ကျောက်မဲမြို့က ပစ်ခတ်မှု ၂ ဦးသေဆုံး

Saturday, April 26, 2014

ကျောက်မဲမှ မိုင်းတင်းကျေးရွာ လမ်းမပေါ် (ကျောက်မဲမှ) နှစ်မိုင်သာ ကွာသည့်၊ ပလောင်ငြိမ်းးချမ်းရေး ကုန်း အလွန်၌ မိုင်းတင်းပြည်သူ့စစ်အဖွဲ့ နဲ့ တောတွင်းလက်နက်ကိုင် အဖွဲ့ တို့ ယမန်နေ့နံနက် ၁ဝ နာရီ ခွဲ 
လောက် က ပစ်ခတ်မှု ဖြစ်ပွားခဲ့လို့ လူ ၂ ဦး သေဆုံးသွားပါတယ်။


ပြည်သူ့စစ်ခေါင်းဆောင်  ကိုအောင်မိုးတို့ကို ပစ်တဲ့ကျည်ဆံခွံများ


အဲဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း မိုင်းတင်းပြည်သူ့စစ်ခေါင်းဆောင် ကိုအောင်မိုး သေနတ်ဒဏ်ရာနဲ့ သေဆုံးပြီး 
တောတွင်း လက် နက်ကိုင် အဖွဲ့ ကတယောက်လည်း သေဆုံးခဲ့သည်။ 






 ပြည်သူ့ စစ်များက ပြန်လှန်ပစ်ခတ်၍ သေဆုံးသွားသည့် လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်


မိုင်းတင်းပြည်သူ့ စစ်အဖွဲ့ ကျောက်မဲမြို့ ဆေးခန်းကိုလာပြီး မတ်တူးကားလေးနဲ့ အပြန်မှာ တောတွင်း လက်နက်ကိုင်အဖွဲ့မှ စောင့်၍ ပစ်ခတ်ခြင်းဖြစ်သည်ဟု သိရသည်။ 

မိုင်းတင်း ပြည်သူ့စစ်အဖွဲ့ကို ဒီသစ်ငုတ်တိုကနေ စောင့်ပစ်တာ

ဤ ကျောက်မဲ ဒေသတ၀ိုက်တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ရှမ်းပြည် တပ်မတော်
မြောက်ပိုင်း(SSPP/SSA)နှင့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက် ရေးတပ်မတော် (TNLA)တို့ လှုပ်ရှားရာ နယ်မြေလည်း ဖြစ်သည်။ 

မိုင်းတင်းပြည်သူ့စစ်နဲ့ တောတွင်းလက်နက်ကိုင် ရင်ဆိုင်ကြတဲ့နေရာ

နိုင်ငံရေး သမိုင်းအပြောင်းအလဲ တွင် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး ပြောဆိုနေချိန်တွင် ဤသို လက်နက်ကိုင်များ၏ တိုက်ခိုက်နေမှုကြောင့် မြို့သူမြို့သား များ တုန်လှုပ်ခြောက်ခြားလျှက်ရှိ သည်ဟု သိရသည်။ 


တင်မောင်သိန်း(ကျောက်မဲ)~








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved