မင်းကျော်ခိုင်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ

Friday, April 4, 2014

~

 


နယူးယောက်မှာ ရောက်နေတဲ့ ပန်းချီဆရာ မင်းကျော်ခိုင်က သူ့ရဲ့ ပုံတူခဲခြစ်တွေကို ရန်ကုန်မှာ ပြပွဲလုပ်ပါတော့မယ်။

 


 သူကိုယ်တိုင်ကတော့ ရန်ကုန်ပြပွဲကို ရောက်လာမယ် မထင်ပါဘူး။
သူရေးထားတဲ့ သူ့ရဲ့ ပြပွဲမိတ်ဆက်ကို ကူးယူ ဖော်ပြပေးလိုက်ပါတယ်။
အပေါ်ပုံတွေကတော့ အင်တာနက်မှာ တွေ့ရတဲ့ သူ့လက်ရာတွေထဲက တချို့ကို ဆက်စပ် ဖော်ပြပေးလိုက်တာပါ။ ပြပွဲမှာ အဲဒီပုံတွေလည်း ပါဝင်မယ်လို့ ယူဆရပါတယ်။

ကျနော့်ရဲ့ ကျနော်ခြစ်တဲ့ "ပြည်သူချစ်သော ပြည်သူ့ဘက်တော်သားများ" ပြပွဲက ခုလ ဧပြီ ၅ ရက်နေ့မှာ စ မှာပါ၊ အဲဒီ ဧပြီ ၅ ရက်နေ့ ဖွင့်ပွဲ (စာနယ်ဇင်းမိတ်ဆက်ပွဲ) မှာ ကျနော့် သူငယ်ချင်း လူမှုရေး သူရဲကောင်း ပြည်သူတွေချစ်တဲ့ ပြည်သူတွေ အားကိုးတဲ့ နာရေးကူညီမှုအသင်းဥက္ကဌ ကျော်သူက ကျနော့်အတွက် သူကိုယ်တိုင်ရေးစပ်ထားတဲ့ ကဗျာ ရွတ်ပါမယ်၊ သူက သူရွတ်မဲ့ကဗျာ ကျနော့်ဆီလှမ်းပို့တယ်၊ ဖတ်ကြည့်ပြီး ကျနော်တော်တော်ဖျားသွားတယ်၊ မထင်မှတ်လောက်အောင်ကောင်းလွန်းလို့ပါ....

ကျနော်တို့ ငယ်စဉ်ကျောင်းသားဘဝ၊ သူနာမည်ကျော်ရုပ်ရှင်မင်းသားဘဝတွေတုန်းက နဲ့ တခြားစီပါ...

ဟိုး..တချိန်တုန်းက ဆိုးခဲ့ပေခဲ့ တေခဲ့မိုက်ခဲ့ကြတာပေမဲ့ ခုချိန်မှာ သူဟာ ပြည်သူတွေအတွက်ပေးဆပ်နေတာ လူမှုရေးတင်မဟုတ်ဘူး၊
နောက်မျိုးဆက်သစ်တွေအတွက်ကိုပါ ပြည်သူ့ဘက်တော်သားတွေဖြစ်စေချင်တဲ့ဆန္ဒတွေ သူ့မှာရှိနေတယ်။

နောက် ပြည်သူ့ဘက်တော်သားတွေဆိုတာ ပြည်သူတွေရဲ့မေတ္တာ စေတနာတွေ ရောင်ပြန်ဟပ်တယ်၊
ပြည်သူတွေအပေါ် ဘယ်တော့မှ သစ္စာမဖေါက်ရဘူး၊ ကျေးဇူးမကန်းရဘူး..ဒါမှ ပြည်သူချစ်တဲ့ ပြည်သူ့ဘက်တော်သားပီသမှာကိုး...

မိမိနာမည်ကြီးဘို့ ပြည်သူ့ဘက်တော်သားဆိုပြီး ဟန်ပြလူမှုရေးတွေလုပ်တာ သူမကြိုက်ဘူး....

တကယ်ဖြစ်ချင်တကယ်လုပ် အဟုတ်ဖြစ်ရမည် ဆိုတဲ့ ဘဘ ဦးသုခ ရဲ့ အဆုံးအမအတိုင်း သူ ပြည်သူတွေအတွက် ပြည်သူ့ဘက်တော်သားဖြစ်အောင် လုပ်ခဲ့တယ်၊ လုပ်နေဆဲ၊ သေသည်အထိလုပ်သွားမဲ့သူ..ကျော်သူ။
ဒါကြောင့် သူ့ကို ပြည်သူတွေကချစ်တယ်၊ အားကိုးတယ်။

သူက ကျနော့်ပြပွဲမှာ သူငယ်ချင်းတယောက်အနေနဲ့ ကျနော့်ကိုယ်စားမိတ်ဆက်စကားပြောပြီး ကျနော့်အတွက် သူ့ကဗျာရွတ်မယ်ဆိုတော့ ကျနော်အတိုင်းအဆမရှိ ဝမ်းသာဂုဏ်ယူမိပါတယ်။

ဒါ့အပြင် ကျနော့်အပေါ် ညီငယ်တယောက်လို အမြဲဆက်ဆံတဲ့ ကိုရဲ (ရဲလွင်- မဇျ္စိမလှိုင်း- ပန်းရဲ့လမ်း)နဲ့ ညီငယ် သားထွေး (ပန်းရဲ့လမ်း) တို့က နောက်ခံ တီးလုံးတီးပေးကြမယ်ဆိုလို့ ကျနော်အလွန်မှ ဝမ်းသာပီတိဖြစ်ရပါတယ်....။

ကိုရဲနဲ့ သားထွေးတို့ရဲ့ နောက်ခံဂီတနဲ့ ကျော်သူရွတ်မဲ့ ကဗျာကို ပြပွဲအဖွင့်မှာ ခံစားကြဖို့ မိတ်ဆွေ သူငယ်ချင်း ညီအကိုမောင်နှမတွေကို လေးစားချစ်ခင်စွာ ဖိတ်ကြားအပ်ပါတယ်....။

ကျနော်ခြစ်တဲ့ ပြည်သူ့ဘက်တော်သားများ

My scratches of Unconditional People Heroes

Date: 5.4.2014(Sat)~8.4.2014(Tue)
Time: 9:00am~5:00pm

Place: Lokanat Aung Myint TunNo.62, First The 13th Floor ElevatorsPansodan Street, Kyauktada Township, 11182
Yangon, Lemdy Myanmar
Telephone: 01-382269

Curator: Phyu Ei Thein ( Sunflower Art Gallery & Art Classes)
email: phyuei.thein7@gmail.com
Mobile: 09-4500-11956

အားလုံးကိုချစ်ခင်လျက် မေတ္တာများစွာဖြင့်
(မင်းကျော်ခိုင်)

 
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved