ပြည်မြို့မှာတွေ့ရတဲ့ ဦးဝင်းတင် အမှတ်တရ အစီအစဉ်

Wednesday, April 23, 2014


~






"ပြည်နဲ့ အနီးတ၀ိုက်မြို့တွေက ဦးဝင်းတင်ကို လေးစားကြသူ အများအပြား တက်ရောက်ကြပါတယ်..."

  • ကောင်းမြတ်မင်း

         NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ စာနယ်ဇင်းဆရာကြီး  ဦးဝင်းတင်   ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းခြင်းအစီအစဉ်ကို ပြည်မြို့မှာလည်း ဒီမနက် ပြုလုပ်ကြပါတယ်။

သံဃာတော်များကို ဆွမ်းကပ်လှူခြင်း၊  ရေစက်ချအမျှပေးဝေခြင်းများအပြီးမှာတော့  အဖွဲ့အစည်းအသီးသီးက ပေးပို့တဲ့ ဝမ်းနည်းကြောင်း သဝဏ်လွှာကိုဖတ်ကြားကြ၊  ဆရာကြီးအတွက် အမှတ်တရစကားများပြောဆိုကြပါတယ်။

ပြည်နဲ့ အနီးတ၀ိုက်မြို့တွေက ဦးဝင်းတင်ကို လေးစားကြသူ အများအပြား တက်ရောက်ကြပါတယ်။ 

ဆလခေတ်မှ နအဖခေတ်အထိ (၅)ကြိမ်တိုင်တိုင် ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်တလည်မြို့က စာရေးဆရာ နိုင်ငံရေးသမား ဆရာချစ်ဆောင်ဦး (ပြည်ချစ်ဆောင်) ရဲ့ ပြောဆိုချက်တချို့ နဲ့ အမှတ်တရအစီအစဉ် မြင်ကွင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

         "ကျနော်နဲ့ ဆရာကြီးနောက်ဆုံး ဆုံဖြစ်ခဲ့တာ ၁၃၀၀ ပြည့် အရေးတော်ပုံ အခမ်းအနားမှာ။ 
ဆရာကြီး မရှိတော့တဲ့အတွက်   NLD မဟုတ်တဲ့တခြားအဖွဲ့အစည်းတွေက NLD ကိုပြောချင်တာတွေရှိရင် ပြောပြပေးနိုင်တဲ့သူမရှိတော့လို့ NLD နဲ့ ဆက်ဆံရေးမှာ အားယုတ်သွားတဲ့အတွက် အများကြီးနစ်နာတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ပြောချင်တာရှိရင် ဆရာကြီးကနေတဆင့် ပြောလို့ရတယ်။
ကျနော်တို့နိုင်ငံသားတွေတင်မကပါဘူး ကမ္ဘာ့နိုင်ငံရေး အသိုင်းအဝိုင်းအတွက်လည်း ဒီမိုကရေစီအရေးလှုပ်ရှားနေသူ ဝါရင့်သတင်းစာဆရာကြီးတယောက်ဆုံးရှုံးမှုအတွက် ဝမ်းနည်းရပါတယ်"

        "ဆရာကြီးအကြောင်းကတော့ (၁၉၈၀ နောက်ပိုင်း) ထောင်ကျတုန်းက ဆရာကြီးလူထုစိန်ဝင်းနဲ့ တခန်းတည်း နေရတုန်းကတည်းက ကြားဖူးတာပါ။
၁၉၉၀ ခုနှစ်နောက်ပိုင်း ထောင်ကျတော့မှ ဆရာကြီးနဲ့ ထောင်တခုတည်းနေဖြစ်ခဲ့တာ။
သခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးကွန်ရက်လုပ်တော့ အမြဲတွေ့ဖြစ်တယ်။
 နေမကောင်းဖြစ်တော့ ကျနော်သွားမတွေ့ဖြစ်တာ အင်မတန်စိတ်မကောင်းဖြစ်ရတယ်"

         " ကျနော်ကို ဂျာနယ်ကျော်ဦးချစ်မောင်က ဥတ္တရအလင်းဆိုတာကို ဆရာကြီးဦးဝင်းတင် မြန်မာလို့မပြန်ခင်က ဖတ်ခိုင်းတယ်။
အင်္ဂလိပ်လိုဘာသာနဲ့ ဖတ်တော့ ခက်ခဲတာပေါ့ဗျာ။ နားလည်သင့်သလောက်နားမလည်နိုင်ဘူး။
ဆရာကြီးမြန်မာလို့ ပြန်လိုက်တော့မှ တော်တော်အဆင်ချောသွားတယ်။
ဂျာနယ်သမားကြီးဆိုတော့ အဲဒိစာအုပ်ကိုသူပြန်ုလိုက်အင်မတန် ကောင်းပါတယ်။
ဆရာကြီးလူထုစိန်ဝင်းက သူ့ကို သိပ်ချီးမွမ်းတာ အင်မတန်နှိမ့်ချတဲ့ ပုဂ္ဂိုလ်တဲ့ဗျာ။  ထောင်ထဲမှာ သူ့အကြောင်း လူပြောသိပ်များတယ်။
နိုင်ငံရေးသမားတွေကြားထဲမှာပေါ့။ အခုသူ့အတွက် ကောင်းမှုကုသိုလ်လုပ်ပြီး ဆုတောင်းမေတ္တာပို့သပေးတာပေါ့ဗျာ"
  






.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved