မလေးရှားလေကြောင်းလိုင်းနဲ့ စီးမယ့် ခရီးသည်ထံက ရွှေတုံးတွေသိမ်းမိ

Tuesday, April 1, 2014

ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမယ့် မလေးရှားလေကြောင်းလိုင်း MH 743 ၊ ဘိုရင်း ၇၃၇ လေယာဉ်နဲ့ လိုက်ပါမယ့် အိန္ဒိယနိုင်ငံသား Mr. Jaffar Mohamed Shafi ကို
လေဆိပ်မှာ စစ်ဆေးနေစဉ်မှာ သူ့ခရီးဆောင်အိပ်အတွင်းကနေ ကျပ်ငွေ သိန်း ၁၃၀၀ တန်ဘိုးရှိ အကယ်ဒမီ တံဆိပ် ရွေတုံးတွေတွေ့ရှိပြီး သက်ဆိုင်ရာက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ 

 ဓာတ်ပုံ- မြန်မာ့အလင်း

ဒီကနေ့ ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာကတော့ တတုံး မှာ ၁၀ ကျပ်သားရှိ တဲ့ ရွှေတုံးပေါင်း ၂၀ ကို အဆိုပါ အိန္ဒိယနိုင်ငံသားဆီက မတ်လ ၂၇ ရက်နေ့က ဖမ်းမိလိုက်တာဖြစ်တယ် လို့ ဖော်ပြထားပါတယ်။ 

အဲဒီအိန္ဒိယနိုင်ငံသားဟာ မတ်လ ၂၂ ရက်နေ့က မလေးရှားလေယာကြောင်းလိုင်း MH 740 လေယာဉ်နဲ့ ကွာလာလမ်ပူ လေဆိပ်ကနေ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်လာခဲ့တာဖြစ်တယ်လို့ သိရပြီး ရွှေတုံး သယ်ယူမှုနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေ ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။ 



အိမ့်သံစဉ် ~ 




.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved