မြဝတီ-မဲဆောက် နယ်စပ်ဂိတ် တံတား အချိန်တိုးချဲ့ဖွင့်လှစ်မယ်

Monday, March 3, 2014

ထိုင်း-မြန်မာနယ်စပ် ဂိတ်တခုဖြစ်တဲ့ မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ဂိတ်ဖွင့်လှစ်ထားမှုကို ထိုင်းအာဏာပိုင် တွေက အချိန် နာရီတိုးချဲ့ဖို့ သဘောတူ လိုက်ပြီဖြစ်ပါတယ်။ 

 မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတား နယ်စပ်ဂိတ်မြင်ကွင်း၊ ဓာတ်ပုံ- အိမ့်သံစဉ် /ဧရာဝတီ

ယခင်က မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ နယ်စပ်ဂိတ်ကို ပုံမှန်အားဖြင့် တရားဝင် ဖွင့်လှစ် ထားခဲ့ရာက အခုဆို ည ၁၀ နာရီအထိ တိုးချဲ့ ခဲ့တာဖြစ်ပြီး နောက်ထပ် အချိန် ၄ နာရီ ခွဲ အချိန်တိုးမြှင့် ဖွင့်လှစ်လိုက်တာ ဖြစ်တယ် လို့ ယနေ့ ဘန်ကောက်ပို့စ် သတင်း တခုမှာ ဖော်ပြထားပါတယ်။ 

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်က ထိုင်း-မြန်မာ နယ်စပ်ကော်မတီ ( TBC) ဥက္ကဋ္ဌ မဲဟောင်
ဆောင်ရှိ အမှတ် ၄ တပ်မဟာ တပ်မှူး ဗိုလ်မှူးကြီး Therdsak Ngamsanong က ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား၌ စစ်ဆေး လုပ်ကိုင်သည်မှာ တိတိကျကျ ပြောရရင် ယခင်က မနက် ၆ နာရီက ညနေ ၅ နာရီထိသာ နေ့စဉ် ဖွင့်လှစ်လုပ်ကိုင်ခဲ့ တာဖြစ်ပြီး အခုဆို ည ၁၀ နာရီထိ နေ့စဉ် ဖွင့်လှစ်သွား
တော့မှာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်ကို ပြောသွားပါတယ်။ 

ဒါကြောင့် မြ၀တီ-မဲဆောက် ချစ်ကြည်ရေး တံတား ဖွင့်လှစ်ချိန်ဟာ အခုလို အချိန်တိုးချဲ့ပေးလိုက်လို့ နံနက် ၆ နာရီ ကနေ ည ၁၀ နာရီထိ ဖြစ်သွားမှာလို့ သူက ဆက်ပြောထားပါတယ်။ 

ဘယ်နေ့က စပြီး အခုလို အချိန် တိုးချဲ့သွားမယ်ဆိုတာကိုတော့ အဲဒီသတင်းမှာ ဖော်ပြထားတာ မရှိပါဘူး။


ဒါပေမယ့် ဒီရက်ပိုင်းမှာ စတင်လိမ့်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေတော့ မြဝတီ- မဲဆောက် ချစ်ကြည်ရေး တံတားဂိတ်အနီးက လူတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။ 

ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်မှု အရှိန်ရလာတာကြောင့် ထိုင်း အာဏာပိုင်တွေအနေနဲ့ ထိုင်း လုပ်ငန်းရှင်
တွေရဲ့ တောင်းဆိုမှုတွေကြောင့် အခုလို အချိန်တိုးမြှင့်သတ်မှတ်ပေးလိုက်တာဖြစ် တယ်လို့ မြ၀တီ-မဲဆောက်က ထိုင်းနဲ့ မြန်မာ လုပ်ငန်းရှင်တချို့က ပြောပါတယ်။ 


အိမ့်သံစဉ် ~ 







 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved