ဘန်ကောက်မြန်မာသံရုံးသစ်အတွက် ဒေါ်လာ ၁.၃ ဘီလျံသုံးစွဲ

Wednesday, April 2, 2014

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာသံရုံး အသစ် အဆောက်အဦဆောက်လုပ်ဖို့အတွက် အမေရိကန်
ဒေါ်လာ ၁.၃ ဘီလျံ  သုံးစွဲတယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- ogmyanmar

ဒါဟာ ကမ္ဘာတလွှား အဓိက မြို့ကြီးပြကြီးတွေမှာ တန်ဘိုးအကြီးဆုံး အသစ်ဖွင့်လှစ်တဲ့ မြန်မာသံရုံးသစ် ၁၈ ခု ထဲမှာ ပါဝင်တာဖြစ်တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ကိုးကားပြီး News Asia One သတင်းတပုဒ် မှာ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှာ အခြေခံ လိုအပ်ချက်တွေဖြစ် တဲ့ ရေနဲ့ လျှပ်စစ် မီး ကဏ္ဍတွေမှာ ထောက်ပံ့မှုတွေ အတွက် 
နိုင်ငံဟာ ရုန်းကန်နေရဆဲ ဖြစ်နေချိန်မှာ မြန်မာ အစိုးရကတော့ ကမ္ဘာတလွှား သံတမန် လမ်းကြောင်းတွေ ဖွင့်ဖို့ ဒေါ်လာ သန်းပေါင်းများစွာ အသုံးပြုနေ တာဖြစ်တယ်လို့အဲဒီသတင်း က ဖော်ပြထားပါတယ်။ 

ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ဦးလွင်က မတ် ၆ ရက်နေ့က ထုတ်ဖော်ပြောကြားထားတာ ကတော့ 
မြန်မာနိုင်ငံဟာ ကမ္ဘာတ၀န်း သံတမန်ရေး အကောင် အထည်ဖော်ဖို့ ကမ္ဘာ့မြို့ကြီး ၄၀ မှာ မြန်မာ သံရုံး၊ ကောင်စစ်ဝန်ရုံးနဲ့ သံတမန် ကိုယ်စားပြုရုံးတွေအခု ဖွင့်လှစ်နေတယ်လို့ ဆိုပါတယ်။ 

ဒီအပြင် မြန်မာသံရုံးတွေ ဖွင့်ဖို့ ကမ္ဘာမြို့ကြီး ၁၈ မြို့မှာလည်း မြန်မာနိုင်ငံပိုင် မြေကွက်တွေလည်း ဝင်ယူခဲ့
ပြီးဖြစ် တယ်လို့ သူက ဆက်ပြောထားပါတယ်။ 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အခု လက်ရှိ မြန်မာသံရုံးအဆောက်အဦးအပြင် သံရုံးအသစ် ဆောက်တာ၊ 
မြေကွက်ဝယ် တာတွေနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ ဒု နိုင်ငံခြားရေး ဝန်ကြီး ဦးတင်ဦးလွင်က ဖြေကြားခဲ့တာတွေဖြစ်ပါတယ်။ 

မြန်မာအစိုးရက ဘန်ကောက် သံရုံး အသုံး စရိတ်ပြီးရင် နောက်ထပ်အများအပြား အသုံးပြုတဲ့ နေရာတွေကတော့
- အိန္ဒိယ နိုင်ငံ နယူးဒေလီ မှာ အမေရိကန် ဒေါ်လာ ၄၂၇ သန်း၊
- ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဒေါ်လာ ၂၄၆ သန်း၊
- ဗြိတိန်နိုင်ငံ လန်ဒန်မြို့ မှာ ဒေါ်လာ ၃၄.၅ သန်း၊
- အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ မှာ ဒေါ်လာ ၂၆ သန်း၊
- စင်ကာပူနိုင်ငံမှာ ဒေါ်လာ ၁၅.၆၃ သန်း သုံးစွဲတယ်လို့ ဆို ပါတယ်။ 


အခြား မြန်မာသံရုံးဖွင့်ထားကြတဲ့ ဝါရှင်တန်၊ ပဲရစ်၊ ဘာလင်၊ ကိုင်ရို၊ အစ္စလမ်မာဘတ်၊ ဟောင်ကောင်၊ ဂျကာတာ၊ ဗီယင်နာ၊ ကူမင်း၊ ဗီယန်ကျန်း၊ ဆိုးလ်စတဲ့ မြို့တွေမှာလည်း ဒေါ်လာသန်းပေါင်းများစွာ အသုံးပြု ထားတာဖြစ်တယ်လို့ သတင်းက ဆိုပါတယ်။ 


အိမ့်သံစဉ် ~ 









1 comments :

  1. Anonymous said... :

    သုည တစ်လုံးလောက်တော. လျော.လိုက်အုံး၊

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved