ဦးဝင်းတင် ပုံတူရေးဆွဲတဲ့ ပန်းချီ မောင်ညိုဝင်း

Wednesday, April 23, 2014

~


 

 
(ဓာတ်ပုံများ - Soe Win Nyein / Facebook)  

ပန်းချီ မောင်ညိုဝင်းမှာ ထူးခြားချက်ကြီးတခု ရှိပါတယ်။

စာပေနယ်က အထင်ကရတဦးဦး ကွယ်လွန်တယ် ဆိုရင် အဲဒီ ပုဂ္ဂိုလ်ရဲ့ပုံတူကိုညလုံးပေါက်ဆွဲခြင်းပါပဲ။

 


အခု သူ ဆွဲလိုက်တာကတော့ စာနယ်ဇင်းဆရာကြီး၊ NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းတင်ရဲ့ ပုံတူပန်းချီ ဖြစ်ပါတယ်။

 


စာပေနယ်မှာ အထင်ကရတွေ အများကြီး ရှိပါတယ်။

စာပေနယ်မှာ အထင်ကရဖြစ်တိုင်း အဲဒီ ပုဂ္ဂိုလ်ရဲ့ နာရေးမှာ သူ ဂုဏ်ပြု ပန်းချီဆွဲတာတော့ မဟုတ်ဘူး ဆိုတာ သတိပြုမိကြမှာပါ။ ဂုဏ်ပြုရေးဆွဲခြင်းနဲ့ ပတ်သက်ပြီး သူ့မှာ သတ်မှတ်ထားတာတွေ ရှိပါလိမ့်မယ်။



ဒီပန်းချီကားတွေဟာ ရောင်းဖို့ မဟုတ်ပါ။
ထုံးစံအတိုင်း ဆိုရင် နာရေး အစီအစဉ် ပြီးတာနဲ့ ဒီပန်းချီကားက ဦးဝင်းတင် နေထိုင်ခဲ့တဲ့ သူ့မိသားစုဆီကို ရောက်သွားမှာ ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved