တရုတ်-မြန်မာနယ်စပ်မှာ အင်အား ၅.၉ မြေငလျင်လှုပ်ခတ်

Friday, May 30, 2014

တရုတ်-မြန်မာနယ်စပ် မှာ ဒီကနေ့ သောကြနေ့ မနက်မှာ အင်အား ၅.၉ ပြင်းအား ငလျင်တခု လှုပ်ခတ် သွား ပါတယ်။ 


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပန်ယွမ်မြို့ မြောက်ဘက် ၁၈ မိုင်အကွာ ( ၂၇ ကီလိုမီတာ) နေရာကို ဗဟိုပြု ပြီး မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် အခြေစိုက် မြေငလျင်တိုင်းတာ
ရေး ဌာန USGS က ပြောထားပါတယ်။ 

လွန်ခဲ့တဲ့ သတင်းတပတ် စနေနေ့ကလည်း တရုတ်-မြန်မာနယ်စပ်မှာ မြေငလျင် တခု လှုပ်ခတ်ခဲ့ပြီး 
နောက် ဆက်တွဲ မြေငလျင်ငယ်တွေလည်း ဆက်တိုက်လှုပ်ခတ်ခဲ့ပါသေးတယ်။ အဲဒီတုန်းက လူသေဆုံးမှု တချို့လည်း ရှိခဲ့ပါတယ်။ 

ဒီကနေ့ လှုပ်ခတ်တဲ့ မြေငလျင်နဲ့ပတ်သက်ပြီး ထိခိုက်၊ ပျက်ဆီးမှု ဘယ်လိုရှိတယ်ဆိုတာ မသိရသေးပါဘူး။ 



အိမ့်သံစဉ် ~ 











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved