လူစုံတဲ့ ရန်ကုန်က မင်္ဂလာပွဲ

Sunday, April 6, 2014

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်းတို့ရဲ့ မင်္ဂလာဧည့်ခံပွဲကို ဧပြီလ(၆)ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ၊ တာမွေမြို့နယ် ရှိ Sky Star ဟိုတယ်တွင် ကျင်းပပြုလုပ်ပါ တယ်။ 


ဦးကိုကိုကြီးနှင့် ဇနီး မခင်သူသူဝင်း (ဓာတ်ပုံများ - စိုင်းဇော်/ဧရာဝတီ )

မင်္ဂလာဧည့်ခံပွဲသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးအောင်မင်း အပါအ၀င် နိုင်ငံရေး၊ လူမှုရေး လောကက ခေါင်းဆောင်တွေ၊ တိုင်းရင်းသား အဖွဲ့အစည်း
ခေါင်းဆောင်တွေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာပေ အနုပညာလောကမှ ပုဂ္ဂိုလ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အခြားဖိတ်ကြားထားခြင်းခံရတဲ့ မိတ်ဆွေ၊ သင်္ဂဟများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။ 


ပြောရရင် နယ်ပေါင်းစုံက လူအတော်စုံတဲ့  ရန်ကုန်က ထင်ရှားတဲ့ မင်္ဂလာပွဲ တခုပါဘဲ။ 

မင်္ဂလာစကားချီးမြင့်ပေးတဲ့ ဒေါ်အောင်ဆန်းစုကြည် 

မင်္ဂလာပွဲ တက်လာတဲ့ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း 

မင်္ဂလာစကား တက်ရောက်ချီးမြှင့်ပေးတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး

မင်္ဂလာစကားပြောကြားနေတဲ့ ဦးမင်းကိုနိုင် 
မင်္ဂလာအခမ်းအနားမှာတွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းကိုနိုင်
မင်္ဂလာပွဲ တက်ရောက်လာတဲ့ မက်စ်မြန်မာသူဋ္ဌေးကြီး ဦးဇော်ဇော်က ဒေါ်အောင်ဆန်းစုကြည်ကို နုတ်ဆက်နေစဉ်



 မင်္ဂလာပွဲ တက်ရောက်လာကြတဲ့ ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့












မင်္ဂလာပွဲမှာ သမီးလိုချစ်ရတဲ့ ခွေးမလေးနဲ့ အတူ ဦးကိုကိုကြီးနဲ့ မခင်သူသူဝင်း  









2 comments :

  1. Ye Win said... :

    WE like to see more gentler side of the politicians and cronies in the future. The confidence building started with " Ping-Pong diplomacy" to get to the stage where Chaiman Mao-Tze-Dong met President Richard Nixon 40 odd years ago. I like to extend my best wishes to the wedded couple.

  1. Anonymous said... :

    ဦးကိုကိုကြီးပွဲကို ရွှေသံလွင်က လုပ်ပေးတယ် ဦးဇော်ဇော်နဲ့ အမေစု ရင်းနှီးလွန်းပုံကလည်း မြင်တဲ့အတိုင်းပဲ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved