အငြိမ့်မင်းသမီး နန်းခင်ဇေယျာ နဲ့ ခင်ဝင့်ဝါ

Tuesday, May 6, 2014

~

 





    အငြိမ့်နာမည်တွေကို မြန်မာဘာသာနဲ့ မှည့်ခေါ်ကြပေမယ့် အခုတော့ အင်္ဂလိပ်အမည်နဲ့ အငြိမ့်တခု ပေါ်လာပါပြီ။
အဲဒါကတော့ Miss Myanmar Internet ဆိုတဲ့ အငြိမ့်ပါပဲ။
အငြိမ့်မင်းသမီးတွေက နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့ ဖြစ်ပါတယ်။

အင်တာနက်မှာ မဲထည့် အားပေးမှု အကြီးအကျယ် ရရှိတဲ့အတွက် Miss  Internet ဆု ဆွတ်ခူးခဲ့သူတွေပါ။
ဒါကြောင့် အငြိမ့်နာမည်ကို အဲသလို မှည့်ခေါ်လိုက်ပုံရပါတယ်။


ဒါဟာ နိုင်ငံကျော် အလှမယ်တွေ ပထမဆုံးအကြိမ် အငြိမ့်ကခြင်း ဖြစ်ပါလိမ့်မယ်။

အဆိုတော်တွေ သရုပ်ဆောင်တွေ အငြိမ့်စင်ပေါ်တက်တာတွေ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။
အခုတော့ အလှမယ်တွေ အငြိမ့်စင်ပေါ်တက်တဲ့အလှည့် ကျရောက်လာပါပြီ။

အငြိမ့်ခွင်ပြက်လုံးထုတ်ဖို့အတွက် ကျော်ထူးနှင့် လူရွှင်တော်အများအပြား ပါဝင်မှာပါ။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ပြည်သူ့ဥယျာဉ်မှာ  ဇွန်လ ၁ ရက်နေ့ ည ကပြကြပါမယ်။
အဲဒီနေ့က တနင်္ဂနွေနေ့ပါ။

အငြိမ့်ကို အခမဲ့ ကြည့်ရှုနိုင်မှာဖြစ်ပေမယ့်  ပြည်သူ့ရင်ပြင် ပြည်သူ့ဥယျာဉ် ၀င်ကြေး ၂၀၀ ပေးရပါမယ်။

အခုဆိုရင်  နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါတို့ အကသင် အကတိုက်နေကြပြီလို့ ယူဆရပါတယ်။


http://blog.irrawaddy.org/2012/12/blog-post_3.html
 

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved