၂ဝ၁၄ ခုနှစ် Billboard Music Award ဆု ဂျနီဖာ လိုပက်ဇ် လက်ခံမယ်

Tuesday, May 6, 2014

နာမည်ကြီး အဆိုတော် သရုပ်ဆောင် ဂျေလို ခေါ် Jennifer Lopez ဟာ သူ့ရဲ့ သီချင်း ၂ ပုဒ်ဖျော်ဖြေတင် ဆက် ခဲ့မှုအတွက် ဒီနှစ်အတွက် Billboard Music Awards ဆုတွေထဲက Icon Award ဆုကို လက်ခံယူ မှာဖြစ်တယ် လို့ Billboard ဆုရွေးချယ်ရေးအဖွဲ့က မေလ ၅ ရက်နေ့ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ 

ဂျနီဖာ လိုပက်ဇ်၊ ဓာတ်ပုံ- Billboard Music Awards

လာမယ့် မေလ ၁၈ ရက်နေ့မှာ ကျင်းပမယ့် အခန်းအနားမှာ ဂျေလိုဟာ သူ့ရဲ့ သီချင်း ၂ ပုဒ်ကိလည်း 
aဖျာ်ဖြေဖို့ရှိပြီး ပစ်ဘူးလ် ( Pitbull) နဲ့ ပါ တွဲဖက် ပြီး ကမ္ဘာဖလား သီချင်းကိုလည်း ပြန်လည် ဖော်ဖြေဖို့ ရှိသလို ဂျေလိုက သူ့ရဲ့ တကိုယ်တော် First Love ဆိုတဲ့ သီချင်းကို လည်း သီဆိုမယ်လို့ သိရပါတယ်။ 

“ဂျနီဖာ လိုပက်ဇ်ဟာ သူ့ မျိုးဆက်ရဲ့ တကယ့်ကို သင်္ကေတပြုရမယ့် အကောင်းဆုံး ဖျော်ဖြေရေးသမားတွေ ထဲ က တ ယောက် ပဲဖြစ်တယ်” လို့ Billboard Music Awards အဖွဲ့ ထုတ်လုပ်သူ လာရီ ကလိန်း ( Larry Klein ) က ကြေညာချက်မှာ မှတ်ချက်ပေးထားပါတယ်။ 


 အိမ့်သံစဉ် ~


 




 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved