဲ့ ကိစ္စတွေကို အဖြေတခု ထွက်လာတဲ့အထိ လုပ်သင့်တယ်။ အမျိုးသမီးတွေကို ကာကွယ်ချင်လို့ဆိုတဲ့ အကြောင်းပြပြီးတော့
နိုင်ငံရေး သဘောတရားတွေ ပါနေတယ်လို့ပဲ မြင်တယ်။ ကျမတို့ကတော့ နိုင်ငံရေး လှည့်ကွက်တွေလို့ပဲ သတ်မှတ်တယ်။

ဒီလို ဥပဒေမျိုး လုပ်မယ်ဆိုရင် သေချာစဉ်းစားပြီး လုပ်သင့်တယ်။ လုပ်မှ ရမယ်ဆိုရင်လည်း ဗုဒ္ဓဘာသာဝင် အမျိုးသမီးတွေ အတွက်တင် မဟုတ်ဘဲနဲ့ ခရစ်ယန် ၊ မွတ်စလင်နဲ့ တခြားဘာသာဝင်တွေ အတွက်ပါ စဉ်းစားသင့်တယ်။ အဲဒီလို
အမျိုးသမီးတွေ အတွက်ပါ အကာအကွယ် မပေးဘဲနဲ့ ဗုဒ္ဓဘာသာတွေ အတွက်ပါ သီးသန့် ဆိုရင်တော့ ဒီမျိုးစောင့် ဥပဒေကြီးက လုံးဝတဖက်သန် ဆန်တယ်လို့ပဲ ပြောချင်တယ်။

ဒီလို ကိစ္စမျိုးက ဥပဒေပြဋ္ဌာန်းပြီးမှ မျိုးစောင့် ခိုင်းစရာ မလိုပါဘူး။ ကိုယ့်ရင်ထဲ အသည်းထဲက ဗုဒ္ဓဘာသာကို တကယ်ယုံကြည်တယ်ဆိုရင် ဘာမှ လာဖျက်လို့ မရပါဘူး။
နိုင်ငံရေး လုပ်တဲ့အခါမှာ ထောင်ထဲမှာ ညှင်းပန်းနှိပ်စက် ခံရပေမယ့် စိတ်ဓါတ်လုံးဝ ကျမသွားပါဘူး။ ကိုယ့်ယုံကြည်ချက်တခု ရှိတဲ့အတွက်ပါ။
ဘယ်ဘာသာကိုမှ မျက်စိမှိတ် ယုံတာမျိုးမဟုတ်ဘဲနဲ့ လေးလေးနက်နက် ယုံကြည်မှု ရှိအောင်လုပ်ဖို့က ဘာသာရေး ခေါင်းဆောင်တိုင်းမှာ တာဝန်ရှိတယ်။
ဥပဒေကြီးထုတ်ပြီး အတင်းလိုက်လုပ်ခိုင်းစရာ မလိုပါဘူး။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ 
   -
မျိုးစောင့်ဥပဒေ နဲ့ ဦးသိန်းစိန်
  
-
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းရာတွင် အဓိက အကြောင်းအရင်း ဖြစ်သော လူမှုရေး မညီမျှမှုများကို ပြေလည်စေရေးကို ဦးတည်ကာ  မျိုးစောင့်ဥပဒေ
 ၄ ရပ်ပြဋ္ဌာန်းပေးရန်အတွက် အဖွဲ့ဝင်  ၁၂ ဦးပါဝင်သော မျိုးစောင့် ဥပဒေ ကြမ်း ရေးဆွဲရေး ကော်မရှင် ကို မတ်လ ၇ ရက်နေ့ဖွဲ့စည်း လိုက်သည်။

လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာဥပဒေ တို့ကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်က  ရေးဆွဲမှာဖြစ်ပြီး ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဆိုင်ရာ ဥပဒေ၊
တလင်တမယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေတို့ကို ဇွန်လ ၃၀ ရက်နေ့ထက် နောက်မကျစေဘဲ ရေးဆွဲတင်ပြရမယ်လို့ သမ္မတက ညွှန်ကြားခဲ့တာပါ။

 ပြုပြင်ပြောင်းလဲ ရေး လုပ်ဆောင်နေပါတယ်လို့  တဖွဖွပြောဆိုရေရွတ်ခဲ့တဲ့ သမ္မတရဲ့ မျိုးစောင့်ဥပဒေ ပြဋ္ဌာန်းရေး ဆောင်ရွက် ချက် များကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး နယ်ပယ်များမှာ ဂယက်များစွာ ရိုက်ခတ်ခဲ့ပါတယ်။

ဧရာဝတီအကြီးတန်း သတင်း ထောက် ထက်နိုင်ဇော်ရဲ့ ဆက်သွယ်မေးမြန်းချက်တွေကို ဖော်ပြလိုက်ပါတယ်။

ဆက်စပ်
 "တို့ဘုန်းကြီးတွေက နိုင်ငံရေးသားကောင် ဖြစ်တော့မယ်


 မျိုးစောင့်ဥပဒေအပေါ် နယ်ပယ်အသီးသီးရဲ့ အမြင်များ (၁)

 

မျိုးစောင့်ဥပဒေပြဋ္ဌာန်းရေး အစိုးရစိစစ်တင်ပြရန် လွှတ်တော် တောင်းဆို

မျိုးစောင့်ဥပဒေ လက်မခံကြောင်း ဆရာတော်ကြီးများပြော






.

3 comments :

  1. Anonymous said... :

    ကျမ ပြောချင်တာ မြန်မာအ မျိုးသမီး ခေါင်းဆောင်
    တွေက မဲရှုံးမှာ စိုးရိမ်နေလို့ မျိုးစောင့် ဥပဒေကို
    ဇွတ်ငြင်းနေတာလား သို့မဟုတ် တကယ်နားလည်
    အောင် မဖတ် မမှတ် မတွေးတော မသုံးသပ်တာ
    လား မေးချင်တယ် အပြစ်တင်စရာ ဘာမှမရှိတဲ့
    ဥပဒေပါ ကျမတို့ မိန်းမသားတွေအတွက် ကာကွယ်
    ပေးထားတာပါ ဒီအချိန်မှာ ဒီဥပဒေဟာ ဖေါ်ဆောင်
    သင့်တဲ့ဥပဒေပါ နိုင်ငံရေး နဲ့ရောတွေးနေတာ
    သမတကြီးမဟုတ်ပါဘူး ခေါင်းဆောင်ဆိုတာ အာ
    ဏာထက် အခြေအနေ အရပ်ရပ်ကိုသုံးသပ်တတ်ရ
    ပါတယ် ကျွန်မပြည်သူတစ်ယောက်အနေနဲ့ မှန်တယ်
    လို့ သုံးသပ်တယ် ဒါကို ချမှတ်ပေးခြင်းအားဖြင့်
    ဆူပူမှုဖြစ်မလာအောင် ထိန်းသိမ်းလိုက်တာ လို့မြင်
    တယ် ပယ်ချကြည့်လိုက်ပါ ဒီလောက် ထိန်းသိမ်း
    ပေးလိုက်တာ ပါတီတွေအနေနဲ့ ကျေးဇူး မတင်နိုင်
    တောင်မစော်ကားသင့်ဘူး ဘာလို့လည်းဆိုတော့
    ပယ်တာနဲ့ပယ်တဲ့ပါတီက ပြည်သူတွေမဲကို လုံးဝ
    ရလိမ့်မယ်မဟုတ်ဘူး လို့ကျမ လောင်းရဲတယ်
    ခုလို ထိန်းသိမ်းပေးတော့ကျေနပ်တယ် ဘယ်ပါတီကို
    မှ မဲအတွက်မဆုံးဖြတ်သေးဘူး ၂၀၁၅ မဲပေးခွင့်မ
    ရောက်ခင်အထိ အားလုံးရဲ့လုပ်ဆောင်မှု ပြောဆို
    မှု ဒါတွေကိုသုံးသပ်မယ် ပြည်ပ အားကိုးမယ့် ခေါင်း
    ရှောင်တွေက မဲရမှာမဟုတ်ဘူး ဒါပါပဲ ကျမပြောချင်
    တာ နိုင်ငံနဲ့လူမျိုးထိ အသည်းခိုက်အောင် နာတတ်မှ
    ဒီနိုင်ငံရဲ့အရှင်သခင် ဖြစ်သင့်တယ် ဒီလိုလူမျိုးကိုပဲ
    တင်မယ် ကျမဟာပါတီနိုင်ငံရေးကင်းရှင်းသူစစ်လည်းမဟုတ်
    သံချောင်းလည်းမဟုတ် စွမ်စဲမှာစိုးလို့ ပြည်သူစစ်စစ်
    တစ်ယောက် ပါ

  1. Anonymous said... :

    သေချာပြန်သုံးသပ်ကြပါ မမတို့ရယ် ကျမ မြန်မာအမျိုးသမီးတစ်ယောက်အနေနဲ့ ကြိုက်ပြီးသားပါ ငြင်းနေတဲ့သူတွေသာနိုင်ငံရေး
    အမြတ်ထုပ် ချင်နေသူတွေပါ ကာကွယ်မှုပဲလုပ်
    ထားတာပါ သမတကြီးက အခြေအနေတစ်ရပ်
    ကိုထိန်းသိမ်းပေးလိုက်တာပါ အပြစ်မြင်သူတွေက
    တော့နားလည်မှာမဟုတ်ပါဘူး ပယ်ချကြည့်ပါ
    ဘာဖြစ်နိုင်မလဲ ကန့်ကွက်ကြည့်ပါ ကန့်ကွက်သူ
    ပါတီ ပြည်သူမဲမမျော်လင့်နဲ့ နိုင်ငံ့ခေါင်းဆောင်လုပ်မယ့်
    သူဟာ နိုင်ငံနဲ့ လူမျိုးကိုထိ အသည်းခိုက်အောင်
    နာတတ်ရမယ် ဒါမှခေါင်းဆောင် ကောင်းဖြစ်မယ်
    သူများကို မကြည့်နဲ့ ကိုယ်အကောင်းဆုံးလုပ်ပြနိုင်
    ရင်ကိုယ့်အတွက်ပဲ သမတကြီး မျိုးစောင့်ဥပဒေ
    လက်ခံပေးတိုင်း ဒေါ်စုခြေဥပြင်တိုင်း ဦးဝီရ သူ
    မျိုးစောင့်ဥပဒေကို ဖေါ်ဆောင်တိုင်း နေမျိုးဝေ ၅၉စ
    ကိုဦးဆောင် ထောက်ခံတိုင်း ဦးရွှေမန်းလစာတိုး
    ပေးတိုင်း သမတ မဖြစ်နိုင်ပါဘူး ပြည်သူဆိုတာ
    ငတုံးမဟုတ်ဘူး ၂၀၁၅ မရောက်သေးပါဘူး အားလုံး
    ကိုသုံးသပ် စောင့်ကြည့်ပြီးမှအားကိုးထိုက်သူကို
    အားပေးမှာပါ စကားတွေနားမထောင်ချင်ဘူး
    လုပ်ပြတာပဲ ကြည့်နေမယ် ဒါပြည်သူအလုပ် မဲလိုချင်
    သူတွေက တိုက်ခိုက်တာတွေ
    ရောချတာတွေ အတင်းအဖျင်းတွေကိုရှောင်ပါ
    ရှင်တို့ပြောနေတဲ့စကားတွေကို ကြားနေရတာ
    ပြည်သူတွေကိုငတုံးတွေလို့ ပြောနေကြ သတ်မှတ်
    နေကြတယ်လို့ အသည်းနာအောင် ခံစားရတယ်
    ပြည်သူငတုံးမဟုတ်ဘူး ကျမပြောချင်တာ ဒါပဲ
    နားလည်အောင်တွေးပါ သုံးသပ်ပါ အမှားကင်းပါ
    စေ

  1. Unknown said... :

    ကိုယ်စားလှယ်ကြီး ဦးရဲထွန်းပြောတာကို ထောက်ခံပါတယ်။ဗုဒ္ဓဘာသာဝင်စစ်စစ်ဆိုရင်
    တွေးကြည့်တာနဲ့သိလောက်ပါတယ်။လူ့အခွင့်
    အရေးလို့အော်ပြီး ဘာသာရေးကိုမျက်ကွယ်ပြု
    နေမယ်ဆိုရင် ဘယ်လောက်ကောင်းတဲ့ပါတီဘဲဖြစ်နေပါစေ
    ပြည်သူတစ်ယောက်အနေနဲ့လုံးဝမထောက်ခံ
    နိုင်ပါဘူး။ဥပမာဒေါ် စုကိုချစ်ပေမယ့် လူ့အခွင့်ရေးလို့အော်ပြီးဘာသာရေးနဲ့ပက်သက်လာရင် မျိုစောင့် ဥပဒေကိုမငဲ့ရင် ပြည်သူကလည်း မဲတစ်ပြားအတွက် ငဲ့မှာမ
    ဟုတ်ပါဘူးဆိုတာ ကြေညာထားပါရစေ။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved