ကဗျာ၊ ဂီတ၊ ရုပ်ရှင်သမားတို့ရဲ့ စင်္ကာပူဟောပြောပွဲ

Tuesday, May 13, 2014

~


  


စင်္ကာပူနိုင်ငံအခြေစိုက် အနုပညာချစ်မက်သူများ စုစည်းတည်ထောင်ထားတဲ့ ရသအလင်းဖောင်ဒေးရှင်းက တတိယအကြိမ်မြောက် ရန်ပုံငွေပွဲကို ဇွန်လ(၈)ရက်နေ့တွင် စင်္ကာပူနိုင်ငံမှာ ကျင်းပပါမယ်။

 ရသအလင်းဖောင်ဒေးရှင်းဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ၃နှစ်ပြည့်ပြီဖြစ်ပြီး  အဓိက ရည်ရွယ်ချက်မှာ မြန်မာပြည်တွင်းရှိ ကျန်းမာရေးအတွက် အရေးပေါ်ဆေးကုသဖို့ လိုအပ်နေသော  စာရေးဆရာ ကဗျာဆရာ အနုပညာရှင်များကို ထောက်ပံ့ပေးနိုင်ရန်နဲ့ ဂုဏ်ပြုထိုက်သူ ဆရာဆရာမကြီးများကို ဂုဏ်ပြုငွေများ ချီးမြှင့်ကန်တော့နိုင်ရန် ရည်ရွယ်ထားရှိခဲ့ပါသည်။
၎င်းအပြင် လူမှုရေး၊ ကျန်းမရေးနှင့် ပညာရေးအသင်းအဖွဲ့များသို့ လှူဒါန်းမှုများပြုလုပ်ခဲ့သလို ယ္ခုအခါ မြန်မာပြည်တွင်းမှာ လက်ရှိလည်ပတ်နေသော စာကြည့်တိုက်များကို ထောက်ပံ့လှူဒါန်းခြင်း အစီအစဉ်များ တိုးချဲ့ဆောင်ရွက်လျှက်ရှိသည်။

၎င်း( ၃)နှစ်တာကာလအတွင်း  လစဉ်ထည့်ဝင်ကြသော အသင်းဝင်များ၏ အလှူငွေများ ၊ ရန်ပုံငွေပွဲများမှရရှိသော အကျိုးအမြတ်များနှင့် စုစုပေါင်း ၁၃၁သိန်းတိတိ လှူဒါန်းထားနိုင်ခဲ့ပြီဟု သိရသည်။

ရအလင်းက မတူညီတဲ့ အနုပညာရသတွေကို ပေးနိုင်ဖို့အတွက် ထူးထူးခြားခြားဖြစ်အောင် ပွဲလေးတွေကို ကြိုးစား စီစဉ်ခဲ့ကြတဲ့အလျောက်

ယ္ခု တတိယအကြိမ် ရန်ပုံငွေပွဲမှာ

၁) သုခမိန်လှိုင်
၂)  အကယ်ဒမီဆွေဇင်ထိုက်
၃) မန္တလေးသိန်းဇော်
၎) အရိုး

တို့ကို ဖိတ်ကြားပြီး Facets of Art လို့ အမည်ပေးထားသော အနုပညာဟောပြောပွဲကို ဇွန်လ ၈ ရက်နေ့   Singapore Polytechnic ရှိ Convention Center မှာ ကျင်းပပါမယ်။

လက်မှတ်နှုန်းထားတွေကို  S$20 - S$15 သတ်မှတ်ထားပြီး ထိုင်ခုံများကို  http://art.somee.com/SeatPlan.aspx  မှာ ဝင်ရောက် ရွေးချယ်နိုင်ကြပါပြီ။

ရသအလင်းဖောင်ဒေးရှင်းရဲ့ လူမှုရေး လုပ်ငန်းတွေကို  ထောက်ပံ့ ကူညီ လှူဒါန်းပေးရင်း မတူညီသော အနုပညာမျက်နှာစာများကို ရင်ခုန်စီးမျောနိုင်ကြပါပြီ။




.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved