ထိုင်း လက်ဝှေ့သမား ကန်ချက်ကြောင့် မြန်မာလက်ဝှေ့ကျော် အသက်ဆုံး

Thursday, April 3, 2014

ထိုင်းလက်ဝှေ့သမားရဲ့ ခြေကန်ချက်ကြောင့် မြန်မာ့ရိုးရာ လက်ဝှေ့သမား အသက်ဆုံးခဲ့ရပါတယ်။ 

 မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ တခု မြင်ကွင်း၊ ဓာတ်ပုံ- stevehuffphoto.com

ဖြစ်ပုံ ကတော့ မွန်ပြည်နယ် ရေးမြို့နယ်က ဟံဂံကျေးရွာမှာ ဘုန်းကြီးပျံ ပွဲတခုမှာ ထိုင်း-မြန်မာ ၅ ချီ အထူး လက်ဝှေ့ စိန်ခေါ် ပွဲ ကို ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တယ်လို့ နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြ ထား ပါတယ်။ 

သက်တော် ၈၂ နှစ် သိက္ခတော် ၆၃ ဝါရှိ မရမ်းကျောင်း ဆရာတော် ဘဒ္ဒန္တ သီလတေဇ မဟာထေရ် ရဲ့ အန္တိမ ဈာပနပွဲမှာ အခုလို လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ 

အဲဒီ စိန်ခေါ်ပွဲမှာ တိုင်းဒေသကြီး၊ ပြည်နယ်ရွှေတံဆိပ်ဆုရှင် ပဲပြားမောင်မောင်နဲ့ ထိုင်းလက်ဝှေ့သမား စင်ခွန်တို့ဟာ အထူး ၅ ချီစိန်ခေါ်ပွဲ ထိုးသတ်ခဲ့ကြပါတယ်။ 

ပထမအချီမှာပဲ ထိုင်း လက်ဝှေ့သမားရဲ့ ပြင်းထန်တဲ့ ထိုးလုံးနဲ့ ကန်ချက်တွေကြောင့် ပဲပြားမောင်မောင် ဟာ နောက်စေ့ ဒဏ်ရာတွေ ရလို့ ရေး မြို့ ဆေးရုံကို ကုသဖို့ အသွား လမ်းမှာပဲ သေဆုံးသွားခဲ့တာလို့ သတင်းက ဆိုပါတယ်။

ရန်ကုန်အခြေစိုက် အရပ်ဘက်သတင်းစာအများအပြားမှာလည်း ဒီဖြစ်ရပ်အကြောင်း ရေးထားကြ တာ တွေ့ရပါတယ်။





အိမ့်သံစဉ် ~ 




.




1 comments :

  1. Unknown said... :

    ဘယ်သူမှ မတင်ဘူးလား ကျွန်တော်တင်ပါတယ်။ သန့်သန့်လေးပြောပါမယ် ။ သေချာစုံစမ်းပြီး
    အမှန်တရားနဲ့အနီးစပ်ဆုံးသိမှ တင်ပါခင်ဗျ ။ ဧရာဝတီနဲ့ ရင်းနှီးပြီးသားပါ ။ ဒီတခါတော့ အထင်
    သေးမိတယ်။ အတော်လေးလွဲနေလို့ပါပဲ ကျွန်တော်တို့ လက်ဝှေ့အသိုင်းအ၀ိုင်းလေးဆီလည်း
    လာလည်ပါဦးလား ဖိတ်ခေါ်ပါတယ်
    https://www.facebook.com/mmLethwei

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved