ရဟတ်ယာဉ် ပိစိ

Thursday, April 3, 2014


~


 

 .
လူ့အလိုကို နတ် မလိုက်နိုင်ပေမယ့် လိုက်နိုင်တဲ့သူ ပေါ်လာပါပြီ။
အဲဒါကတော့ မောင်းသူမဲ့ယာဉ်ပျံပါပဲ။
 
ပစ္စည်းတွေကို  လမ်းမကောင်း လမ်းမရှိတဲ့နေရာတွေကို ဖြန့်ဝေနိုင်တဲ့ ဒီယန္တယားကို လူသားချင်းစာနာမှုအကူအညီပေးရေး အဖွဲ့အစည်းတွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်နေတာပါ။

တီထွင်နေ ထုတ်လုပ်နေသူကတော့  Andreas Raptopoulos ဆိုတဲ့သူပါ။  သူတို့က ဆန်ဖရန်စစ္စကို ဆီလီကွန်တောင်ကြားဒေသမှာပါ။ ဒီလိုထွင်နေတာ ကမ္ဘာပေါ်မှာ သူတို့ချည်းပဲတော့ မဟုတ်ပါ၊ အမေဇုန်အွန်လိုင်းဈေးဆိုင်ကြီးက  မောင်းသူမဲ့ယာဉ်ပိစိကွေးသုံးပြီး ပစ္စည်းပို့ဆောင်မယ့် အစီအစဉ်ကို ဒီဇင်ဘာမှ မိတ်ဆက်ခဲ့ပါတယ်။
အဲဒီအကြောင်း ဧရာဝတီဘလော့ http://blog.irrawaddy.org မှာ ရေးခဲ့ပြီးပါပြီ။  အခုတော့ အလားတူ တီထွင်မှုမျိုးအကြောင်း ရေးဖို့ အကြောင်းသင့်လာတော့ ရေးရပြန်ပါပြီ။
 

 
 Andreas Raptopoulos နဲ့ သူ့လုပ်ဖော်ကိုင်ဘက်တွေ ထွင်နေတဲ့  ဒီယာဉ်ပျံအကြောင်း   ဆက်ရရင် ... ဆေးဝါးပစ္စည်းပေးပို့ရေးလိုမျိုး လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေမှာ ဒါက အင်မတန် အသုံးတည့်ပါလိမ့်မယ်။
လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ဒေသက အကူအညီလိုနေသူ သန်းတထောင်ခန့်သော လူသားတွေကို ဒီယာဉ်ပျံသုံးပြီး ကူညီနိုင်မယ့် တီထွင်ချက်ပါ။

လမ်းမကြီးတွေ ဖောက်လုပ်ခြင်း မပြုနိုင်ခင်မှာ ဒီယာဉ်ပျံက ကောင်းကောင်းကြီး အသုံးတော်ခံပါလိမ့်မယ်။
မောင်းသူမဲ့ ဆိုတော့ သူ့ကို အဝေးကနေထိန်းချုပ်မောင်းနှင်ရမှာပါ။

ယာဉ်ပျံတစီး ကုန်ကျစရိတ် ဘယ်လောက် ရှိတယ် ဆိုတာကိုတော့ မနက်ဖြန် ဒီဘလော့မှာ  ရဟတ်ယာဉ် ပိစိ အပိုင်း ၂ ဆိုပြီး ဆက်လက် ဖော်ပြပါမယ်။
ဈေးက အတော် ကြီးပါတယ်။

ဒီယာဉ် သယ်ဆောင်နိုင်တဲ့ အလေးချိန် ပမာဏက ၁ ပိဿာကျော်မယ်လို့ ဆိုပါတယ်။

photo -  www.theguardian.com



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved