ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ကိုယ်စားလှယ်များ တွေ့ဆုံ

Saturday, March 8, 2014

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ KNU ကရင် အမျိုးသား အစည်း အရုံး ဥက္ကဋ္ဌနဲ့ ကိုယ်လစားလှယ်အဖွဲ့ကို နေပြည်တော်မှာ မနေ့က လက်ခံ တွေ့ဆုံခဲ့ပါတယ်။ 

 ကာချုပ်နဲ့ KNU ကိုယ်စားလှယ်များ မနေ့က နေပြည်တော်မှာ တွေ့ဆုံပြီး မှတ်တမ်းတင်နေစဉ်၊ 
ဓာတ်ပုံ- ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာ


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မတ်လ ၇ ရက်နေ့ နေ့လယ် ၂ နာရီခွဲလောက်က  နေပြည်တော် ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ KNU ဥက္ကဋ္ဌ စောမူတူးဆေးဖိုး ခေါင်းဆောင်တဲ့အဖွဲ့နဲ့ လက်ခံ 
တွေ့ဆုံစဉ်မှာ ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက် တပ်မတော်ရဲ့ ဆန္ဒသဘောထား ၆ ချက်ကို ပေးထားပြီး 
ဖြစ် လို့ လိုက်နာစေလိုတယ်လို့ ပြောဆိုခဲ့ပါတယ်။ 


ဥပဒေနဲ့ အညီ ဒီမိုကရေစီ လျှောက်လှမ်းမှုတွေမှာ လိုက်ပါ ဆောင်ရွက်မှုတွေကို ကာချုပ်က ရှင်းလင်း အသိပေးထားပြီးဖြစ်တယ်လို့ သတင်းမှာ ပြောဆိုပြီး အစိုးရရဲ့ အုပ်ချုပ်မှူးယန္တရား မပျက်ပြားစေမှုအပေါ် မူတည်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကနေ စစ်မှန်တဲ့ ပြည်ထောင်စု စနစ်ပေါ်ပေါက်စေရေး လက်တွဲသွားဖို့လည်း ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်လို့ ဆိုပါတယ်။


  


အိမ့်သံစဉ် ~





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved