~
.
အင်္ဂါနေ့က ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ကဆုန်ညောင်ရေသွန်းပွဲတော်ကို ပြည်မြို့မှာလည်း ကျင်းပခဲ့ပါတယ်။
အခု တွေ့ရတာတွေကတော့ ပြည်မြို့က အထင်ကရ ရွှေဆံတော်ဘုရားရဲ့ ကဆုန်လပြည့်နေ့ မြင်ကွင်းတွေပါပဲ။
ရပ်ဝေးမှလာရောက်ပြီး ညောင်ရေသွန်းလောင်းလိုသူများအတွက်လည်း ရေလှူမဏ္ဍပ်ဖွင့်လှစ်ထားပါတယ်။
ရပ်ကွက်ကျေးရွာအလိုက် ညောင်ရေအိုးတွေ သယ်ယူကြ၊ အိုးစည် ဗုံမောင်း အကတွေနဲ့ ရောက်လာကြတာ တွေ့ရပါတယ်။
(ဓာတ်ပုံများ - ကောင်းမြတ်မင်း / ဧရာဝတီ)

0 comments :
Post a Comment