ဥရောပပါလီမန်က ၁၉၉၀ ခုနှစ်အတွက် ချီးမြှင့်သည့် လူ့
အခွင့်အရေးဆု (Sakharov Prize) ကို ယမန်နှစ်
အောက်တိုဘာလ ၂၂ ရက်နေ့က ပြင်သစ်နိုင်ငံ
စထရာဘုဂ်မြို့မှာ ဒေါ်အောင်ဆန်းစုကြည် လက်ခံယူစဉ်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဂျမဏီနဲ့ ပြင်သစ်နိုင်ငံခရီးစဉ်တွေမှာ လိုက်ပါမယ့်သူတွေကတော့
ဒေါက်တာ တင်မာအောင်၊ ဦးမင်းဦးနဲ့ ဦးဖြိုးဇေယျာသော်တို့ပဲ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ဧပြီလ ၉ ရက်နေ့မှာ မြန်မာနိုင်ငံက စတင်ထွက်ခွာပြီး ဂျာမဏီ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဧပြီလ ၁၄ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဧပြီလ ၁၆ ရက်နေ့မှာတော့ ပြင်သစ်နိုင်ငံ က ထွက်ခွာမှာဖြစ်ပြီး မြန်မာနိုင်ငံကို ဧပြီလ ၁၇ ရက်နေ့ ပြန်လည် ရောက်ရှိမှာဖြစ်ပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment