လယ်သမားတွေကိုကူညီသူ ကိုပဲပဲ ဘာဖြစ်နေပြီလဲ

Tuesday, March 18, 2014

~



 

 -
 ဥသျှစ်ပင်မြို့က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုပဲပဲ ဆိုသူဟာ ပြည်ခရိုင် မြို့နယ်တွေအတွင်း လယ်သမားအထွေထွေသပိတ် ဆင်နွှဲရေး လှုံ့ဆော်စာ ဖြန်ဝေမှုနဲ့  တရားစွဲခံနေရပါတယ်။

သူ့မှာ အပြစ်မရှိပါဘူး လို့ သူနဲ့ သူ့ရှေ့နေက ဧရာဝတီကို ပြောပါတယ်။

ခရိုင်အတွင်း လယ်သမားများ လယ်ယာမြေ ပြန်လည် ရရှိကြဖို့ စုပေါင်းတောင်းဆိုနိုင်ရေးအတွက် ကူညီတာဖြစ်တယ်၊
ဒီလိုကူညီတာကို တရားစွဲခင်းဟာ သူတို့ကို  ဟန့်တားခြင်းတမျိုးပါပဲလို့ ကိုပဲပဲက ဆိုပါတယ် ပါတယ်။

“ကျနော်က လယ်သမားအရေးပဲ ကူညီပေးတဲ့လူတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ စာလည်း ရေးမပေးခဲ့ဘူး၊ စာလည်း မဝေခဲ့ဘူး”

မြေပြန်ရရေးအတွက် နည်းလမ်းပေါင်းစုံ  လုပ်ကိုင်လာတဲ့ လယ်သမားတွေက  ဘာတွေ ဆက်လုပ်မလဲ ဆိုတာ အစည်းအဝေးလုပ်ဖို့ သူတို့ဘာသာသူတို့ စာတွေလိုက်ဖြန့်တာလို့ ကိုပဲပဲက ရှင်းပြပါတယ်။

“လယ်သမားတွေကိုယ်တိုင် သူတို့ရဲ့အခက်အခဲတွေကို သူတို့ကိုယ်တိုင် တောင်းဆိုကြတဲ့နေရာမှာ ကျနော်တို့က အကူအညီပေးတာမျိုးပဲ ရှိတယ်”

ပုဒ်မ - ၅၀၅ (ခ)
တရားလို -  ရဲစခန်းမှူး ဦးဆန်းလင်း
တရားရုံးကို ဦးတိုက်လျှောက်ထားတဲ့နေ့ - မတ် ၆

တရားရုံး - ပန်းတောင်းမြို့နယ်တရားရုံး
ပထမဆုံးရုံးချိန်း -  မတ် ၁၇

ရှေ့နေ ဦးမြင့်အေးကလည်း “ကျနော့် အမှုသည်ကတော့ ဘာစာမှ မဝေခဲ့ပါဘူး” လို့   ပြောပါတယ်။
ပထမဆုံးရုံးချိန်းမှာ အာမခံရခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုပဲပဲ ဆိုတာက Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)ရဲ့ အဖွဲ့ဝင်ဟောင်းတဦးပါ။
 ၂၀၀၉ ခုနှစ်က တရားမဝင်နယ်စပ်ဖြတ်ကျော်မှု၊ မတရားအသင်း ဆက်သွယ်မှု  တို့နဲ့ အရေးယူခံရပြီး ထောင် ၆ နှစ် ကျခဲ့သူပါ။

 ၂၀၁၂ သြဂုတ်လမှာ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီးနောက်ပိုင်း   ပန်းတောင်းမြို့နယ် တောင်သူလယ်သမားကွန်ရက်မှာ တက်ကြွ လှုပ်ရှားသူ  ဖြစ်လာပါတယ်။

ကောင်းမြတ်မင်း



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved