ဘန်ကောက်နားက စမွတ်စခုံမှာ လက်နက်ခဲယမ်းတွေဖမ်းမိ

Thursday, May 22, 2014

ထိုင်း နိုင်ငံ ဘန်ကောက်မြို့ အနောက်တောင်ဘက် လော့ဘူရီနယ်၊ စမွတ်စခုံ အရပ်မှာ အခန်းတခုထဲက လက်နက်၊ ခဲယမ်းတွေနဲ့အတူ ရှပ်နီ အုပ်စု အဖွဲ့ဝင် ကတ် ပြား၊ လုံခြုံရေး ကတ်ပြားတွေကို ထိုင်းစစ်သား
တွေက မနေ့က ဖမ်းဆည်းသိမ်းမိလိုက်ပါတယ်။ 

အခန်းတခုထဲက သိမ်းမိတဲ့ လက်နက်တွေနဲ့ ရှပ်နီ ကတ်ပြားတွေ၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်

ရှပ်နီအုပ်စုဆိုတာက မစ္စယင်လတ်အစိုးရလက်ထက်က ထောက်ခံသူတွေဖြစ်ပါတယ်။ 

စမွတ်စခုံ Krathum Baen အရပ် Suan Luang လမ်းက အသက် ၄၄ နှစ်အရွယ်အမျိုးသမီးတဦးရဲ့ အခန်း တခု ထဲက သေနတ် နဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ခဲယမ်းတွေကို အစုလိုက် သိမ်းဆည်းထားတာကို အခုလိုစစ်သားတွေက ဖမ်းသွားခဲ့တာပါ။ သံသယရှိသူကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။


ဒီအပြင် အင်္ဂါနေ့ညက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက Nong Muang ခရိုင်က အိမ်တအိမ်မှာ ဝင်ရောက်ပြီး အသက် ၅၄ နှစ်အရွယ်ရှိတဲ့ ထိုင်း ရိမ်းဂျား စစ်သားဟောင်း Chawawat Thongpuak ကိုလည်း လက်နက် ခဲယမ်း တွေနဲ့အတူဖမ်း ဆီးခဲ့ပါတယ်။ 

 ထိုင်း ရိမ်းဂျား စစ်သားဟောင်းနဲ့ အတူ ဖမ်းမိတဲ့ ပစ္စည်းတွေ

အဲဒီ စစ်သားဟောင်းကလည်း ဒီပစ္စည်းတွေနဲ့ ဘန်ကောက်မှာ သုံးစွဲခဲ့တယ်လို့ ဝန်ခံခဲ့ပါ တယ်တဲ့။ 

ဒီအပြင် အဲဒီ ထိုင်းရိမ်းဂျားစစ်သားဟောင်းက သူ့ကို ဘန်ကောက်က အမျိုးသမီး ၂ ဦးက ငှားရမ်းစေခိုင်းခဲ့ တဲ့ အကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ ရဲအရာရှိကြီးက ပြောထားပါတယ်။ 

အခု သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေက မှန်ပြောင်းတပ်ထားတဲ့ AK 47 ၊ M 79 လောင်ချာ၊ စက်သေနတ် အတို၊ ပစ္စတို၊ အမ် ၇၉ ဗုံး သီး ၉ လုံး အပါအ၀င် ဗုံးသီး ၁၂ လုံး၊ ဖောက်ခွဲရေး ပစ္စည်းတွေ၊ နိုက်ထရိုဂျင် ပုလင်း ၁၂ဝ ၊ သေနတ် ကျည်ဆံ ၁၂ဝဝ၊ ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ကျည်ကာ အိင်္ကျီတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ 

ဘန်ကောက်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေဖြစ်နေတုန်း သေနတ်နဲ့ ပစ်ခတ်တာ၊ ဗုံးခွဲတာ၊ 
ဖောက်ခွဲတာတွေ ဆက် တိုက်ဖြစ်လာလို့ လူ သေကြေ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လာပြီး အခုလို စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာတာပဲဖြစ်ပါတယ်။ 

 အိမ့်သံစဉ် ~

 









 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved