မန္တလေးက မိုးခေါ်လွန်ဆွဲပွဲ

Monday, April 28, 2014

~

 
 . 
မန္တလေးမြို့ မှာ နေ့ အပူချိန်များမြင့် တက်မှုကြောင့် လူအများစုဟာ အပူဒဏ်ကို အလူးအလိမ့် ခံစားနေကြရပါတယ်။

နေ့ အပူချိန်များဟာ ၄၂ ဒီဂရီစင်တီဂရိတ်ခန့် မြင့် တက်ခဲ့ ပြီး ဆေးရုံဆေးခန်းတွေမှာလဲ အပူဒဏ်ကြောင့် သက်ကြီးရွယ်အိုများနဲ့ ကလေးတချို့  တက်ေ၇ာက် ကုသနေရကြောင်း ကြားသိနေရပါတယ်။

ခါတိုင်းနှစ်များလို သင်္ကြန်လက်ဆေးမိုးက လည်း ဖြစ်မြောက်အောင် မရွာသွန်းတာကြောင့် ဒေသခံတချို့ ဟာ မိုးရွာစေရန်ရည်စူးပြီး မိုးခေါ်လွန်ဆွဲပွဲတွေ ပြုလုပ်လာကြပါတယ်။ အခုတွေ့ မြင်ရတာက တော့  ကမ်းနားလမ်းပိုက်ကျုံးရပ်မှာ ဧပြီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ မိုးခေါ်လွန်ဆွဲပွဲပုံများဖြစ်ပါတယ်။

လွန်ဆွဲပြီးနောက်ပိုင်းမှာ မိုးအကြီးအကျယ် မရွာပေမယ့် နေရာကွက်ကြား မိုးအနည်းငယ် ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

(ဓာတ်ပုံများ - တေဇလှိုင်/ဧရာဝတီ)













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved