ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ
'' ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစဉ်ခါတုံးက တိုင်းပြည်ရဲ့ထိပ်တန်း ပုဂ္ဂိုလ်တွေပါတယ်လို့ ပြောကြပါ တယ်။ ဘယ်လိုလူ တွေပါသလဲ။ ပြည်သူလူထုကို ကိုယ့်အသွေးအသားလို့ သဘောထားရမယ့် အစား
ပြည်သူ လူထုက တစုံတရာလိုချင်လို့ ငြိမ်းချမ်းစွာပြောတော့မယ်ဆိုတာနဲ့ အကြမ်းဖက်နှိမ်နင်း တဲ့နေရာမှာ ထိပ်တန်းကျတဲ့ ပုဂ္ဂိုလ်တွေလား။ ပြည်သူတွေပိုင်တဲ့ ၊ နောက်မမွေးသေးတဲ့ ကလေးတွေပါ ပိုင်တဲ့
ပြည်ထောင်စု ကြီးရဲ့ သယံဇာတတွေကို ကြောက်လို့ပဲဖြစ်ဖြစ်၊ အခွင့်အရေးအ တွက်ပဲဖြစ်ဖြစ် လက်ညှိုး ထိုးပြီး ဈေးပေါပေါနဲ့ ရောင်းစားခဲ့တဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေလား။'' ဟု ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဗိုလ်စိန်မှန်ကွင်း တွင်ပြုလုပ်သည့် ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုဟောပြောပွဲ တွင်ပြောခဲ့သည်။
ဒေါ်အောင်ဆန်စုကြည်တို. NLD ကတော. တကယ်ပါ ၊ သူအိမ်ရှေ. ဆန္ဒလာပြတော. ၊ မလုပ်ပါနဲ. ရုံးကိုစာလာတင်ပါတဲ. ၊ နောက်ကွယ်မှာကြတော. လမ်းထွက်ပြကြဖို. မြှောက်ပင်.ပေးနေတယ် ၊ ဒီတခါ မြေယာသိမ်းခံထားရတဲ.ပြည်သူတွေကို ( ၈၈ ) ရုံးရှေ. ဆန္ဒပြခိုင်းကြည်.ရမယ် ၊ သူတို.ကောဘာပြောမလည်းသိချင်လို.ပါ ၊ ကိုယ်ဆီကြတော.အလာမခံဘူး ၊ လမ်ဘေးမှာကြတော. တနေကုန်ပြကြပါ ၊မရမခြင်းပြကြပါဆိုပြီးမြှောက်ပေးတယ် ၊ တော်တော် ပြည်သူတွေကိုချစ်ကြတာဘဲနော် ၊ နိင်ငံရေးသမားစစ်စစ်တွေပါ ။