မလေးရှား လေယာဉ်တစီး ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်

Wednesday, March 19, 2014

အခုတလော မလေးရှားလေကြောင်းလိုင်းက ကံနိမ့်နေသလား မသိပါဘူး။ မနေ့ကတော့ မလေးရှား
လေကြောင်းလိုင်းက လေယာဉ်တစီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရေးပေါ် ဆင်းသက်ခဲ့ ရပါတယ်။ 

 မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်တစီး (ဓာတ်ပုံ – Malaysia Airlines / Facebook)

မလေးရှားလေကြောင်းလိုင်းပိုင် MH 196 ဘိုးအင်း ၇၇၇ လေယာဉ်ဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့
ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ကို ဦးတည် ပျံသန်းနေစဉ်မှာပဲ လေယာဉ်ပေါ်ပါတဲ့ ခရီးသည်တဦး ရဲ့ အရေးပေါ် အခြေအနေကြောင့် မနေ့ မတ်လ ၁၈ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်က ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အရေးပေါ် ဆင်းသက်ခဲ့ရတာပါ။ 

လေယာဉ်ပေါ်တွင် လိုက်ပါလာတဲ့ အသက် ၃၇ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မစ္စတာ မိုမာမက် (Muhammad) ဟာ မြန်မာ့လေပိုင်နက်အရောက်တွင် သတိလစ်နေတာကို လေယာဉ်ဝန်ထမ်းတွေက သတိထားမိခဲ့ရာက အခုလို ရန်ကုန်လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့တာ ဖြစ်တယ်လို့  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောပါတယ်။ 

ဒီအကြောင်း သတင်းအပြည့်အစုံကိုတော့ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဧရာဝတီ သတင်းထောက် 
မေစစ်ပိုင် ရေးသားတင်ပြထားတဲ့   မလေးလေယာဉ် MH 196 ရန်ကုန်လေဆိပ်တွင် အရေးပေါ် ဆင်းသက်
ဆိုတဲ့ သတင်းမှာ  ဖတ်နိုင်ပါတယ်။ 










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved