လေယာဉ်ပျံပေးဆွဲသူလို့ ယူဆရသူကို ဖမ်းဆီး

Friday, April 25, 2014

လေယာဉ် အပိုင်စီးသူ တဦးလို့ ဆိုသူကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဒီကနေ့ ဧပြီလ ၂၅ ရက်နေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ 

Virgin လေကြောင်းလိုင်း လေယာဉ်တစီး၊ ဓာတ်ပုံ- အေအက်ဖ်ပီ

သူက သြစတြေးလျနိုင်ငံကနေ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းကို ပျံသန်းမောင်းနှင်လာတဲ့ လေယာဉ် တစီးပေါ် မှာ လေယာဉ် ပျံပေးဆွဲတဲ့ ပုံစံ ခြိမ်းခြောက်မှု လုပ်ခဲ့တာလို့ တာဝန်ရှိသူတွေ က ပြောပါတယ်။ 

လေယာဉ်အမှုထမ်းတွေက သူ့ကို လက်ထိပ်ခတ်ဖမ်းလိုက်တာလို့ A Virgin Australia က တာဝန်ရှိသူတဦးကပြောတာကို ဘီဘီစီ ကြားဖြတ်သတင်းတခုမှာ တွေ့ရမှာပါ။ 

ဘီဘီစီက ကနဦးရတဲ့သတင်းတွေမှာ ဘိုရင်း ၇၃၇ လေယာဉ် ပြန်ပေးဆွဲခံရပြီး ဘာလီ 
လေယာဉ်ကွင်းကို ဆင်းသက်ချိန်မှာ အင်ဒိုနီးရှားတပ်ဖွဲ့တွေက လေယာဉ်ပေါ် တက်ရောက်နေရာ ယူခဲ့တယ်လို့ ဆိုပါတယ်။ 

Virgin လေကြောင်းလိုင်းက ပြောတာမှာတော့   မတော်တဆဖြစ်မှုတခုအဖြစ် နားလည်မှု လွဲမှားခဲ့တာဖြစ်ပြီး အရက်အလွန်အကျွံ မူးနေသူ ခရီးသည်ကို ထိမ်းသိမ်းခဲ့ တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

အင်ဒိုနီးရှားက ဘီဘီစီသတင်းထောက်ရဲ့ အဆိုအရ လေယာဉ်ပျံပေးဆွဲခံရတယ်ဆိုပြီး စိုးရိမ်ခဲ့ကြတယ်၊
  လေယာဉ်မှူးကလည်း လေကြောင်းတာဝန်ရှိသူတွေကို အရေးပေါ် အချက်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။ 


အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved