ကိုဥက္ကာကျော်ရဲ့ ကြေးမုံသတင်းစာကြေညာချက် အမှားပြင်ဆင်မယ်

Sunday, May 4, 2014

သရုပ်ဆောင် ဆုပန်ထွာရဲ့ ခင်ပွန်းလောင်း ကိုဥက္ကာကျော်ရဲ့ မေလ ၂ ရက်နေ့ ကြေးမုံသတင်းစာပါ ဖော်ပြ ချက် မှာ မှားယွင်းဖော်ပြမှု တချို့ ရှိခဲ့တဲ့ အတွက် အမှားပြင်ဆင်ချက် ထပ်မံ ဖြည့်စွက်သွားမှာဖြစ်တယ်လို့ ကိုဥက္ကာကျော်က ဖေ့စ်ဘုတ်ကနေ တဆင့် အသိပေးထားပါတယ်။ 

 ကိုဥက္ကာကျော်နဲ့ ဆုပန်ထွာတို့ရဲ့ စေ့စပ်ကြောင်းတဲ့နေက အမှတ်တရ၊ ဓာတ်ပုံ- ကိုဥက္ကာကျော်

 နိုင်ငံပိုင်သတင်းစာတွေမှာ ကျွန်တော့ရဲ့အတိအလင်းကြေငြာချက်ဖြစ်ပါတယ်။ 
 (၁၈-၁၂-၂၀၁၂) အစား (၁၈-၁၂-၂၀၀၂) နှင့် (၁၁-၄-၂၀၁၄) အစား (၁၁-၄-၂၀၁၃) ဟုပြင်ဆင်ဖတ်ရှူပေးပါရန်... 
သတင်းစာတွေ ထဲမှာ အမှားပြင်ဆင်ချက်အနေဖြင့် ပြန်လည်ပြင်ဆင်ပေးမှာဖြစ်ပါတယ် ခင်ဗျာ။ 


ကိုဥက္ကာကျော်ရဲ့ တရားဝင်ကွာရှင်းရခြင်း မရှိတဲ့ ဇနီးဖြစ်သူဆိုတဲ့ ဒေါ်မဉ္စူအောင်က သတင်းစာမှာ ဆုပန်ထွာ နဲ့ ကိုဥက္ကာကျော်တို့ စေ့စပ်ကြောင်းလမ်းကို ကန့်ကွက်ခဲ့ပါတယ်။ အဲဒီနောက် ဆုပန်ထွာက တုံ့ပြန်ခဲ့ပါသေးတယ်။ ဒီအရင်ကလည်း ကိုဥက္ကာကျော်က ပထမ ရှင်းလင်းချက်ကို သူ့ဖေ့စ်ဘွတ် မှာ ဖော်ပြ ခဲ့ဖူးပါတယ်။





အိမ့်သံစဉ် ~ 








 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved