ချင်းမိုင်မြို့ အန္တရာယ် ကင်းစေရေး သံဃာတော်များ ဆုတောင်းပေး

Wednesday, April 9, 2014

ချင်းမိုင်မြို့က Wat Phra Singh လို့ခေါ်တဲ့ ထိုင်းဘုန်းကြီးကျောင်းမှာ ချင်းမိုင်မြို့ ရှိ ဗုဒ္ဓ ကျောင်းတော် အသီး သီး က ဓမ္မဒူတ ရဟန်း သံဃာတော် အပါး ၅၀၀ က ဗုဒ္ဓ၏ စွယ်တော်အား ပူဇော်ခံ ကြွချီတာကို ချင်းမိုင်မြို့တွင်း တလျှောက် လှည့်လည်အပူဇော်ခံပွဲကို ဧပြီ ၉ ရက်နေ့ ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။ 


ဓာတ်ပုံ- ငြိမ်းဇော်/ ဧရာဝတီ

နှစ်စဉ် သင်္ကြန်မကျမီ ကျင်းပလေ့ရှိတဲ့ ဗုဒ္ဓ၏ စွယ်တော်အား ပူဇော်ခံ ကြွချီပွဲကို အနယ်နယ်အ ရပ်ရပ်က လာရောက်ဖူးမျှော်ကြသလို ချင်းမိုင်မြို့ရောက် မြန်မာနိုင်ငံသားတွေကလည်း ပါဝင်ဖူးမျှော်ခွင့် ရကြပါ တယ်။ 


ဗုဒ္ဓဘုရားရှင် သက်တော် ထင်ရှား ရှိစဉ်ကာလက ဝေသာလီပြည်မှာ သဘာဝ ကပ်ဘေးဆိုးကြီး ကျရောက် စဉ် လူ ပေါင်း များစွာ အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။ အဲဒီတုန်းက တိုင်းသူပြည်သားတွေလည်း မကောင်း ဆိုးဝါးတွေကို စိုးရိမ် ကြောက်ရွံ့ခဲ့ကြတယ်။ 

ဝေသာလီပြည် အန္တရာယ်ကင်း ဝေးစေဖို့ ဗုဒ္ဓမြတ်စွာဘုရားနဲ့ ရဟန်း သံဃာ ၅၀၀ ကို ဝေသာလီကို ကြွရောက်ပြီး ချီး မြင့်ပေးဖို့ တိုင်းသူပြည်သားတွေလည်း တိုင်ပင်ပြီး အားလုံး သဘောတူ ပင့်ဖိတ်ခဲ့ ကြပါတယ်။ 



ဒီလို ပင့်ဖိတ်ပြီး ဘုရားရှင်နဲ့ ရဟန်းသံဃာ ၅၀၀ ကြွချီမလာခင်မှာ တိုင်းသူပြည်သားတွေလည်း မြို့ကို သန့်ရှင်းရေး တွေလုပ်၊ လမ်းတွေခင်းပြီး ဘုရားရှင်နဲ့ ရဟန်းတော်တွေ ကြွချီလာတဲ့ အခါ ပန်းတွေ ခင်းပြီး စောင့်ကြိုခဲ့ကြပါတယ်။ 



မြတ်စွာ ဘုရားရှင်ရဲ့ ဘုန်းတံခိုးအာနုဘော် တန်ခိုးတော်ကြောင့် ဝေသာလီပြည်မှာ ခံစားနေရတဲ့ ကပ်ဘေးကြီးလည်း ကင်းစင်လွင့်ပသွားပြီး မကောင်းဆိုးဝါးတွေလည်း ပျောက်ကွယ်သွားခဲ့ရပါတယ်။ 

အဲဒီကစပြီး တိုင်းပြည်အန္တရာယ်ကင်းဝေးစေဖို့ ဘုရားအမှူးပြုတဲ့ ရဟန်းသံဃာတော် ၅၀၀ ကို နှစ်စဉ် ပင့်ဖိတ်ပြီး ပန်း တွေ ခင်းပြီး ကြိုဆိုလာကြတဲ့ အစဉ်အလာကို လုပ်ဆောင်လာခဲ့အတိုင်း အခုလို ချင်းမိုင်မြို့မှာ လုပ်ဆောင်တာ ဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ နိုင်ငံရေးတင်းမာမှုတွေက အရှိန်မြင့်တက်လာနေတဲ့အတွက် အခု နှစ် သင်္ကြန်ကာလမှာ စိုးရိမ်မှုတွေ ရှိနေပြီး အခုလို ချင်းမိုင်မြို့သူ မြို့သားတွေက အရင်နှစ်တွေနဲ့ မတူပဲ အထူးစည်ကားစွာ ကျင်းပကြတာ ဖြစ်ပါတယ်။ 
















ငြိမ်းဇော် ~










0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved