~
ဦးဝင်းတင် ကွယ်လွန်မှု ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် NLD ပါတီက ၃ ရက်ကြာ အလံတိုင်ဝက်လွှင့်မှာဖြစ်ပါတယ်။(ဓာတ်ပုံများ - ဟိန်းထက် / ဧရာဝတီ)
ဒီအကြောင်း ပါတီရဲ့ ထုတ်ပြန်ချက်ကို ကူးယူ ဖော်ပြလိုက်ပါတယ်။
ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်
၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနားအတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။
၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။
၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။
၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ်အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန် NLD ဌာနချုပ်ရုံး
ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်နေအိမ်
.

0 comments :
Post a Comment